နီဆန်း အီးဗီ ၃ မျိုး ထုတ်လုပ်မည်ဟု အတည်ပြုပြောကြား


နီဆန်း အီးဗီ ၃ မျိုး ထုတ်လုပ်မည်ဟု အတည်ပြုပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

နီးဆန်းက အီးဗီ ၃ မျိုး ထုတ်လုပ်မည်ဟု တရားဝင် အတည်ပြု ပြောကြားခဲ့သည်။ 

● Qashqai  အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသည့် ကားမော်ဒယ်များတွင် အီးဗီ ဗားရှင်း ပါလာမည်။ Qashqai ကို အမေရိကန်ဈေးကွက်တွင် Rogue Sport အမည်ဖြင့် ဈေးကွက်တင်ပါသည်။
●  Juke အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသည့် ကားမော်ဒယ်များတွင်လည်း အီးဗီ ဗားရှင်း ပါလာမည်။ အမေရိကန်တွင် Juke  ကို ၂၀၁၈ မှ စ၍ ဆက်လက်ရောင်းချခြင်း မပြုတော့သော်လည်း အခြားနိုင်ငံများတွင် ဆက်လက် ထုတ်လုပ်ရောင်းချပါသည်။ 
●  Nissan Leaf EV အမှတ်တံဆိပ်ကို နိဂုံးချုပ် ရုပ်သိမ်းတော့မည် ဖြစ်သဖြင့် အစားထိုးရန် အီးဗီမော်ဒယ် ထုတ်လုပ်မည်။

အဆိုပါ အီးဗီ အုပ်စု ၃ ခုစလုံးတွင် စိတ်ကူးပုံဖော်အဆင့် ရောက်ရှိနေပြီဖြစ်သည့် Hyper Urban, Hyper Punk,  Chill Out ဗားရှင်း ၃ မျိုးအပေါ် အခြေခံပြီး ထုတ်လုပ်သည့် မော်ဒယ်များ ပါဝင်မည် ဖြစ်သည်။ 

 

 

Hyper Urban

 

 

Hyper Punk

 


Chill Out

Chill Out သည် အရွယ်အစား အငယ်ဆုံး ဖြစ်ပြီး Leaf EV မူအသစ် ဖြစ်လာမည်။ 
Hyper Urban သည် အရွယ်အစား အကြီးမားဆုံး ဖြစ်ပြီး Qashqai EV  ထုတ်လုပ်ရန် အခြေခံ ဖြစ်သည်။ 

Hyper Punk သည် အရွယ်အစား ကျစ်လစ်သည့် ခရော့အိုဗာ compact crossover ဖြစ်ပြီး Juke EV  အတွက် အခြေခံ ဖြစ်သည်။


Source electreck

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1294 times