ပြည်တွင်းသို့ စတင်မိတ်ဆက်လိုက်သော New Peugeot 3008 SUV ကားသစ်


New Peugeot 3008 SUV ကားသစ်ကို ပြည်တွင်း ဈေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

New Peugeot 3008 SUV သည် SUV ကားအမျိုးအစားဖြစ်ပြီး 1.6 L THP Turbo High Pressure 14 Engine ဓာတ်ဆီ အင်ဂျင်နှင့် 6 Speed Auto Gear Box တို့ကို တွဲဖက်တပ်ဆင်ထားသည်။

ကားအပြင်ပိုင်းအပြင်အဆင်တွင် လေခွင်းအားကောင်းစွာ တုံ့ပြန်နိုင်သည့် Aerodynamic Design ဖြင့်ပြုလုပ်ထားသည့် အရှေ့ဘက်တွင် Grille Design ကို ဝင့်ကြွားသည့်ပုံစံ တွေ့မြင်နိုင်ပြီး Xenon Head Lamp မီးသီးနှစ်လုံး ပါဝင်သည့် ရှေ့မီးကြီးကို လှပစွာပုံဖော်ထားသည့် LED Daytime Running Light နှင့် နှင်းခွဲမီးများလည်း တပ်ဆင်ထားသည်။

အနောက်ဘက်တွင် LED Brake Lamp များပါဝင်ပြီး Peugeot ၏ မူပိုင် ဖြစ်သည့် ခြင်္သေ့ လက်သည်း သကေင်္တကို တွေ့မြင်နိုင်မည်ဖြစ်သည်။

ကားအတွင်းပိုင်းတွင် ထိုင်ခုံများကို Premium Leather အမျိုးအစားတပ်ဆင်ထားပြီး အရှေ့ ဘက် ထိုင်ခုံနှစ်လုံးမှာ အပူ၊ အအေး စနစ်နှင့် Massage စနစ် ပါရှိမည် ဖြစ်သည်။

ငါးယောက်စီး ကားအမျိုးအစားဖြစ်ပြီး Panoramic View Sunroof ၊USB Bluetooth ၊ Wireless Charger တို့ ပါဝင်မည်ဖြစ်သည်။

Audio စနစ်တွင် စပီကာ ကိုးလုံးပါဝင်ပြီး Focal Hi Fi Sound System ၊I-Cockpit System များ ပါဝင်မည် ဖြစ်သည်။

New Peugeot 3008 SUV ကားသည် လုံခြုံရေးအဆင့်မြင့်မားသလို ခေတ်မီနည်းပညာများကိုလည်း အသုံးပြုထားသည်။

လုံခြုံရေးအတွက် လေအိတ်ခြောက်လုံး၊ Active Brake System ၊Blind Spot Monitor ၊ LDWS ၊ Adaptive Cruise Control ၊ အရှေ့၊ အနောက်မြင်ကွင်းကို ကောင်းစွာ မြင်နိုင်သော ကင်မရာ၊ Driver Attention Warning တို့ ပါဝင်မည်ဖြစ်သည်။

New Peugeot 3008 SUV ကားအမျိုးအစားသစ်ကို အမေရိကန်ဒေါ်လာ ၆၉,၈ဝဝ ဝန်းကျင်ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံ ပေးထားကြောင်း Peugeot Myanmar မှ သိရသည်။

 

Read 2155 times