ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး ဘောလုံးကစားသမား နေမားပိုင်ဆိုင်သော ပြိုင်ကားများ


PSG အသင်း၏ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး လက်ရှိ ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ဘောလုံးကစားသမားတစ်ဦးဖြစ်သူ နေမားသည် ပြိုင်ကားများကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါသည်။

နေမားသည် လက်ရှိတွင် ဝင်ငွေမြင့်မားနေသူဖြစ်ပြီး တစ်နှစ်ဝင်ငွေ ယူရို ၃၆ ဒသမ ၈ မီလီလျံ အသားတင်ပိုင်ဆိုင်သူတစ်ဦးဖြစ်ပါသည်။

နေမားပိုင်ဆိုင်ထားသော ကားများ၏ အမျိုးအစားများနှင့် တန်ဖိုးများကို ဖော်ပြထားပါသည်။

1.Lamborghini Veneno

နေမားပိုင်ဆိုင်ထားသော Lamborghini Veneno သည် အီတီလီ နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ 6.5 L V12 ရှိပါသည်။

ဂီယာခုနှစ်ချက်ပါဝင်၍ တံခါးနှစ်ပေါက်ရှိသော Lamborghini Veneno သည် မြင်းကောင်ရေအား 750 bhp ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် 356 ကီလိုမီတာရှိပါသည်။

ထိုအပြင် ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ မီလီလျံခန့် ရှိကြောင်း သိရပါသည်။

 

2. Lykan Hypersport

နေမားပိုင်ဆိုင်ထားသော Lykan Hypersport သည် Lebanon နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ 3.7 L Twin-turbo F6  ရှိပါသည်။

ဂီယာခုနှစ်ချက်ပါဝင်၍ တံခါးနှစ်ပေါက်ရှိသော Lykan Hypersport သည် မြင်းကောင်ရေအား 780 bhp ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် 395 ကီလိုမီတာရှိပါသည်။

ထိုအပြင် ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ မီလီလျံခန့် ရှိကြောင်း သိရပါသည်။

 

3. Aston Martin Vulcan

နေမားပိုင်ဆိုင်ထားသော Aston Martin Vulcan သည် Britain နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ 7.0 L V12 ရှိပါသည်။

ဂီယာခြောက်ချက်ပါဝင်၍ တံခါးနှစ်ပေါက်ပါရှိသော Aston Martin Vulcan သည် မြင်းကောင်ရေအား 800 bhp ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် 360 ကီလိုမီတာရှိပါသည်။

ထိုအပြင် ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ မီလီလျံခန့် ရှိကြောင်း သိရပါသည်။

 

4. Koenigsegg CCXR Trevita

နေမားပိုင်ဆိုင်ထားသော Koenigsegg CCXR Trevita သည် Sweden နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ V8, 4.8L ရှိပါသည်။

တံခါးနှစ်ပေါက်ပါရှိသော Koenigsegg CCXR Trevita သည် မြင်းကောင်ရေအား 1018 bhp ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် 410 ကီလိုမီတာကျော် ရှိပါသည်။

ထိုအပြင် ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ မီလီလျံခန့် ရှိကြောင်း သိရပါသည်။

 

5. Ferrari Pininfarina Sergio

နေမားပိုင်ဆိုင်ထားသော Ferrari Pininfarina Sergio သည် အီတီလီ နိုင်ငံထုတ်ကားတစ်စီးဖြစ်ပြီး အင်ဂျင်ပါဝါ V8, 4.5L ရှိပါသည်။

ဂီယာရှစ်ချက် ပါဝင်၍ တံခါးနှစ်ပေါက်ပါရှိသော Ferrari Pininfarina Sergio သည် မြင်းကောင်ရေအား 570 bhp ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းမှာ တစ်နာရီလျှင် 322 ကီလိုမီတာရှိပါသည်။

ထိုအပြင် ထိုကား၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ မီလီလျံခန့် ရှိကြောင်း သိရပါသည်။

 

Read 13380 times