ဥရောပဈေးကွက်အတွက် NIO ET7 ပထမအသုတ် တရုတ်ပြည်မှ ထွက်ခွာ


ဥရောပဈေးကွက်အတွက် NIO ET7 ပထမအသုတ် တရုတ်ပြည်မှ ထွက်ခွာ

အီးဗီထုတ်လုပ်သူ NIO သည် NIO ET7 အစီးရေ ၂၀၀ ကို သင်္ဘောဖြင့်  ပို့ဆောင်ရေး လုပ်ငန်းစဉ် ဗီဒီယိုကို တနင်္လာနေ့ (ဩဂုတ် ၂၂)  တွင် အင်တာနက်မှာ တင်ပြခဲ့ပါတယ်။ (ဗီဒီယိုကို အောက်ဆုံးမှာ တင်ပြပေးထားပါတယ်)

 မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ကာများ စတင် တင်ပို့ခဲ့တဲ့သတင်း ဟုတ်မှန်ကြောင်းအတည်ပြုပေးပါတယ်။  ဩဂုတ်လ ၁၁ ရက်မှာ NIO ရဲ့ အီးဗီတွေ တင်ဆောင်ထားတဲ့ သင်္ဘောတစ်စီး တရုတ်နိုင်ငံ Lianyungang ဆိပ်ကမ်းမှ ထွက်ခွာခဲ့ကြောင်း အတည်ပြုပေးပါတယ်။

 

NIO App မှာ ကြိုတင်အမှာစာ လက်ခံပေးမှာ ဖြစ်ပြီး ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေးနှင့် အခြားနိုင်ငံများတွင် ET7 မော်ဒယ်ကို ယခုနှစ်အတွင်း စတင်ရောင်းချပေးမယ်လို့ ပြောကြားထားပါတယ်။  '၂၀၂၂ ခုနှစ် ဩဂုတ်လတွင် NIO ၏ ပထမဆုံးသော စမတ်လျှပ်စစ်အဆင့်မြင့် ဆီဒင်ကား ET7 ကို ပြည်တွင်းဆိပ်ကမ်းတွင် အပြည့်အ၀ စု‌ေဝးထားပြီး မိုင်ထောင်ချီဝေးသော ဥရောပသို့ ခရီးထွက်ခွာသွားခဲ့သည်" လို့ NIO က ရေးသားထားပါတယ်။

ဥရောပဈေးကွက်တွင် NIO ၏ ထုတ်ကုန်များနှင့် ပြီးပြည့်စုံသော ဝန်ဆောင်မှုစနစ်ကိုလည်း  စတင်မည်ဖြစ်ကြောင်း အသိပေးပါတယ်။ ဇန်နဝါရီလနှောင်းပိုင်းတွင် NIO စီအီးအို William Li နှင့် NIO နော်ဝေမန်နေဂျာ Marius Hayle တို့က NIO အသုံးပြုသူ ၂၀ ဦးနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စီအီးအိုက ET7 မော်ဒယ် အီးဗီများ ယခုနှစ် စတုတ္ထသုံးလပတ်မှာ နော်ဝေးသို့ ရောက်ရှိလာလိမ့်မယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ် နွေဦးကာလတွင် ET5 မော်ဒယ်ကို နော်ဝေး နှင့်  အခြားကားဈေးကွက်များတွင်ရရှိနိုင်မယ်လိူ့ NIO က ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က NIO အမှုဆောင်အရာရှိချုပ် ဝီလျံလီအား အမေရိကန်နိုင်ငံ စန်ဖရန်စစ္စကိုမြို့တွင်NIO ရဲ့ အိမ်ခြံမြေအကျိုးဆောင်အကြီးအကဲ Scott Lifschultz နှင့်အတူ မြင်တွေ့ကြရပါတယ်။။ အထပ်မြင့် အဆောက်အဦများကို NIO House အတွက် လိုက်လံကြည့်ရှုကြတာ တွေ့ကြပါတယ်။

 

NIO House က NIO သုံးစွဲသုများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ အေးအေးလူလူ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးထားတဲ့ နေရာ ဖြစ်ပါတယ်။ ယခုအခါ NIO House ၇၀ ကျော်ကို တရုတ်ပြည်အပါအဝင် ကမ္ဘာတစ်လွှားမှာ ဖွင့်လှစ်ပေးထားပါတယ်။ ယခုသီတင်းပတ်အစတွင် Silicon Valley မှာ တည်ရှိသည့် NIO အမေရိကန်ရုံးချုပ်သို့ စီအီးအို သွားရောက်ခဲ့ပါတယ်။ ရူံချုပ်မှာ အလိုအလျောက် မောင်းနှင်စွမ်းရည် ဖွံ့ဖြိုးရေးအတွက်  သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနတစ်ခု ထားရှိပါတယ်။ 

 

NIO Inc က အမေရိကန်ဈေးကွက်ထဲသို့ ၂၀၂၅ မှာ ဝင်ရောက်ဖို့ ရည်မှန်းထားပါတယ်။ NIO က ဘက်ထရီကို ပလပ်ထိုး အားသွင်းခြင်းအစား အချိန်ကုန်သက်သာအောင် အားအပြည့်ဘက်ထရီဖြင့် ဘက်ထရီ အလုံးလိုက်လဲလှယ် တပ်ဆင်တဲ့နည်းလမ်းကို အသုံးပြုတာကြောင့် ယခုနှစ် နိုဝင်ဘာလမှာ ဘက်ထရီလဲလှယ်စတေရှင် တစ်ခု စတင်ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့ NIO Day ကို ၂၀၂၁ ဒီဇင်ဘာလ ၂၁ ရက်မှာ ကျင်းပခဲ့စဉ်က ၂၀၂၅ မှာ နိုင်ငံပေါင်း ၂၅ ခုကျော်မှာ NIO အရောင်းပြခန်းများ ထားရှိဖို့ ရည်မှန်းချက် ထားရှိကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: electric-vehicle.com

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

 

MAG

Read 9116 times