Nissan က ဘက်ထရီလုပ်ငန်းကို တရုတ် Envision Group ထံ ရောင်းရန် သဘောတူ


Nissan က ဘက်ထရီလုပ်ငန်းကို တရုတ် Envision Group ထံ ရောင်းရန် သဘောတူ


Nissan Motor က ၎င်းရဲ့ လျှပ်စစ်ကားဘက်ထရီလုပ်ငန်းပိုင်းဖြစ်တဲ့ Automotive Energy Supply Corp (AESC) အား တရုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Envision Group သို့  ရောင်းချရန် သဘောတူညီခဲ့ကြောင်း ၂၀၂၂ ဇွန်လ ၄ ရက် သောကြာနေ့တွင် ပြောကြားပါတယ်။ တန်ဖိူပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုပါဘူး။
အဆိုပါ ဘက်ထရီလုပ်ငန်းပိုင်းကို  GSR Capital သို့ ဒေါ်လာ ၁ ဘီလျံဖြင့် ရောင်းချရန် သဘောတူထားတာကို  ပြီးခဲ့သည့်လက  ဖျက်သိမ်းခဲ့ပါတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ GSR Capitalသည် ဝယ်ယူရန် ရန်ပုံငွေ မရှိဟု ပြောကြားခဲ့ပြီးနောက် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

အရောင်းအဝယ်မှာ အကျုံးဝင်တဲ့ အင်္ဂလန်မှ စက်ရုံ တစ်ရုံနှင့် အမေရိကန်နိုင်ငံ တင်နက်ဆီမှ စက်ရုံတစ်ရုံတို့မှ ဝန်ထမ်းများကို ဆက်လက်အလုပ်ခန့်ထားမယ်လို့ Nissan ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Nissan က လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးကိုပဲ စူးစိုက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

Automotive Energy Supply Corp (AESC) မှာ NEC Corp က အစုရှယ်ယာ ၄၂% နှင့် ၎င်းရဲ့ လက်အောက်ခံ လုပ်ငန်း NEC Energy Devices က ၇% ပိုင်ဆိုင်ပါတယ်။
NEC Corp က အရောင်းအဝယ်ကို သဘောတူကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ NEC Corp နှင့် NEC Energy Devices တို့ရဲ့ ရှယ်ယာများ အားလုံးကို Envision Group သို့  ရောင်းချလိုက်ပါတယ်။

Envision နှင့် အရောင်းအဝယ် သဘောတူညီချက်အရ Nissan က ဘက်ထရီလုပ်ငန်းပိုင်းမှာ ရှယ်ယာ ၂၅% ကို ဆက်လက်ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။
#MyanmarAutomobileGuide

Read 519 times