Nio အကြီးတန်းဒုဥက္ကဋ္ဌဟောင်း ထူထောင်သည့် Newrizon ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများ  အာရပ်နိုင်ငံများသိ


Nio အကြီးတန်းဒုဥက္ကဋ္ဌဟောင်း ထူထောင်သည့် Newrizon ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများ  အာရပ်နိုင်ငံများသို့ တင်ပို့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Nio အကြီးတန်းဒုဥက္ကဋ္ဌဟောင်း တည်ထောင်ထားသော Newrizon သည် Nio Capital မှ ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၁၀၀ကျော် ရရှိထားကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။

 

Nio Capital ရင်းနှီးမြှုပ်နှံထာားသော ကုမ္ပဏီ  Newrizon သည် အရှေ့အလယ်ပိုင်းဒေသသို့ ဘက်ထရီသုံး လျှပ်စစ်ထရပ်ကားများ စတင်တင်ပို့ပြီး ၎င်း၏ ဂလိုဘယ်လိုက်ဇေးရှင်း မဟာဗျူဟာကို စတင်လိုက်သည်။ 

Newrizon မှ ထုတ်လုပ်သည့် အပေါ့စား ထရပ်ကားမော်ဒယ်မှာ  iC1 ထရပ်ကားများကို အရှေ့အလယ်ပိုင်းဒေသသို့  တင်ပို့ရန် သင်္ဘောတင်နေပြီ ဖြစ်ကြောင်း Newrizon  က ဇန်နဝါရီလ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ 

 

 

iC1 သည် အင်တာနက် ချိတ်ဆက်ထားသည့် လျှပ်စစ် အပေါ့စား ထရပ်ကားဖြစ်ပြီး ဘက်ထရီ အလုံးလိုက် လဲလှယ်သည့် စနစ်ကို ကျင့်သုံးသည်။  သို့ဖြစ်ရာ ဘက်ထရီ အားသွင်းရန် နာရီအတန်ကြာ ထရပ်ကားကို ရပ်နားထားရန် မလိုအပ်ချေ။ အားမပြည့်တော့သည့် ဘက်ထရီကို အားပြည့်နေသည့် ဘက်ထရီဖြင့် အလုံးလိုက် လဲလှယ်ရန်  ၅ မိနစ်အောက်သာ ကြာမည် ဖြစ်သည်။ 

အကယ်၍ ဘက်ထရီကို အားသွင်းလိုပါက အမြန်အားသွင်းစနစ်ဖြင့် အားသွင်းနိုင်ပြီး သုညမှ ၈၀% အားပြည့်ရန် မိနစ် ၄၀ ကြာမည် ဖြစ်သည်။ 

 

 

ထရပ်ကားမှ ဆော့ဖ်ဝဲလ်ကို အခါအားလျော်စွာ အင်တာနက်ချိတ်ဆက်မှုမှတဆင့် update လုပ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ကားတွင် ဉာဏ်ရည်သုံး မော်တော်ယာဉ် စီမံခန့်ခွဲမှု ပါသည်။ ကားသော့ မရှိ၊ ဖုန်းမှ အက်ပ်ဖြင့်သာ ထိန်းချုပ်သည်ဟု Newrizon က ပြောကြားသည်။

Newrizon ကို ၂၀၂၀ခုနှစ် စက်တင်ဘာလတွင် နီယို အီးဗီလုပ်ငန်းမှ အကြီးတန်း ဒုဥက္ကဌ Huang Chendong က တည်ထောင်ခဲ့ပါသည်။

 

 Newrizon ကားအမှတ်တံဆိပ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တရားဝင် ကြေညာခဲ့ပြီး လျှပ်စစ်ထရပ်ကားမော်ဒယ် ၂ ခု ဖြစ်သည်ံ  iC1 နှင့်  EC1 တို့ကို ပွဲထုတ်ပြသခဲ့ပါသည်။ 

 

EC1 သည် ၄ တန်ခွဲ အပေါ့စား ထရပ်ကားဖြစ်ပြီး ဘက်ထရီသုံး လျှပ်စစ်ကား ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင် ရောင်းချခဲ့သည်။ 

iC1 ကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တရုတ်ပြည်မှာ စတင်ရောင်းချခဲ့သည်။ ဈေးနှုန်းမှာ ယွမ်  ၂၅၅,၈၀၀ ဖြစ်ပါသည်။ 

 

Newrizon သည် ကမ္ဘာ့ဈေးကွက်များသို့ ချဲ့ထွင်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသကို  တာစထွက်ရာ ဈေးကွက်များအဖြစ် အသုံးပြုမည်ဖြစ်သည်

Source cnevpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 152 times