Nio က စီးရေ ၃ သိန်းမြောက်ကား ထုတ်လုပ်


Nio က စီးရေ ၃ သိန်းမြောက်ကား ထုတ်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Nio က ၂၀၂၂ ဒီဇင်ဘာလ ၁၂ ရက်မှာ စီးရေ ၃ သိန်းမြောက်ကားကို အန်းဟွေးပြည်နယ် ဟီဖေးမြို့မှာ တည်ရှိတဲ့ ဒုတိယမြောက်ကားစက်ရုံမှာ ထုတ်လုပ်ကြောင်း Nio က ထုတ်ပြန်ကြေညာပါတယ်။
Nio အဖို့ အရေးပါတဲ့ မိုင်တိုင်တစ်ခုကို ဖြတ်သန်းလိုက်တာဖြစ်ပါတယ်။ စီးရေ တတိယ ၁ သိန်းပြည့်ဖို့ ၇ လ ကြာမြင့်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

Nio ရဲ့ မော်ဒယ်အသစ် ၃ ခု ဖြစ်ကြတဲ့ ES7 SUV, ET7 ဆီဒင်နှင့် ET5 ဆီဒင်တွေကို Nio ရဲ့ ဒုတိယမျိုးဆက်ပလက်ဖောင်း NT2 ကို အခြေခံပြီး ထုတ်လုပ်ထားပါတယ်။ 
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အခြေစိုက် Nio က နောက်နှစ် ပထမနှစ်ဝက်မှာ မော်ဒယ်အသစ် ၅ မျိုး ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

တရုတ်ဈေးကွက်မှာ တန်းမြင့်အီးဗီ ရောင်းအား ၂ ဆ ၃ ဆ တက်လာဖို့ အလားအလာကောင်းနေသော်လည်း Nio က ကားဈေးကွက်ရဲ့ ပင်မရေစီးကြောင်းဖြစ်တဲ့ အလယ်အလတ်တန်း အီးဗီမော်ဒယ်များမှာလည်း ဆက်ရှိနေဦးမယ်လို့ Nio ပူးတွဲတည်ထောင်သူနှင့် ဥက္ကဋ္ဌ Qin Lihong
က ပြောကြားပါတယ်။ 
နိုဝင်ဘာလမှာ Nio ရဲ့ ယွမ် ၄ သိန်း(USD57,358) အထက် တန်းမြင့်အီးဗီများ ရောင်းအား ကောင်းခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့များမှာ အခြားတန်းမြင့် အီးဗီများဖြစ်တဲ့ Mercedes-Benz, BMW, Audi တို့ထက် Nio တန်းမြင့် အီးဗီ က ရောင်းအား ပိုကောင်းခဲ့ပါတယ်။
Nio က တရုတ်၊ ဟောင်ကောင်နှင့် စင်ကာပူညစတော့အိတ်ချိန်းများမှာ စာရင်းဝင်ထားတာကြောင့် ကမ္ဘာ့ကားလုပ်ငန်းများအကြား စတော့အိတ်ချိန်း ၃ ခု စာရင်းဝင်တဲ့ ပထမဆုံး အီးဗီထုတ်လုပ်ရေး လုပ်ငန်းဖြစ်ပါတယ်။ 

ဥရောပဈေးကွက်များထဲမှ ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ဆွီဒင် တို့မှာ ET7 မော်ဒယ်များကို မှာကြားထားသူများထံ စတင်ပေးပို့နေပါတယ်။

ပြုပြင်ထိန်းသိမ်းရေးနှင့် အရောင်းကွန်ရက် ထူထောင်ထားပါတယ်။ ကွန်ရက်မှာ Nio Centers and Nio Spaces ၃၈၅ ခု၊ ဘက်ထရီလဲလှယ်ရေးရုံ ၁,၂၆၃ ခု၊ အားသွင်းရုံ ၁၂,၇၈၅ ခု ပါဝင်ပါတယ်။ အခြားလုပ်ငန်းများရဲ့ အားသွင်းရုံခုရေ ၉၉၈,၀၀၀ နှင့် ကမ္ဘာတစ်လွှားမှာ အချိတ်အဆက် လုပ်ထားပါတယ်။ 
Source yicaiglibal
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1230 times