မီနီကူးပါး အီးဗီမော်ဒယ်အသစ် အရောင်းလိုင်စင် လျှောက်ထား


မီနီကူးပါး အီးဗီမော်ဒယ်အသစ် အရောင်းလိုင်စင် လျှောက်ထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မီနီကူးပါး အီးဗီမော်ဒယ်အသစ်ကို 135 kW နှင့် 160 kW ဗားရှင်း နှစ်မျိုး ထုတ်လုပ်သည်။

ဘေးတံခါး ၂ ပေါက် ၊ ၄ ယောက်စီး ဖြစ်ပါသည်။

Mini Cooper 135 kW (181 hp), သည် အမြန်ဆုံး အမြန်နှုန်း 160 km/h ဖြစ်ပြီး Mini Cooper S 160 kW (214 hp) သည် အမြန်ဆုံး အမြန်နှုန်း 170 km/h ဖြစ်ပါသည်။

မီနီကူးပါး အီးဗီ အရွယ်အစားမှာ

• အလျား 3858 mm

• အကျယ် 1756 mm

• အမြင့် 1458 mm

• ခါးအလျား 2526 mm

ဖြစ်ပါသည်။ 

 

Mini 3D Hatch ထက် အလျား 18 mm တိုပြီး အကျယ်မှာ 29 mm ပိုကျယ်သည်။ အမြင့်သည် 44 mm ပိုမြင့်သည်။

တရုတ်ပြည်တွင် BMW နှင့် Great Wall Motor (GWM) တို့ ၂၀၁၉ ခုနှစ်တွင် ထူထောင်သည့် Spotlight Automotive ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်ပါသည်။

Spotlight Automotive ဖက်စပ်လုပ်ငန်းကို BMW နှင့် GWM တို့ ၅၀% စီ ပိုင်ဆိုင်ပါသည်။ 

ထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းလုပ်ကိုင်ကြပြီး ဈေးကွက်တင်ပြီး ရောင်းချရာတွင် တသီးတခြား ရပ်တည်ပြီး လုပ်ဆောင်ပါသည်။

 

Mini Cooper EV မော်ဒယ်အသစ်ကို တရုတ်နိုင်ငံရှိ Spotlight Automotive ကားစက်ရုံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်လုပ်သည်။

ယခုအခါ တရုတ်ပြည်တွင်းဈေးကွက်တွင် ရောင်းချခွင့်အတွက် ခွင့်ပြုမိန့် လိုင်စင် လျှောက်ထားဆဲဖြစ်ပါသည်။

Source: MIIT


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1232 times