စက္ကန့် ၉၀ တိုင်းမှာ စကူတာ အသစ် တစီး
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယနိုင်ငံတောင်ပိုင်း Bangalore မြို့ကြီးနှင့် အလှမ်းမဝေးသော Hosur မှ စက်ရုံတစ်ရုံတွင် တပ်ဆင်ရေးလိုင်းသည် လျှပ်ပြက်သည့်နှယ် မြန်ဆန်သော လှုပ်ရှားမှုများဖြင့် လျှပ်စစ်စကူတာများကို ထုတ်လုပ်နေသည်။
စက်ရုံလုပ်သားများဟည် စက္ကန့် ၉၀ တိုင်း လျှပ်စစ်စကူတာ အသစ်စက်စက် တစ်စီးကို ထုတ်လုပ်နေသည်။
"လျှပ်စစ် ၂ ဘီးတပ်ယာဉ်တွေ အိန္ဒိယမှာ အရူးအမူး ဝယ်စီးနေကြတယ်" ဟု လျှပ်စစ်စကူတာထုတ်လုပ်သည့် Ather Energy ၏ အသက် ၃၃ နှစ်အရွယ် စီအီးအို Tarun Mehta က ပြောကြားသည်။
"လွန်ခဲ့တဲ့ ၃ နှစ်က ကုမ္ပဏီက တစ်လကို အစီးရေ ၂၀၀ လောက်ပဲ ရောင်းရတယ်” ဟု Mehta က ပြောသည်။ ယခု လစဉ် အစီးရေ ၁၅၀၀၀ ခန့်ကို အသာကလေး ရောင်းလို့ ကုန်သည်ဟု ၎င်းက ပြောကြားသည်။
အိန္ဒိယ၏ တကိုယ်ရေသုံး လျှပ်စစ်ယာဉ်ကဏ္ဍဈေးကွက်သည် ၂၀၃၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။
ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ အိန္ဒိယ၌ ၂ဘီးယာဉ်နှင့် ၃ ဘီးယာဉ် စုစုပေါင်း အရေအတွက်က ၄ ဘီးယာဉ်ထက် အရေအတွက် ၄ ဆခန့် ရှိသည်။
ပြီးခဲ့သည့် ၃ နှစ်တာတွင် ကနဦးမှတ်ပုံတင်သည့် ၂ဘီးယာဉ်နှင့် ၃ ဘီးယာဉ် စုစုပေါင်း အရေအတွက်သည် ၁၀ ကျော် ပိုများလာခဲ့သည်။ ယခင်က လူဖြင့်ဆွဲသော လံချားနေရာတွင် ယခုအခါ ဘက်ထရီပါဝါဖြင့် သွားသောယာဉ်များက ခရီးသည်များကို ပို့ဆောင်ပေးနေသည်။
အိန္ဒိယမှ Hero MotoCorp သည် ၂ ဘီးယာဉ် ကမ္ဘာ့အများဆုံး ထုတ်လုပ်သူ ဖြစ်လာသည်။ ယခြအခါ လျှပ်စစ် ၂ ဘီးယာဉ်များအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်။
အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် အသစ် ရောင်းချသည့် ၂ ဘီးယာဉ်နှင့် ၃ ဘီးယာဉ်များတွင် အနည်းဆုံး သုံးပုံနှစ်ပုံသည် လျှပ်စစ်ယာဉ် ဖြစ်ရမည်ဟု ရည်မှန်းချက် ချမှတ်ထားသည်။
၂၀၂၂ တွင် အသစ် ရောင်းချသည့် ၂ ဘီးယာဉ်များတွင် ၇% သည် လျှပ်စစ်ယာဉ်များ ဖြစ်ကြသည်။ လွန်ခဲ့သည့် ၃ နှစ်က လျှပ်စစ် ၂ ဘီးယာဉ် အရေအတွက် မပြောပလောက်သော အရေအတွက်သာ ရှိခဲ့ရာမှ ၂၀၂၂ နှစ်ကုန်တွင် အစီးရေ ၁ သန်းဝန်းကျင် ရှိသည်အထိ များလာခဲ့ပါသည်။
အစိုးရက “FAME” ဟု အမည်ပေးထားသော လျှပ်စစ်ယာဉ်များ အမြန် လက်ခံသုံးစွဲ နှင့် ထုတ်လုပ်ရေး Faster Adoption and Manufacturing of Electric Vehicles မူဝါဒကို အကောင်အထည်ဖော်နေသည်။ ထောက်ပံ့မည့် အစီအစဉ်အတွက် ကန်ဒေါ်လာ ၁.၂ ဘီလီယံ သုံးစွဲမည်။ အီးဗီ ဝယ်စီးသူများကို ထောက်ပံ့ကြေး ပေးမည်။ အားသွင်းရုံများ ထောင်ချီ ထူထောင်မည်။
အခြားနိုင်ငံများနည်းတူ အိန္ဒိယသည် အားသွင်းရုံများအတွက် အခြေခံအဆောက်အအုံ ထူထောင်ရာတွင် နောက်ကျနေပါသည်။
အမီလိုက်ရန် ပြောင်းလဲဖို့ အာဏာပိုင်တို့က ကြိုးပမ်းအားထုတ်နေသည်။ ပြည်နယ် ၂၅ ခုမှ မြို့ကြီး ၈၈ မြို့တွင် အားသွင်းကွန်ရက်များ ထူထောင်နေသည်။
Source cnn
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL