ဥရောပတွင် ထုတ်လုပ်သော ဘက်ထရီ လဲလှယ်ရေးရုံများ  NIO  စတင်ပေးပို့


ဥရောပတွင် ထုတ်လုပ်သော ဘက်ထရီ လဲလှယ်ရေးရုံများ  NIO  စတင်ပေးပို့

NIO သည် ဥရောပတွင် ထုတ်လုပ်သော ဘက်ထရီ လဲလှယ်ရေးရုံ swap station များကို ပထမအသုတ် စတင် ပေးပို့ကြောင်း အတည်ပြု‌ေပြာကြားခဲ့ပါသည်။  ဂျာမနီနိုင်ငံသို့ အဦးဆုံး ပေးပို့ခဲ့ပါသည်။
တရုတ်အီးဗီထုတ်လုပ်ရေးလုပ်ငန်း NIO သည်  ဥရောပတွင် ထားရှိမည့် ဘက်ထရီ လဲလှယ်ရေးရုံများကို ဥရောပတွင် အပြီးအစီး ထုတ်လုပ်ခြင်းဖြင့် ပစ္စည်းပေးသွင်းကွင်းဆက်ကို တိုစေပါသည်။ ဥရောပဈေးကွက်ထဲတွင် NIO ၏ လျှပ်စစ်ကား ဝယ်စီးဖို့ စိတ်ချလက်ချ ဖြစ်သွားစေပါသည်။ ခရီးသွားသည့် လမ်းတစ်လျှောက် ဘက်ထရီလဲလှယ်ရေးရုံတွင် လွယ်ကူလျင်မြန်စွာဖြင့် အားအပြည့်ဘက်ထရီကို လဲလှယ်တပ်ဆင်ပြီး ခရီးဆက်နိုင်မည် ဖြစ်သည်။
ဘက်ထရီလဲလှယ်တပ်ဆင်ဖို့ မြန်ဆန်ခြင်းသည် အသက် ဖြစ်သည်။

Tesla Model S အသစ်သည် ဘက်ထရီကို  0% မှစတင်၍ 80% အားသွင်းမှုအခြေအနေသို့ရောက်ရှိရန် မိနစ် ၃၀ ခန့်လိုအပ်သည်။

NIO ဘက်ထရီ အားဖြည့်ခြင်းအတွက် မကြာရလေအောင် ဖြေရှင်း‌ပေးထားပုံသည်ပုံသည် ကားပိုင်ရှင်များအား သုံးမိနစ်မှ ငါးမိနစ်အတွင်း ဘက်ထရီအားအပြည့်ဖြင့် လဲပေးနိုင်သည်။ ၎င်းကြာချိန်သည် မျိုးဆက်-၂ Gen 2 ဘက်ထရီလဲလှယ်ရေးရုံများအတွက် ဖြစ်သည်။ မျိုးဆက်-၃ Gen 3 သည် ပိုမြန်လိမ့်မည်ဟု NIO က ပြောကြားခဲ့သည်။


 
NIO သည် ဘက်ထရီလဲလှယ်ရေးရုံများအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရန်အတွက် စက်ရုံကို ဥရောပအလယ်ပိုင်းရှိ ဟန်ဂေရီနိုင်ငံတွင် ထားရှိပါသည်။ ထို့ပြင် သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနကိုလည်း ဟန်ဂေရီတွင် ထားရှိမည် ဖြစ်ပါသည်။
ဟန်ဂေရီကို ရွေးချယ်ရခြင်းမှာ တရုတ်နှင့် ဟန်ဂေရီကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ကောင်းမွန်သောကြောင့် ဖြစ်ပါသည်။

NIO ဘက်ထရီလဲလှယ်ခြင်းသည် တရုတ်နိုင်ငံတွင် အခမဲ့ဖြစ်သည်။
ဥရောပတွင် သုံးစွဲသူများသည် ဘက်ထရီ လဲလှယ်ခြင်းအတွက် ယူရို ၁၀ ($10) နှင့်
ဘက်ထရီ တစ် kWh လျှင် ယူရို 0.20 ($0.20) ပေးရသည်။ အသုံးများကြသည့် လဲလှယ်ရေး အစီအစဉ်တစ်ခုမှာ ဘက်ထရီအားပမာဏ  100-kWh ဖြစ်ပြီး  ယူရို 30 ($30) ဝန်းကျင် ပေးရသည်။ 
Tesla ၏  Supercharging သည်  တစ် kWh လျှင်  ယူရို 0.57 ပေးရသည်။
Source autorevolution 
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 978 times