Taxi နဲ့ အိမ်စီး ၂ မျိုးစလုံးအသုံးပြုရန် သင့်တော်သည့် Nissan AD Van


Vanအမျိုးအစားဖြစ်သည့်အတွက် AD Vanလို့ တွဲခေါ်ကြသော်လည်း တကယ့် မော်ဒယ်၏ နာမည်အရင်းမှာ AD ပဲဖြစ်ပါသည်။
Nissan AD Van ဘယ်လို ဖြစ်တည်လာသလဲဆိုတာ အားလုံး စိတ်ဝင်စားကြမှာဖြစ်ပါသည်။

အာရှနှင့် တချို့ကားဈေးကွက်များတွင်သာ Vanဟုခေါ်ပြီး ဥရောပမှာတော့ Station Wagon ဟုခေါ်ကြပါသည်။
၁၉၈၂ခုနှစ်ကတည်းက စတင် ထုတ်လုပ်လာခဲ့သောကြောင့် Nissan Wingroad ဆိုပြီးတော့လည်း နာမည်ကွဲနဲ့ ရောင်းချသေးတာ တွေ့နိုင်ပါသည်။
AD နှင့် Wingroadဟာ အမျိုးအစားတူ နာမည်ကွဲ မော်ဒယ်များဖြစ်ပါသည်။


မော်ဒယ်၏ ပထမမျိုးဆက်ကို VB11လို့ သတ်မှတ်ပြီး သူက ၁၉၈၂ခုနှစ်ကနေ ၁၉၉၀ပြည့်နှစ်ထိအောင် ထုတ်လုပ်ခဲ့ပါသည်။
ဂျပန်မှာပဲ တပ်ဆင်ထုတ်လုပ်တာ တွေ့ရပြီး၁ ဒသမ ၂လီတာသုံး၊ ၁ လီတာသုံးနှင့်၁ ဒသမ ၇လီတာသုံး အင်ဂျင်များ တပ်ဆင်ထုတ်လုပ်ခဲ့ပါသည်။

အိမ်စီး မော်ဒယ်မျိုး မဟုတ်ဘဲ လုပ်ငန်းသုံးအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Sunny Van များအနားပေးလိုက်ချိန်တွင် အစားထိုး ထုတ်လုပ်လာတာမျိုးလည်း ဖြစ်ပါသည်။
မော်ဒယ်၏ဒုတိယမျိုးဆက်ကိုတော့ Y10/N14လို့ သတ်မှတ်ပြီး သူက ၁၉၉၀ခုနှစ် အောက်တိုဘာမှာ ဈေးကွက် စဝင်လာခဲ့ပါသည်။

 ဥရောပဈေးကွက်မှာ Sunny Wagonအနေနဲ့၊ နယူးဇီလန်မှာ Sentra Wagonအနေနဲ့၊ထိုင်ဝမ်၊ ထိုင်းနဲ့ မလေးရှားမှာ AD Resortအနေနဲ့၊ ဂျပန်မှာ Wingroadအနေနဲ့၊မက္ကဆီကိုမှာ Tusbameအနေနဲ့၊ နောက်ပိုင်းထိုင်ဝမ်မှာ NRVနဲ့ ထိုင်းမှာ NV Pick-up အမည်တွေ အဖြစ် လူသိများပါသည်။

ဂျပန်မှာပဲ ဆက်လက် ထုတ်လုပ်ခဲ့ပြီး အင်ဂျင်စနစ် ၆မျိုးထိအောင် တိုးမြှင့်ထုတ်လုပ်လာခဲ့ပါသည်။

မော်ဒယ်၏ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ လက်ရှိ မျိုးဆက်ကိုတော့ ၂၀၀၆ခုနှစ်ကနေ စတင် ထုတ်လုပ်နေခြင်း ဖြစ်ပြီး Y12အဖြစ် သတ်မှတ်ပါသည်။
Mazda Familia vanအနေနဲ့ရောMitsubishi Lancer Cargoအနေနဲ့လည်း တချို့ဈေးကွက်တွေမှာ ခေါ်ကြပါသည်။

ထိုင်းနှင့် ဂျပန်မှာ ထုတ်လုပ်တာ တွေ့ရပြီး တံခါးငါးပေါက်စနစ် Wagonအနေနဲ့ ထုတ်လုပ်နေတာပါ။

Note, Tiida, Livina မော်ဒယ်တွေနဲ့ တည်ဆောက်ပုံချင်း ဆင်တူတာ တွေ့နိုင်ပြီးအင်ဂျင်စနစ်ကတော့၁ လီတာသုံး၊၁ ဒသမ ၅လီတာသုံး၊၁ ဒသမ ၆လီတာသုံးနဲ့ ၁ ဒသမ ၈လီတာသုံး လေးမျိုးရှိပါသည်။
ဂီယာပိုင်းမှာတော့ Manualဆိုရင် ၅ချက်နဲ့ ထုတ်လုပ်ပြီးAutoဆိုရင် ၄ချက်နဲ့ လာပါသည်။
Renault-Nissanပေါင်းစည်းမှု နည်းပညာဖြစ်တဲ့ B-Platformကို သုံးပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ရှေ့ထွက် မော်ဒယ်များနှင့် တည်ဆောက်ပုံချင်းရော အင်ဂျင်စနစ်များပါ လုံး၀ ကွဲပြားသွားပြီး နာမည်သာ ကျန်နေခဲ့ခြင်း ဖြစ်ပါသည်။

 လက်ရှိမှာတော့ ADဟာ ပြည်တွင်း ဈေးကွက် အနေအထားမှာ လူစီးအများဆုံး Nissanရဲ့ မော်ဒယ် အနေနဲ့ ရပ်တည်နေနိုင်သလို Toyota Probox ပြီးရင် လူကြိုက် အများဆုံး တန်ကြေးနည်း မော်ဒယ် အဖြစ် ရှိနေတာ တွေ့ရပါတယ်။

Read 7799 times