Nio က ဥရောပဈေးကွက်မှာ စတင်မောင်းနှင်


တရုတ်နိုင်ငံမှ လျှပ်စစ်ကား လုပ်ငန်းသစ် Nio က လာမယ့်နှစ်မှာ ဥရောပ ၅ နိုင်ငံသို့ ကားတင်သွင်း ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
မကြာမတင်က နော်ဝေးမှာ အရောင်းပြခန်းတသ်ခုကို Nio က ဖွင့်လှစ်ခဲ့ပြီး Nio House လို့ အမည်ပေးထားပါတယ်။ ဉရောပကားဈေးကွက်ထဲ ပထမဆုံး ချလိုက်တဲ့ ခြေလှမ်း ဖြစ်ပါတယ်။

 

 William Li လို့လည်း လူသိများတဲ့ Li Bin ဟာ Nio ကို ထူထောင်သူနဲ့ စီအီးအို ဖြစ်ပြီး နော်ဝေးမှာ  Nio ကားကို အစမ်းမောင်းကြည့်သူ ၄ ဦးမှာ ၁ ဦးက ကားဝယ်ဖြစ်တယ်လို့ ပြောပြပါတယ်။
 လာမယ့်နှစ် ၂၀၂၂ မှာ နော်ဝေးအပြင် နောက်ထပ် ဉရောပ ၅ နိုင်ငံမှာ အရောင်းပြခန်း ဖွင့်လှစ်ရောင်းချမယ်လို့ သူက ပြောပါတယ်။

Nio က ဇူလိုင် ဩဂုတ် စက်တင်ဘာ ၃လပတ်အတွင်း စီးရေ ၂၄,၄၃၉ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အောက်တိုဘာမှ ဒီဇင်ဘာအထိ ၃ လပတ်အတွင်း စီးရေ ၂၃,၅၀၀ မှ ၂၅,၅၀၀ အထိ ရောင်းချဖို့ မျှော်မှန်းထားပါတယ်။
Nio က မော်တော်ယာဉ် ထုတ်လုပ်မှု တိုးချဲ့ဖို့  Hefei မှာ စက်ရုံအသစ်တစ်ခု တည်ဆောက်နေပါတယ်။ ယခုအခါ စက်ကိရိယာများ အထိုင်ချနေပါတယ်။ ၂၀၂၂ နှစ်လယ်ပိုင်းမှာ စတင်ထုတ်လုပ်ဖို့ လျာထားပါတယ်။ 

 

 

 

 

 

Read 378 times