NextEV


တရုတ်လျှပ်စစ်ကားကုမ္ပဏီ NextEV သည် ၎င်း၏ အမှတ်တံဆိပ်အသစ်ဖြစ်သော NIO နှင့် ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကားကို မိတ်ဆက်ခဲ့ကြောင်းသိရသည်။

NIO EP9 တွင် မြင်းကောင်ရေ ၁,၃၆၀ ပါဝင်ပြီး ၇.၁ စက္ကန့်အတွင်း ရပ်ထားရာမှ တစ်နာရီမိုင် ၁၆၀ နှုန်းအထိ အရှိန်တင်နိုင်မည်ဖြစ်သည်။

ထိုကား၏ စွမ်းဆောင်ရည်မှာ LaFerrai နှင့် McLaren P1 တို့လိုထိပ်တန်း hybrid စူပါကားတွေနှင့် ယှဉ်နိုင်ပါသည်။

NIO EP9 တွင် စွမ်းဆောင်ရည်မြင့်မော်တာ ၄ လုံးနှင့် သီးခြားဂီယာအုံ ၄ ခုပါဝင်ကြောင်းသိရသည်။

အမြင့်ဆုံးအမြင့်နှုန်းမှာ တစ်နာရီမိုင် ၁၉၀ ခန့်ရှိမည်ဖြစ်သည်။

ဘက်ထရီကို အားပြန်သွင်းရာတွင် ၄၅ မိနစ်ကြာမြင့်ပြီး မိုင်၂၆၀ ခန့်အကွာအဝေးအထိ မောင်းနှင်းနိုင်မည်ဖြစ်သည်။

Next EV ကို ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံရှန်ဟိုင်းမြို့၌ Bitauto နှင့် auto home မော်တော်ကားဝက်ဘ်ဆိုက်များနှင့် JD.com e-commerce ဆိုက်တို့မှ ရင်းနှီးမြုပ်နှံသူများတွင် Tencent နှင့် Hillhouse Capital တို့ပါဝင်မည်။

အဆိုပါကုမ္ပဏီသည် ဥရောပ၊ အာရှနှင့် အမေရိကန်ရှိ နေရာ ၆ ခုတွင် လည်ပတ်လုပ်ဆောင်လျှက် ရှိကြောင်းသိရသည်။

Read 1633 times