ဥရောပတွင် Nio ကားမရောင်း၊ အငှားစနစ်ကိုသာ ကျင့်သုံးမည်


ဥရောပတွင် Nio ကားမရောင်း၊ အငှားစနစ်ကိုသာ ကျင့်သုံးမည်

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Nio သည် ယခုနှစ်အတွင်း ဥရောပစျေးကွက်လေးခု ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်နှင့် ဒိန်းမတ်တို့တွင် စတင်သည့်အခါ ကားများကို ငှားရမ်းခြင်းဖြင့်သာ ရနိုင်မည်ဖြစ်ကြောင်း  CEO က ရိုက်တာသတင်းဌာနသို့ သောကြာနေ့(အောက်တိုဘာ ၇)တွင် ပြောကြားခဲ့သည်။
အသုံးပြုသူများသည် ငှားရမ်းကာလ ကြာချိန်ပေါ် မူတည်၍ တစ်လလျှင် 1,199-1,295 ယူရို ($1,171-$1,264) ဖြင့် 75 GWh ဘက်ထရီပါသော ကားကို ငှားရမ်းနိုင်မည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် တစ်လ ငှားရမ်းရမည်။ 
Nio ကားအုံနာများသည် ၎င်းတို့၏ကားများကို အိမ်တွင် အားသွင်းမည့်အစား ဘက်ထရီလဲလှယ်ရေးရုံတွင် အားအပြည့်ဘက်ထရီဖြင့် လဲလှယ်တတ်ဆင်ရမည်ဖြစ်သည်။ အားမပြည့်တော့သည့် ဘက်ထရီကို ဖြုတ်ချခြင်း၊ အားအပြည့် ဘက်ထရီ တပ်ဆင်ခြင်းတို့ကို လဲလှယ်ရေးရုံတွင် စက်ဖြင့် အလိုအလျောက် လုပ်ကိုင်ပေးပြီး ကြာချိန်မှာ ၁၀ မိနစ်မပြည့်ချေ။ သို့ဖြစ်ရာ အချိန်ကုန် သက်သာသည်။
တရုတ်ပြည်တွင် ရနိုင်သော ET7, ET5 နှင့် EL7 မော်ဒယ် ၃ မျိုးစလုံး ရနိုင်မည် ဖြစ်သည်။
EL7 သည် ယခင်က ES7 ဖြစ်သည်။ Volkswagen ၏ Audi က ၎င်း၏ ကားမော်ဒယ် အမည်ပေးပုံမှင့် တူနေသဖြင့် ထင်ယောင်ထင်မှား ဖြစ်စေမည်ဟု တရားစွဲဆိုသဖြင့် Nio က EL7 ဟု မော်ဒယ်အမည် ပြောင်းလဲလိုက်သည်။
#AutomobileGuide 

Read 247 times