ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိလာတဲ့ MG Mulan
တရုတ်နိုင်ငံမှ နိုင်ငံပိုင် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း SAIC Motors က တရုတ်ပြည်တွင်းဈေးကွက်မှာ MG Mulan လို့ အမည်ပေးထားတဲ့ ကားမော်ဒယ်ကို ကမ္ဘာ့ဈေးကွက်ထဲ စေလွှတ်တဲ့အခါ MG4 EV လို့ မော်ဒယ်အမည်ပေးပါတယ်။ MG4 EV ကို ထုတ်လုပ်ခဲ့ပြီး စမ်းသပ်နေခဲ့တာ တစ်နှစ်ကျော်ပါပြီ။ ယခုမှ စီးရေ ၁၀,၀၀၀ ကို ပထမအသုတ်အဖြစ် ပြည်ပသို့ တင်ပို့ပါတယ်။
MG Mulan ရဲ့ ဒီဇိုင်းနှင့် အင်္ဂ်ါရပ်များက Nissan Leaf ပထမမျိုးဆက်နှင့် တော်တော်ဆင်တူပါတယ်။
Modular Scalable Platform (MSP)
ပလက်ဖောင်းအသစ် Modular Scalable Platform (MSP) ပေါ်မှာ တည်ဆောက်ထားပါတယ်။ MSP ဖြင့် အဦးဆုံး ထုတ်လုပ်တဲ့ ကားမော်ဒယ် ဖြစ်ပါတယ်။ MSP ပလက်ဖောင်းပေါ်မှာ လျှပ်စစ်ကား hatchback, sedan, SUV, Supercar တို့ကို တည်ဆောက်လို့ ရပါတယ်။ တရုတ်နိုင်ငံမှာတော့ Nebula လို့ အမည်ပေးထားပါတယ်။ နောက်ဘီးယက်၊ နောက်ဝင်ရိုးမှာ မော်တာထိုင်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။
ဒါပေမဲ့ MG က မော်တာ ရှေ့မှာတစ်လုံး၊ နောက်မှာတစ်လုံး ထိုင်ပြီး ၄ ဘီယက်အဖြစ်ဖြင့် ထုတ်လုပ်ဖို့ အတွက်လည်း သုံးပါတယ်။ ထူးခြားချက်တစ်ခုက အလေးချိန်မျှဝေမှု အချိုးညီတဲ့ ပလက်ဖောင်း ဖြစ်ပါတယ်။
MG Mulan နောက်ဘီးယက်က ပါဝါ 168 bhp အထိ ရနိုင်ပြီး ၄ ဘီးယက်က ပါဝါ 201 bhp အထိ ရနိုင်ပါတယ်။ ဘက်ထရီက Lithium Nickel Manganese Cobalt ဘက်ထရီအမျိုးအစား ဖြစ်ပါတယ်။ ဘက်ထရီအမြင့် 4.3” (110mm) မျှသာ ရှိပါတယ်။
MG Mulan ကို ဥရောပ ဈေးကွက်မှာ MG brand ရဲ့ မူလမိခင်နိုင်ငံဖြစ်တဲ့ ဗြိတိန်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။
Source rushlane
#MyanmarAutomobileGuide
To join Telegram Channel https://t.me/Guid4U