Nissan က စိမ်းလန်းသတ္တုများဖြင့် ကားထုတ်လုပ်မည် 


Nissan က စိမ်းလန်းသတ္တုများဖြင့် ကားထုတ်လုပ်မည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Nissan Motor သည် ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် ပြည်တွင်းကားအမှတ်တံဆိပ်များတွင် Kobe Steel မှ ပံ့ပိုးပေးသော "စိမ်းလန်း” သံမဏိနှင့် အလူမီနီယံကို အသုံးပြုမည်ဖြစ်ကြောင်း Nissan Motor နှင့် Kobe Steel တို့က တနင်္လာနေ့ (ဒီဇင်ဘာ ၂၈)တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျပန်စတီးထုတ်လုပ်သူ Kobe Steel မှ မေလတွင် စတင်ထုတ်လုပ်သည့် စတီးထုတ်ကုန်ဖြစ်သော Kobenable Premier ကို Nissan က အသုံးပြုရန် စီစဉ်နေသည်။
Kobenable Premier ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ကာဘွန်ဒိုင်အောက်ဆိုဒ်  CO2 ဓာတ်ငွေ့ထုတ်လွှတ်ခြင်း မရှိချေ။
Kobenable Premier ကို ဂျပန်ကားစက်ရုံမှ ထုတ်လုပ်မည့် Serena မီနီဗင်များတွင် စတင်အသုံးပြုမည်ဖြစ်ပြီး ၂၀၂၃ နွေဦးတွင် စတင်ရောင်းချမည် ဖြစ်သည်။ 
 Kobe Steel က စိမ်းလန်းသတ္တု green metal များ စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်းကို ၂၀၂၂ ဇွန်လတွင် စတင်ခဲ့သည်။ 
Toyota Motor က ကားပြိုင်ပွဲအတွက် ပြိုင်ကားတစ်စီးကို စိမ်းလန်းသတ္တုများဖြင့် ထုတ်လုပ်ခဲ့သည်။
ကားအမြောက်အမြား ထုတ်လုပ်ခြင်းကို စိမ်းလန်းသတ္တုများဖြင့် Nissan Motor သည် အဦးဆုံး ထုတ်လုပ်သူ ဖြစ်လာမည် ဖြစ်သည်။

Kobe Steel က အရည်ကျိုခြင်းလုပ်ငန်းစဉ်တွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပြုလုပ်ထားသော အလူမီနီယံပြားများကိုလည်း Nissan ထံ ပေးသွင်းမည် ဖြစ်သည်။
ဂျပန်ဈေးကွက်တွင် Nissan ရောင်းချသည့် Ariya နှင့် X-Trail SUV အပါအဝင် အဓိကမော်ဒယ်များတွင် စိမ်းလန်းသတ္တုများ သုံးစွဲနိုင်ရန် ၎င်းကုမ္ပဏီ နှစ်ခု ပူးပေါင်းဆောင်ရွက်နေကြသည်။ Nissan နှင့် Kobe Steel တို့သည် ကားများ၏ သတ္တုအစိတ်အပိုင်း မည်မျှကို အစိမ်းရောင်များဖြင့် အစားထိုးနိုင်မည် ဆိုသည်ကို အဖြေရှာကြမည်ဖြစ်သည်။

ယေဘုယျအားဖြင့် Nissan ကားမော်ဒယ်များတွင် ယာဉ်အလေးချိန်တွင် ၆၀% သည် စတီး အစိတ်အပိုင်း အလေးချိန်ဖြစ်ပြီး အလူမီနီယမ် အလေးချိန် ၁၀% ပါဝင်သည်။

Nissan သည် ၎င်း၏ မော်တော်ယာဥ်များ၏ ဘဝစက်ဝန်း ဓာတ်ငွေ့ထုတ်လွှတ်မှုအတွက် ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထပ်တိုးထုတ်လုပ်ခြင်း ကင်းမဲ့ရန် ရည်မှန်းထားသည်။
မော်တော်ယာဉ် ဘဝစက်ဝန်းတွင် ကားအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ကားထုတ်လုပ်ခြင်း၊ ကားသုံးစွဲခြင်း၊ ကားစွန့်ပစ်ခြင်းနှင့် အရည်ကြိုခြင်း အစရှိသည့် အဆင့်အားလုံး အကျုံးဝင်သည်။

လက်ရှိတွင် ကားတစ်စီး၏ ကာဘွန်ထုတ်လွှတ်မှု စုစုပေါင်းပမာဏတွင် ၈၈% သည် ကားသုံးစွဲခြင်း အဆင့်တွင် ထုတ်လွှတ်ခြင်း ဖြစ်သည်။
ကားအစိတ်အပိုင်းများ ထုတ်လုပ်ပေးသွင်းသည့် အပိုင်းတွင် ၈% ထုတ်လွှတ်သည်။

 ယေဘုယျအားဖြင့် စိမ်းလန်းသတ္တု Green metal များသည် သမရိုးကျနည်းလမ်းများကို အသုံးပြု၍ ထုတ်လုပ်သည့် သတ္တုများထက် ပိုမိုစျေးကြီးသည်။ စိမ်းလန်းသတ္တုကို ထုတ်လုပ်ရန် ပိုမိုကောင်းမွန်သော နည်းပညာများ လိုအပ်သောကြောင့် ကုန်ကျစရိတ် ပိုများပါသည်။
Source FMT
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1026 times