Nissan က ထိုင်းနိုင်ငံတွင် မော်ဒယ်လ် ၃ မျိုး ထုတ်လုပ်မှု အဆုံးသတ်


Nissan သည်ထိုင်းနိုင်ငံတွင် Sylphy, Teana နှင့် X-Trail မော်ဒယ်များ ထုတ်လုပ်ခြင်းကိုအဆုံးသတ်ပြီဖြစ်ကြောင်း Nissan Motor (Thailand) Co က သြဂုတ်လ ၃၁ ရက်တွင် တစ်နိုင်ငံလုံးရှိ အရောင်းကိုယ်စားလှယ်များထံ အသိပေးအကြောင်းကြားစာ ပေးပို့သည်။

 

ချမှတ်ထားပြီးဖြစ်သာ အရောင်းအ၀ယ် အစီအစဉ်များအရ စက်တင်ဘာ ၁ ရက်တွင် ယင်းမော်ဒယ် ၃ မျိုး ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများ အဆုံးသတ်သွားမည်ဟု ကြေငြာခဲ့သည်။

 

ကုမ္ပဏီသည် အရွယ်အစားငယ်သည့်ကားများ၊ ဘက်စုံသုံးယာဉ်ငယ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် လျှပ်စစ်ကားများကို အသားပေးလုပ်ကိုင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

လက်ရှိ လက်ထဲတွင် ရှိနေသော Sylphy, Teana နှင့် X-Trail မော်ဒယ် ကားများ ရောင်းချပြီး၍ ကုန်သွားသောအခါ ကားအရောင်းကိုယ်စားလှယ်တို့သည် ယင်းမော်ဒယ်သုံးမျိုးအတွက် အရောင်းမြှင့်တင်ခြင်း ပစ္စည်းများ၊ ကြော်ငြာများကို ဖျက်သိမ်းကြရန်လည်း ညွှန်ကြားထားသည်။

 

မော်ဒယ်သုံးမျိုး ထုတ်လုပ်မှု လုံးဝအဆုံးသတ်လိုက်ပြီ ဖြစ်သော်လည်း ကားပိုင်ရှင်များအတွက် လိုအပ်မည့် ယာဉ်အပိုပစ္စည်းများကို ဆက်လက် ထုတ်လုပ်ပေးနေဦးမည်ဖြစ်ရာ ထို့အတွက် စိုးရိမ်ပူပန်ရန် မလိုကြောင်းလည်း ဖော်ပြထားသည်။

 

Teana သည် အရွယ်အလယ်အလတ်စား ဆီဒင်ကားဖြစ်ပြီး 2.0 litres အင်ဂျင် သုံးထားသည်။


X-Trail SUV( sports utility vehicle) ဖြစ်ပြီး 2.0 litres အင်ဂျင် သုံးထားသည်။


Sylphy အရွယ်ငယ်သည့်ကားဖြစ်ပြီး 1.6-litre အင်ဂျင် သုံးထားသည်။

 

By Myanmar Automobile Guide

Source: Bangkok Post

Read 8319 times