ယာဉ်တိုက်မှုဖြစ်လျှင် အကူအညီများပေးနိုင်မယ့် App ကို Volvo က ဖန်တီး


ဘယ်သူမှတော့ ယာဉ်တိုက်မှု မဖြစ်ချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်သွားရင်တော့ အကူအညီများ ပေးနိုင်မယ့် App ကို Volvo က ဖန်တီးလိုက်ပါတယ်။ App ရဲ့ အမည်က Accident Advisor ဖြစ်ပါတယ်။

သူဟာ Volvo ရဲ့ လက်ရှိ အရေးပေါ် ဝန်ဆောင်မှုရဲ့ တိုးချဲ့မှု တစ်ခု ဖြစ်ပါတယ်။ ကားဟာ ယာဉ်မတော်တဆဖြစ်တာနဲ့ Call Center ကို အလိုလို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အော်ပရေတာက App ကို ဖွင့်နိုင်မယ့် လင့်ကို စမတ်ဖုန်းထံ ပေးပို့ပေးမှာပါ။ App က အရေးပေါ် ကယ်ဆယ်ရေး ဌာနများကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်များနဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်များကို ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အာမခံ ကုမ္ပဏီကိုလည်း ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနီးအနားမှာ ကားပြင်တဲ့ ဆိုင်များကိုပါ ရှာဖွေပေးမှာ ဖြစ်ပါတယ်။

Volvo က ၂၀၁၅ ခုနှစ်နဲ့ နောက်ပိုင်းထုတ် ကားများအားလုံးမှာ Accident Advisor ကို အခမဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကားမော်ဒယ် အဟောင်းများမှာတော့ App ကို ထောက်ပံ့မယ့် ကိရိယာ မပါလာပါဘူး။ ဒါပေမယ့် ကား မော်ဒယ် အဟောင်းပိုင်ရှင်များဟာ Volvo Customer Care ရဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပါတယ်။

Volvo ဟာ သူ့ရဲ့ ကားများမှာ ယာဉ်တိုက်မှုများကို လျှော့ချပေးမယ့် နည်းပညာများကို ထည့်သွင်းပေးနေပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း ကားများရဲ့ အမြန်ဆုံး အရှိန်ကို 112 mph ကို လျှော့ချနိုင်မယ့် နည်းပညာကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။

Read 444 times