Nio က ပထမဆုံး ပြည်ပစက်ရုံတွင် ဥရောပအတွက် ပါဝါထုတ်ကုန်များ ထုတ်လုပ်မည်


NIO က ပထမဆုံး ပြည်ပစက်ရုံတွင် ဥရောပအတွက် ပါဝါထုတ်ကုန်များ ထုတ်လုပ်မည်

တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်း NIO က ကားဘက်ထရီကို အားသွင်းတဲ့စနစ်အစား အားကုန်နေတဲ့ ဘက်ထရီကို အားအပြည့်ပါတဲ့ ဘက်ထရီဖြင့် အလုံးလိုက် ဖြုတ်လဲတဲ့စနစ်ကို ကျင့်သုံးပါတယ်။ မိနစ်ပိုင်းအတွင်း အဖြုတ်အတပ် လုပ်ပေးမဲ့ ဘက်ထရီလဲရုံ  battery swapping station တွေ ထားရှိပေးပါတယ်။  အီးဗီတို့ရဲ့ ထုံးစံအတိုင်း ကားဗိုက်အောက်မှာ ဘက်ထရီ တပ်ဆင်ထားပြီး ဖြုတ်တပ်စက်ဖြင့် အလွယ်တကူ အလိုအလျောက် ဖြုတ်တပ်နိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။ 

 

 

ယခူအခါ NIO က ဥရောပဈေးကွက်ထဲ စတင်ဝင်ရောက်ပြီ ဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ဘက်ထရီလဲရုံ  battery swapping station တွေ ထားရှိဖို့ စတင်စီစဉ်နေပါတယ်။ 

ဘက်ထရီလဲရုံအတွက် လိုအပ်တဲ့ စက်ပစ္စည်းများ ထုတ်လုပ်ပေးမဲ့ စက်ရုံကို ဟန်ဂေရီနိုင်ငံ ပက်စ်မြို့မှာ တည်ရှိတဲ့ စက်ရုံမှ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ၎င်းစက်ရုံဟာ NIO ရဲ့ ပထမဆုံး ပင်လယ်ရပ်ခြား စက်ရုံ ဖြစ်ပါတယ်။ 

ဘက်ထရီလဲရုံများကို ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်နှင့် ဒိန်းမတ်တို့မှာ ယခုနှစ်အတွင်း ထားရှိဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 

ကမ္ဘာတစ်လွှား ဘက်ထရီလဲရုံများ ထားရှိဖို့အတွက် ရေနံ မဟာလုပ်ငန်းကြီး Shell PLC နှင့်အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  NIO ရဲ့ အီဗီ သုံးစွဲသူများအတွက်  NIO က အားသွင်းရုံတွေ တည်ဆောက်ထားရှိပေးမယ်။

Shell က အားသွင်းကွန်ရက် ထူထောင်လုပ်ကိုင်ပေးပြီး Nio ရဲ့ အားသွင်းရုံတွေကို ဓာတ်အားရရှိစေမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ Shell က ဥရောပနိုင်ငံအချို့မှာ ကွန်ရက်ကို စတင်ထူထောင်မှာ ဖြစ်ပါတယ်။ 

NIO က ၂၀၂၁ ခုနှစ်မှာ နော်ဝေးနိုင်ငံသို့ ES8s မော်ဒယ်များ တင်ပို့ခဲ့ပြီး နော်ဝေးနိုင်ငံ အောစလိုမြို့တော်မှာ အရောင်းပြခန်းတစ်ခု ဖွင့်လှစ်ထားပါတယ်။ 

NIO က  ဘက်ထရီလဲရုံများ ထားရှိပေးခြင်း၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုများ after-sales services  ပေးအပ်ခြင်းတို့ဖြင့် ပြိုင်ဘက်များထက် အားသာချက် ရရှိအောင် ဦးတည်လုပ်ကိုင်နေပါတယ်။ 

NIO  က ကမ္ဘာတစ်လွှားမှာ ဘက်ထရီလဲရုံ ခုရေ ၄,၀၀၀ ထူထောင်ထားရှိဖို့ လျာထားပြီး ခုရေ ၁,၀၀၀ ဝန်းကျင်ကို တရုတ်နိုင်ငံပြင်ပမှာ ထူထောင်ထားရှိမယ်လို့ ဆိုပါတယ်။ 

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Source: Reuters

Read 413 times