Nio ဘက်ထရီလဲလှယ်မှုကွန်ရက်သည် ရှန်ဟိုင်း-ချန်ဒူး အဝေးပြေးလမ်းမကြီး ပထမအဆင့်  ပြီးမြောက်


Nio ဘက်ထရီလဲလှယ်မှုကွန်ရက်သည် ရှန်ဟိုင်း-ချန်ဒူး အဝေးပြေးလမ်းမကြီး ပထမအဆင့်  ပြီးမြောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လျှပ်စစ်ကား ဘက်ထရီကို အားသွင်းမည့်အစား အားပြည့်သည့် ဘက်ထရီဖြင့် အလုံးလိုက် ၃ မိနစ်အတွင်း အပြီးအစီး လဲလှယ်တပ်ဆင်ပေးသည့် စနစ်ကို ကျင့်သုံးသည့် Nio သည် ဘက်ထရီလဲလှယ်ရေးရုံများကို အဆက်မပြတ် ထူထောင်လျက်ရှိသည်။

ဇူလိုင်လလယ်ပိုင်းတွင် တရုတ်နိုင်ငံမှ G42 Shanghai-Chengdu အဝေးပြေးလမ်းမကြီးတလျှောက် ပထမအဆင့်အနေဖြင့် ဘက်ထရီလဲလှယ်ရေးရုံများ ထူထောင်မှု ပြီးမြောက်ခဲ့သည်။


ရှန်ဟိုင်း-ချန်ဒူး အဝေးပြေးလမ်းမကြီးတလျှောက် ဘက်ထရီလဲလှယ်ရေးရုံများ ၂၆ ခု ထူထောင်မှု ပြီးစီးခဲ့သည်။ တရုံနှင့် တရုံအကြား ပျမ်းမျှ အကွာအဝေးမှာ ၁၀၃ ကီလိုမီတာ ရှိသည်။

G42 ရှန်ဟိုင်း-ချန်ဒူး အဝေးပြေးလမ်းမကြီးသည် ရှန်ဟိုင်း၊ ကျန်းစု၊ အန်ဟွေ၊ ဟူဘေး၊ ချုံကင်းနှင့် စီချွမ်တို့ကို ဖြတ်သန်းကာ စုစုပေါင်း အရှည် ၁,၉၆၆ ကီလိုမီတာဖြင့် တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း၊ တရုတ်အလယ်ပိုင်းနှင့် အနောက်တောင်ကို ဆက်သွယ်ပေးထားသည့် အရေးကြီးသော အဝေးပြေးလမ်းမကြီးဖြစ်သည်။


ယနေ့အထိ Nio ၏ ဘက်ထရီလဲလှယ်မှုကွန်ရက်သည် ဒေါင်လိုက်အဝေးပြေးလမ်းမကြီး ခြောက်ခု၊ ရေပြင်ညီအဝေးပြေးလမ်းမကြီး လေးခုနှင့် တရုတ်နိုင်ငံရှိ မြို့ပြအစုအဝေး ၈ ခုတို့ကို လွှမ်းခြုံထားသည်။


ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ဒေါင်လိုက်အဝေးပြေးလမ်း ၉ ခု၊ ရေပြင်ညီ အဝေးပြေးလမ်း ၉ ခုနှင့်  မြို့ပြအစုအဝေး ၁၉ ခုတို့ကို ကွန်ရက်နှင့်အတူ လွှမ်းခြုံနိုင်စေရန် ရည်မှန်းထားသည်။

ကုမ္ပဏီသည် ၎င်း၏ပထမဆုံးဘက်ထရီလဲလှယ်ရေးရုံကို ၂၀၁၈ ခုနှစ် မေလ ၂၀ ရက်တွင် ရှန်ကျန်းမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်တွင် Nio ၏ ဘက်ထရီလဲလှယ်ရေးရုံများတွင် လဲလှယ်ကြိမ်ရေ ၂၅ သန်းကျော်သွားပြီ ဖြစ်သည်။

၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာတစ်ဝှမ်း ဘက်ထရီလဲလှယ်ရေးစခန်းပေါင်း ၄,၀၀၀ ကျော်ရှိမည်ဖြစ်ပြီး ၁,၀၀၀ သည် ပြည်ပဈေးကွက်တွင် ရှိနေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်မှာ Nio အီးဗီ သုံးစွဲသူ  ၉၀ ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏အိမ်မှ သုံးကီလိုမီတာအတွင်း အနည်းဆုံး ဘက်ထရီလဲလှယ်ရေးစခန်းတစ်ခုရှိလိမ့်မည်။ ထိုရာခိုင်နှုန်းသည် လက်ရှိတွင် ၇၃.၁ ရာခိုင်နှုန်း ဖြစ်ပါသည်။

 


Nio သည် တရုတ်နိုင်ငံတွင် အမြန်အားသွင်းနိုင်သည့်စူပါအားသွင်းစခန်းပေါင်း ၁,၅၀၂ ရုံရှိပြီး အားသွင်းတိုင် ၇,၃၆၈ ခု ရှိသည်။ အခြားကား brand များ အားသွင်းနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။ 

Source nio
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 362 times