တရုတ်အီးဗီလုပ်ငန်း NIO က စမတ်ဖုန်း နှစ်စဉ် ထုတ်လုပ်မည်


တရုတ်အီးဗီလုပ်ငန်း NIO က စမတ်ဖုန်း နှစ်စဉ် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း NIO က စမတ်ဖုန်း ထုတ်လုပ်ဖို့ စိုင်းပြင်းနေခဲ့တာ လအတော်ကြာခဲ့ပါပြီ။

 

တရုတ်နိုင်ငံမှ စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi က အီးဗီထုတ်လုပ်ရေးကို စိုင်းပြင်းနေချိန်မှာ အီးဗီထုတ်လုပ်သူက NIO က စမတ်ဖုန်း ထုတ်လုပ်ဖို့ စိုင်းပြင်းနေခဲ့ပါတယ်။

 

ယခုအခါ NIO က  "NIO Phone" ကို တရုတ်နိုင်ငံမှာ brand မှတ်ပုံတင်ထားလိုက်ပါပြီ။

NIO ရဲ့ ပထမဦးဆုံးဖုန်းကို လာမယ့် လပိုင်းအတွင်း မြင်တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

 

NIO မှာလည်း စမတ်ဖုန်း ဖွံ့ဖြိုးရေးဌာန ထားရှိပါတယ်။ 

NIO စီအီးအို William Li က NIO စမတ်ဖုန်းကို Apple က iPhone ကို တစ်နှစ်မှာ တစ်ကြိမ်သာ ထုတ်သလိုမျိုး တစ်နှစ်လျှင် တစ်ကြိမ်သာ ထုတ်လုပ်သွားမယ်လို့ အတည်ပြုပြောကြားပါတယ်။ 

 

"တစ်နှစ်ကို အလုံးရေ သန်း ၁၀၀ ကျော်ရောင်းရတဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေနဲ့ ကျွန်တော်တို့ ယှဉ်လို့ မရပါဘူး" လို့ သူက ပြောကြားပါတယ်။

 

စမတ်ဖုန်းတစ်လုံးဖန်တီးခြင်းသည် ၎င်းတို့အတွက် အခက်အခဲ မရှိဘူးလို့ သူက ဆိုပါတယ်။

စမတ်ဖုန်းကို နှစ်လိုဖွယ်ကောင်းနေအောင်၊ တန်ဖိုးထားအောင် လုပ်ပေးရတာကတော့ ခက်ခဲတယ်လို့ သူက ဆိုပါတယ်။

NIO ကား သုံးစွဲသူတွေအတွက် အသုံးဝင်၊ အသုံးတည့်ပြီး နှစ်လိုဖွယ်ကောင်းနေအောင် လုပ်ပေးမယ်လို့ ဆိုပါတယ်။

NIO Phone မှာ Qualcomm ချစ်ပ်သုံးစွဲမှာ ဖြစ်ပြီး အနည်းဆုံး 100 watts အမြန်အားသွင်းစနစ် ပါဝင်ပါမယ်။ တခြားအသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မပြုသေးပါ။ 

ဈေးနှုန်းက ကန်ဒေါ်လာ ၁,၀၀၀ အောက်လို့ ဆိုပါတယ်။

Source :iTHome

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 213 times