လျှပ်စစ်ကားလုပ်ငန်း NIO က NIO ကားများအတွက် စမတ်ဖုန်း ကုမ္ပဏီ ထူထောင်


လျှပ်စစ်ကားလုပ်ငန်း NIO က NIO ကားများအတွက် စမတ်ဖုန်း ကုမ္ပဏီ ထူထောင်

 

၂၀၂၀ ဩဂုတ်လ ၄ ရက်မှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမတည်ငွေဖြင့် NIO Mobile Technologies Co Ltd ကို တရားဝင် ထူထောင်လိုက်ပါတယ်။ ကုမ္ပဏီ တာဝန်ခံက လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း NIO ပူးတွဲထူထောင်သူနှင့် ဥက္ကဋ္ဌ Qin Lihong ဖြစ်ပါတယ်။ NIO Mobile Technologies Co Ltd တည်ရာလိပ်စာက Nio ရဲ့ ကမ္ဘာ့ဌာနချုပ် တည်ရှိရာ ရှန်ဟိုင်းမြို့မှာ ဖြစ်ပါတယ်။

 

ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းများမှာ ဖော်ပြချက်များအရ ကုမ္ပဏီက အီလက်ထရွန်းနစ်ပစ္စည်းများ၊ မိုဘိုင်းကိရိယာများ၊ ဝတ်ဆင်နိုင်သော ကိရိယာများ၊ ဆက်သွယ်ရေး ကိရိယာများ ဖွံ့ဖြိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီက ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးရေး၊ AI ပစ္စည်းများ ထုတ်လုပ်ရေးတို့ လုပ်ကိုင်တဲ့ ကုမ္ပဏီအဖြစ်လည်း  တရားဝင် ရပ်တည်ပါမယ်။ ကုမ္ပဏီအသစ်ကို NIO Nextev Limited က ၁၀၀% ရာနှုန်းပြည့် ပိုင်ဆိုင်ပါတယ်။ 

 

NIO အနေဖြင့် အခြားလုပ်ငန်းခွဲကုမ္ပဏီများစွာကို ပိုင်ဆိုင်ထားသော်လည်း ယခု လုပ်ငန်းခွဲမှာတော့  ၎င်း၏အမည် NIO ကိုသာမက ၎င်းရဲ့ တရားဝင်စီးပွားရေးနယ်ပယ်တွင်မှာပါ တရားဝင် အသိအမှတ်ပြုထားတဲ့ မိုဘိုင်းနည်းပညာလုပ်ငန်းအဖြစ် သတ်သတ်မှတ်မှတ် တရားဝင် မှတ်ပုံတင်လိုက်တဲ့  ပထမဆုံးသော ကုမ္ပဏီဖြစ်ပါတယ်။ 

 

NIO က မိုဘိုင်းဖုန်းဈေးကွက်ထဲ မောင်းဝင်ဖို့ အလေးအနက်ထားကြောင်းလည်း ကုမ္ပဏီက အတည်ပြုပြောကြားပါတယ်။ 

NIO ရဲ့ စီအီးအို Mr Li က မိုဘိုင်းဖုန်း မော်ဒယ်တစ်ခု ထုတ်လုပ်ဖို့ အစီအစဉ်ကို အကောင်အထည်ဖော်လျက် ရှိပြီး Apple က တစ်နှစ်လျှင် မော်ဒယ်တစ်မျိုးတည်းကိုသာ ထုတ်လုပ်တဲ့နည်းတူ NIO ကလည်း တစ်နှစ်မှာ မော်ဒယ်တစ်မျိုးတည်းကိုသာ ထုတ်လုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

 

 

 

NIO App

 

NIO ရဲ့ ကားတွေကို စမတ်ဖုန်းနှင့် ချိတ်ဆက်ပေးထားပြီးသား ဖြစ်ပြီး ရနိုင်သမျှ နောက်ဆုံးပေါ် နည်းပညာများကို သုံးစွဲပေးထားပေမဲ့ ကားအုံနာတွေထဲမှာ Apple  ရဲ့ iPhone သုံးကြတဲ့သူတွေအဖို့ အဆင်မပြေကြဘူး။ Apple က ခွင့်မပြုတဲ့ တားမြစ်ချက်တွေ ရှိနေတယ်။ ဥပမာအားဖြင့် စမတ်ဖုန်းနှင့် ကားတို့အကြား ကြိုးမဲ့ဆက်သွယ်ရေး သုံးစွဲတဲ့အခါ Millimeter Wave (MMW) နည်းပညာကို Nio က သုံးစွဲထားပြီး  Apple က MMW နည်းပညာကို အပြည့်အဝ သုံးခွင့် မပြုထားဘူး။ ဒီတော့ andriod စမတ်ဖုန်း သုံးတဲ့ ကားအုံနာတွေက  MMW နည်းပညာကို အပြည့်အဝ သုံးလို့ရနေချိန် iPhone သုံးကြတဲ့အုံနာတွေက သုံးခွင့်မရကြဘူး။

 

NIO car remote

 

NIO ယာဉ်ဝယ်ယူတဲ့အခါ အရေးကြီးသော အစိတ်အပိုင်းက NIO ကားသော့ ဖြစ်ပါတယ်။

 လောလောဆယ်မှာ andriod စမတ်ဖုန်း သုံးနေတဲ့သူတွေအဖို့ NIO ရဲ့ စမတ်ဖုန်း ဝယ်ဖို့ လိုအပ်မှာမဟုတ်ကြောင်း၊ iPhone သုံးကြတဲ့သူတွေအဖို့  ဆန္ဒရှိပါ NIO ရဲ့ စမတ်ဖုန်းကို Nio ကားအတွက် ဝယ်သုံးနိုင်ကြောင်း ကုမ္ပဏီက ပြောကြားပါတယ်။ 

ဖုန်းကိုယ်တည်အရောင်ကို ကားကိုယ်ထည်အရောင်များဖြင့် ထုတ်လုပ်ပေးမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းက RMB 7,000 ဝန်းကျင် ဖြစ်ပါတယ်။ 

#MyanmarICTGuide

Telegram Channel https://t.me/Guid4U

Source: arenaev

Read 470 times