ဒီဇင်ဘာလအတွင်းပြုလုပ်သည့် ပြည်မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒများကို ဖြေလျှော့ပေးခဲ့ပြီး (တစ်ဦးချင်းကား တင်သွင်း ခွင့်ပြုပေးပြီး) ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်ထိ လေးနှစ်ကျော်အတွင်း တစ်နိုင်ငံလုံးတွင် ကားအစီးရေ သုံးသန်းကျော် များပြားလာကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောပါတယ်။သူ့လွှတ်တော်အစည်းအဝေးတွင် လေးမျက်နှာမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဇော်မင်းသိန်းတင်သွင်းသည့် နေ့စဉ် ယာဉ်တိုက်ခိုက်မှုများကြောင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူသားအရင်းအမြစ်များ ထိခိုက်သေဆုံးမှုလျှော့ချနိုင်ရန် အရှိန်မြှင့်တင်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
“မော်တော်ယာဉ်တင်သွင်းရေးမူဝါဒများကို ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းကြောင့် မော်တော်ယာဉ်အစီးရေဟာ တစ်နှစ်ထက်တစ်နှစ် လျှင်မြန်စွာတိုးတက်လျက်ရှိပါတယ်၊ ၂၀၁၃ နှစ်ကုန်တွင် ယာဉ်အစီးရေ ၄ သန်းရှိရာမှ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ၇ သန်း ရှိလာပါတယ်၊ လေးနှစ်ကျော်အတွင်း ယာဉ်အစီးရေ ၃ သန်းကျော်တိုးတက်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါတယ်။
ကားတင်သွင်းခွင့်မူဝါဒနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ကားတင်သွင်းခွင့်မူဝါဒမှစတင်၍ ကားမော်ဒယ်သတ်မှတ်ချက်များကို မြှင့်တင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကားမူဝါဒတွင် ဘယ်မောင်းများကိုသာ ခွင့်ပြုခဲ့သည့်အပြင် ရန်ကုန်တိုင်းအစိုးရကလည်း မြို့တွင်းယာဉ်ကြပ်တည်းမှုကို ထိန်းချုပ်ရန်အတွက်ဆိုကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ ရန်ကုန်လိုင်စင် ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိတွင် ယာဉ်အစီးရေလေးသန်းထိများပြားနေခြင်းလည်းဖြစ်ပါတယ်။
လက်ရှိထုတ်ပြန်ပေးထားသော ၂၀၁၉ ခုနှစ်မူဝါဒတွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံ၍ လူစီးမော်တော်ယာဉ်များ တင်သွင်းမည်ဆိုပါက ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ထားသော ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်ပါတယ်။
ကုန်တင်ယာဉ်များ တင်သွင်းမည်ဆိုပါက ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ထုတ်လုပ်ထားသော ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်ဖြစ်သည့် Mini Bus, City Bus ,Express Bus များ တင်သွင်းမည်ဆိုပါက ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
၂၀၁၉ ခုနှစ် ကားတင်ခွင့်မူဝါဒနှင့် ပတ်သက်ပြီး ကားဈေးကွက်အတွင်း ထူးခြားသောပြောင်းလဲမှုများရှိမည်မဟုတ်ကြောင်း လည်းပြောကြားခဲ့ပါတယ်။ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာမူဝါဒများသည် တစ်နှစ်လျှင် တစ်ခါပြောင်းလဲလေ့ရှိပြီး ၂၀၁၉ ခုနှစ်အတွက် ယာဉ်တင်သွင်းခြင်းဆိုင်ရာမူဝါဒအသစ်ကို အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ပေးခဲ့ပါတယ်။