NIO ပထမဆုံး စမတ်ဖုန်း ဌာနဆိုင်ရာ ခွင့်ပြုချက် ရရှိ


NIO ပထမဆုံး စမတ်ဖုန်း ဌာနဆိုင်ရာ ခွင့်ပြုချက် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

NIO ၏ ပထမဆုံးဖုန်းမော်ဒယ်ကို ဖြန့်ချိမည်ဖြစ်ပြီး တတိယသုံးလပတ်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ထူထောင်သူ ဥက္ကဋ္ဌနှင့်  စီအီးအို William Li က ပြောကြားသည်။

NIO ၏ ပထမဆုံး မိုဘိုင်းလ်ဖုန်း မော်ဒယ်အတွက် ရေဒီယိုလိုင်း ကင်းရှင်းချက်ကို တရုတ်နိုင်ငံတွင် ရရှိသဖြင့် ယခုနှစ် အနှောင်းပိုင်းတွင် ထုတ်လုပ်ရန် ရည်မှန်းထားသည့်အတိုင်း ထုတ်လုပ်ရောင်းချနိုင်တော့မည် ဖြစ်သည်။ 

လျှပ်စစ်ကား ထုတ်လုပ်သူ NIO ၏  မိုဘိုင်းဖုန်း မော်ဒယ်နံပါတ်  N2301 အတွက် ရေဒီယိုလှိုင်း ကင်းရှင်းချက်ကို ၂၀၂၃ ဇွန်လ ၁၉ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း တရုတ်နိုင်ံ စက်မှုနှင့် သတင်းနည်းပညာ ဝန်ကြီးဌာန၏ ဝဘ်ဆိုက်တွင် ကြေညာခဲ့သည်။  


အဆိုပါ စမတ်ဖုန်းသည် 2G, 3G, 4G, 5G ကွန်ရက်တို့ဖြင့် အသုံးပြုနိုင်သည်။  ထို့အပြင် ဖုန်းကို ကားသော့အဖြစ် အဝေးထိန်းစနစ် သုံးစွဲရန်  UWB (Ultra Wide Band) လည်း ပါသည်။ 

Li က Apple သည် ၎င်း၏ မော်တော်ယာဉ်သုံး အက်ပ် CarPlay ကို NIO ၏ ကားများတွင် သုံးစွဲရန် ပိတ်ပင်ထားကြောင်း၊ NIO ၏ ဒုတိယမျိုးဆက် ပလက်ဖောင်းမော်ဒယ်တွင်  UWB ပါသော်လည်း Apple  က ပိတ်ပင်ထားကြောင်း၊ သို့ဖြစ်ရာ စမတ်ဖုန်း ထုတ်လုပ်ရန် စူးစမ်းလေ့လာခဲ့ပြီး ကားကို အဓိကထားသည့် စမတ်ဖုန်း ထုတ်လုပ်ရန် စီစဉ်ခဲ့ကြောင်း ပြောကြားသည်။ 


ကားတွင် ကြိုးမဲ့အားသွင်းကိရိယာ တပ်ဆင်ပေးထားပြီး ဖုန်းနှစ်လုံးကို 40 W ဖြင့် တစ်ပြိုင်နက်တည်း အမြန်အားသွင်းပေးနိုင်သည်။ 

Source cnevpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Read 308 times