Carry Truck ကားလေးများနေရာသို့ အစားထိုးဝင်ရောက်လာသော ကားတစ်စီးဖြစ်သည့် Nissan Clipper Rio 2010


ထိုကားအမျိုးအစားကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁ဝ စုနှစ် တစ်ခုကျော်ကြာ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ထုတ်လုပ်မှု အဆုံးသတ်ခဲ့ပါသည်။

မြန်မာပြည်ကားဈေးကွက်မှာ Pick-Up ကားများနေရာကို Carry Truck ကားလေးများ အစားထိုးဝင်ရောက်လာပြီးနောက်ပိုင်း ထိုကားလေးများနှင့် အမျိုးအစားတူသည့် Mini Van များလည်း အသုံးပြုမှုများလာပြီ ဖြစ်ပါသည်။

Clipper Rio ကို အင်ဂျင်ပါဝါ ၆၅၇ စီစီနှင့် ထုတ်လုပ်ထားပြီး အော်တိုဂီယာ ၄ ချက်ကို   2WD၊4WD အင်ဂျင်နှစ်မျိုးနှင့် ထုတ်လုပ်ထားပါသည်။

Clipper Rio ၏ အင်ဂျင်မိုဒယ်က 3G83 ဖြစ်ပြီး ထိုကားနှင့် ရုပ်ဆင်သည့် Mitsubishi Town Box နှင့် အင်ဂျင်ချင်းတူပါသည်။

တံခါး ၅ ချပ်ဖြစ်ပြီး ရှေ့တံခါး ၂ ချပ်က မှန်အတင်အချပါဝါဖြစ်ပြီး နောက်ဆွဲတံခါး ၂ ချပ်ကတော့ မှန်အတင်အချက လက်လှည့်ဖြစ်သွားပါသည်။

UV Filter ပါဝင်သည့် အတွက် မှန်ကာလာ ပါရှိပါသည်။

Clipper Rio ၂ဝ၁ဝ-၂ဝ၁၁ မိုဒယ်မှာ E၊G ၊E Four ၊G Four ၊E Aero Version၊ G Aero Version ၊E Four Aero Version ၊G Four Aero Version စသည့် ဂရိတ်များရှိပြီး Aero Version ဂရိတ်များက ရှေ့ Spoiler နှင့် နှင်းခွဲမီးပါသွားသည့်အတွက် ရုပ်မသိမသာလေး ပြောင်းသွားပါသည်။

E ဂရိတ်မှာ ထိုင်ခုံအရောင်က မိတ်ကပ်ရောင်ဖြစ်ပြီး ကျန်ဂရိတ်များကတော့ အနက်ရောင်ဖြစ်သွားပါသည်။

၂ဝ၁ဝ မိုဒယ်၏ ဂရိတ်အားလုံးမှာ နောက်ထိုင်ခုံလက်တင်ပါသွားပါသည်။

Nissan Clipper Rio ၏ဈေးက Daihatsu ၊Suzuki Mini Van များ၏ အောက်တွင်ရှိပြီး ၂ဝ၁ဝ မိုဒယ်ဆိုရင် Aero Version များက သိန်း ၁၃ဝ ဝန်းကျင်ရှိပြီး ရိုးရိုးဂရိတ်များမှာ ကျပ်သိန်း ၁၂ဝ ဝန်းကျင်ရှိပါသည်။

 

Read 947 times