ဂျပန်မှာပဲ ကားပြန်ထုတ်တော့မယ့် Nissan


ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nissan အနေနဲ့ ဗြိတိန်နိုင်ငံမှာ ကားထုတ်လုပ်မှုကိုရပ်ဆိုင်းပြီး ဂျပန်ပြည်တွင်းမှာပဲကားထုတ်လုပ်တော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြ ထားခဲ့ပါတယ်။

Nissan အနေနဲ့ လွန်ခဲ့တဲ့ ၂၉နှစ်တာကာလဖြစ်တဲ့ ၁၉၈၆ခုနှစ်ကတည်းက Sunderland မှာ အလုပ်သမားဦးရေ ၇,၀၀၀ နီးပါးနဲ့လည်ပတ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။အစောပိုင်းအချိန်ဖြစ်တဲ့ ၂၀၁၆ခုနှစ်မှာတုန်းကတော့ Nissan အနေနဲ့ ဗြိတိန်နိုင်ငံရဲ့ Sunderland မှာ လူကြိုက်များ SUV အမျိုးအစားဖြစ်တဲ့Nissan X-Trail တွေကို ထုတ်လုပ်ဖို့လျာထားခဲ့တာ လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်အနေနဲ့ဥရောပသမဂ္ဂနိုင်ငံများကနေ နှုတ်ထွက်ဖို့သတင်းတွေထွက်လာပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ပြီး ဂျပနနိုင်ငံမှာပဲပြန်လည် ထုတ်လုပ်ဖို့ပြင်ဆင် လာခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက ပြောင်းလဲလာခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုစံနှုန်းသတ်မှတ် ချက်ကဗြိတိန်နိုင်ငံအပါအဝင်ဥရောပနိုင်ငံတော်များများမှာ စတင်ကျင့်သုံးလာခဲ့ပြီး ဓာတ်ဆီရော၊ ဒီဇယ်ကား ၂မျိုးစလုံးကိုပါ ရိုက်ခတ်မှုရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗြိတိန်တစ်နိုင်ငံတည်းအတွက်ကို ဒီဇယ် ကားရောင်းချရမှုက ၃၀ရာခိုင်နှုန်းလောက် ကျဆင်းသွားစေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်အခြားသော ကားထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Jaguar Land Rover နဲ့ Ford တို့ရဲ့စက်ရုံပိတ်သိမ်း မှုတွေကြောင့်လည်း အလုပ်သမားတော်တော်များများကို အလုပ်လက်မဲ့နဲ့တွေကြုံစေခဲ့ပါတယ်။ နောက်ဆက်တွဲ သတင်းများအရ ကမ္ဘာ့အကြီးမားဆုံးကားဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ကားရောင်းအားကျဆင်းနေပြီး ကားထုတ်လုပ်မှုလုပ်ငန်းအတွက် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ သိရပါတယ်။

Automobile Directory 

Ref;BBC

Read 3780 times