မြန်မာနိုင်ငံဈေးကွက်ထဲရောက်ရှိလာတဲ့ New Ford Ranger ကားအသစ်


လျင်မြန်ဖျတ်လက်တဲ့ပါကင်အကူစနစ် Active Park Assist (APA) က ယာဉ်မောင်းသမားတွေအတွက် ယာဉ်မောင်းပါကင်ထိုးချိန်ခံစားရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေအတွက် semi-automatic ကားပါကင်ထိုးစနစ်နဲ့ ကူညီဖြေရှင်းပေးမှာဖြစ်ပါတယ်။

သော့မဲ့တံခါး အဝင်အထွက်စနစ်၊ push-button နဲ့ ကားစက်အင်ဂျင်နှိုးစနစ်၊ ကားနောက် ပိုင်းပင့်တင်စနစ် အလွယ်တကူဖြစ်ခြင်း ၊ Apple Car Play စနစ် နှင့် Android Auto compatibility တို့ကိုပါ အသုံးပြုနိုင်တဲ့ SYNC 3 စနစ်တို့လည်း ပါဝင်ပါတယ်။

ဈေးနှုန်းအားဖြင့် ကားအမျိုးအစားအသစ် Ford Ranger ကို ဒေါ်လာ ၃၃,၀၀၀ မှ စတင်ရွေးချယ်နိုင်ပါတယ်။

Ford Motor ကုမ္ပဏီ နှင့် Capital Automotive Co.,Ltd တို့ပူးပေါင်းပြီး Ford ကားအမျိုးအစားအသစ် New Ranger ကို ယနေ့မှာ ဈေးကွက်မိတ်ဆက်ပေးလိုက်ပါတယ်။

ပိုပြီးတော့ မောင်းနှင်မှု လုပ်နိုင်စွမ်းတွေရှိတဲ့ ပစ်ကပ် ကားအမျိုးအစားဖြစ်ပြီး အဆန်းသစ်ဆုံးနဲ့ ထွက်ရှိထားတဲ့ကားအမျိုးအစားမှာဆိုရင် နည်းပညာစနစ်၊ လုံခြုံရေးနဲ့ ဘက်စုံသုံးလုပ်ဆောင်ချက်တွေကြောင့် ထိပ်တန်းက ဦးဆောင်နေတဲ့ ကားအမျိုးအစားသစ်ဖြစ်ပါတယ်။

“Built Ford Tough” Ford ရဲ့ Ranger ကားအမျိုးအစားအသစ်ကို လုပ်နိုင်စွမ်း၊ စွမ်းဆောင်ရည်တွေအပေါ်မှာ တည်ဆောက်ထားပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြမ်းမောင်းနှင်မှုမှာဆိုရင်လည်း ကားအမျိုးအစားရဲ့ စွမ်းဆောင်ရည်ကို ပြီးပြည့်စုံတဲ့ မောင်းနှင်မှုနဲ့ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်တွေရဲ့ နေ့စဉ်လူနေမှုဘဝပုံစံတွေမှာ ကားမောင်းနှင်အသုံးချမှုအတွက် အကောင်းဆုံးနဲ့ အသုံးဝင်ဆုံးဖြစ်အောင် တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းကားဈေးကွက်ထဲ Ford ရဲ့ New Ranger ကားအမျိုးအစားကအဖြစ် Wildtrak , XLT, XL ဆိုပြီး အမျိုးအစား ၃ မျိုးအထိ ရောက်ရှိလာတာပဲဖြစ်ပါတယ်။

Tougher, Smarter

==============

Ford ရဲ့ Pre- Collision Assist ( ယာဉ်တိုက်မှုမဖြစ်မီ အကူစနစ်) က Inter- Urban Autonomous Emergency Braking( AEB) စနစ်ကို အသုံးပြုပေးထားပြီး မော်တော်ယာဉ်မတော်တဆမှု ကာကွယ်ပေးခြင်းနဲ့ လမ်းအသုံးပြုသူ ကာကွယ်စောင့်ရှောက်ပေးတဲ့စနစ်တွေက New Ranger ကားအမျိုးအစားအသစ်မှာ ထည့်သွင်းထုတ်လုပ်ပေးထားပါတယ်။

ဒီစနစ်ဟာဆိုရင် လမ်းအသုံးပြုသူတွေကို ယာဉ်မတော်တဆမှုကနေ ကာကွယ်ပေးဖို့အတွက် ဖန်တီး တည်ဆောက်ပေးထားခြင်းဖြစ်ပြီးတော့ မော်တော်ယာဉ်ကို နောက်ဘက်ကနေ ယာဉ်တိုက်မှုဖြစ်ပွားခြင်း လျှော့ချပေးဖို့ ကူညီနိုင်ခြင်း၊ ယာဉ်ကြောကျပ်တည်းတဲ့ လမ်းမပေါ် ယာဉ်မတော်တဆမှုနှင့် လမ်းအသုံးပြုသူ ယာဉ်တိုက်မှုဖြစ်ပေါ်ခြင်းတွေကို လျော့ချပေးနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

စနစ်ရဲ့ လုပ်ဆောင်မှုဟာဆိုရင်လည်း တစ်နာရီ ၃.၆ ကီလိုမီတာမှာ လုပ်ဆောင်မှာဖြစ်ပါတယ်။

လမ်းကြောင်းအကူစနစ်နဲ့ လမ်းကြောင်းပေါ် မောင်းနှင်မှုသတိပေးစနစ်၊ လျင်မြန်ဖျတ်လက်တဲ့ မောင်းနှင်ထိန်းချုပ်မှုစနစ်တွေနဲ့အတူ Ford မှာပါဝင်တဲ့ ယာဉ်မတော်တဆမှုကို သတိပေးစနစ်တွေဟာ New Ranger ကားအမျိုးအစားအသစ်မှာ ထည့်သွင်းထုတ်လုပ်ပေးထားပါတယ်။

ပထမဆုံးအစိတ်အပိုင်းမှာဆိုရင် New Ranger က ယာဉ်မောင်းသမားတွေအတွက် ပါကင်ထိုးချိန် ခံစားရတဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေအတွက် ကူညီပေးနိုင်မယ့် လျင်မြန်ဖျတ်လက် တဲ့ပါကင်အကူစနစ်ပါဝင်တဲ့ မော်တော်ယာဉ်လုပ်ဆောင်မှုတွေမှာ အလွယ်တကူပဲ အသုံးပြုမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

မော်တော်ယာဉ်မောင်းတွေအနေဖြင့် အရှိန်လျှော့ချပြီး ဘရိတ်တွေအသုံးချရုံဖြင့် ဒီစနစ်တွေက Ranger ကို ပါကင်နေရာမှာ ကားပါကင်ထိုးနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

အမြဲတမ်း လွယ်လွယ်ကူကူပဲ အသုံးပြုနိုင်တဲ့ Wildtrak ကို ပထမဆုံးသော အစိတ်အပိုင်းထုတ်လုပ်မှုနဲ့၊ အလွယ်တကူပဲ နောက်ပိုင်းပင့်တင်နိုင်မှုတွေနဲ့ မိတ်ဆက်ထုတ်လုပ်ပေးထားပါတယ်။

အတွင်းပိုင်းစက်ယန္တရားဖွဲ့ စည်း တည်ဆောက်မှုအသစ်နဲ့ Ford ရဲ့ Ranger ကားအမျိုးအစားအသစ်ကို နောက်မြှီးပိုင်းက ပိုပြီးပေါ့ပေါ့ပါးပါးနဲ့ ပင့်တင်လို့ရနိုင်မှာဖြစ်ပြီးတော့ ပိတ်ဖို့အတွက် ကနဦးတွန်းအားရဲ့ ၇၀ ရာခိုင်နှုန်းကို လျော့ချပေးထားပါတယ်။

ဒီစနစ်က ကားနောက်မြှီးပိုင်းကို ပင့်တင်ခြင်းမှာ ကူညီပေးနိုင်ရုံမက အလွယ်အကူပဲ ဖြစ်စေမှာဖြစ်ပါတယ်။

Ranger’s fresh face

===============

New Ranger ရဲ့ ခက်ထန်ပြီး ရုပ်ထွက်ကြမ်းကြမ်းတမ်းတမ်းက တကယ့်ကို စတိုင်လ်ကျတဲ့ ကားရုပ်ထွက် ပြောင်းလဲမှုတွေနဲ့အတူ လမ်းမပေါ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ပိုပြီးတော့ သန့်ရှင်းတဲ့ ဇကာကွက်၊ သံတိုင်တန်းတွေ က ပြတ်ပြတ်သားသားမြင်တွေ့နိုင်ဖို့၊ ကားနောက်ပိုင်းက ခပ်နိမ့်နိမ့်ဘန်ပါဖုံးက ပိုပြီးတော့ မြင်ကွင်းရှင်းရှင်းနဲ့ မြင်တွေ့ရနိုင်ဖို့နဲ့ ပိုပြီး ညီမျှတဲ့ ရုပ်ထွက်အတွက်နဲ့ ပိုပြီးကျယ်တဲ့ ဝင်ထွက်ပေါက်တွေအတွက်ပဲ ဖြစ်ပါတယ်။

Ranger Wildtrak ၊ XLT ကားတို့မှာဆိုရင် LED နေ့မီးအလင်းနဲ့ HID ရှေ့မီးသီးတွေက ပိုမိုကောင်းမွန်တဲ့ မြင်ကွင်းမြင်နိုင်မှုအတွက် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ကားမော်ဒယ်အမျိုးအစားတွေကြားမှာလည်း ရှင်းရှင်းလင်းလင်းနဲ့ ထင်ထင်ရှားရှား ရှိနေမှာပါ။ ဘန်ပါ တည်ဆောက်မှုပုံစံ၊ ကာလာတွေက မော်ဒယ်တစ်ခုစီတိုင်းမှာ နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ထွက်ပုံစံတွေအဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

Ranger XLT ရဲ့ Chrome brightwork နဲ့ Ranger Wildtrak ရဲ့ Monument accents တို့က ထွက်ရှိလာတဲ့ ကားအမျိုးအစားတစ်ခုစီရဲ့ တကယ့်ကို ပြိုင်ဘက်ကင်းပြီး ခမ်းနားတဲ့အနေအထားပုံစံမျိုးကို ပုံရိပ်ထင်စေမှာဖြစ်ပါတယ်။

နောက်ပြီး Wildtrak ရဲ့ အရောင်အသစ် Sabre ကလည်း တကယ့်ကို ဟီးရိုးကာလာလိုပါပဲ။ Wildtrak ရဲ့ Sabre ကိုယ်ထည်ပုံဖော်မှုက ငွေမှင်ရောင်နဲ့ လိမ္မော်ရောင်အများအပြားကို စပ်ပြီးပုံဖော်ဆေးခြယ် ထားပါတယ်။

တောင့်တင်းခိုင်မာမှုနဲ့ယှဉ်ပြီးတော့ ဇကာကွက်တွေနဲ့ တန်းတွေမှာဆိုလည်း နက်မှောင်တဲ့ မီးခိုးရောင်တွေသုံးပေးထားပါတယ်။ Wildtrak sports-bar နဲ့ ကာလာနှစ်ခုစပ် အလွိုင်းဘီးဂွေတွေက Wildtrak ရဲ့ နောက်ထပ်ကွဲပြားခြားမှုတွေနဲ့ ပုံဖော်တည်ဆောက်ပေးထားတာဖြစ်ပါတယ်။

Mission Control

============

Ranger ကားအမျိုးအစားကို ယခုအချိန်မှာ Passive Entry Passive Start ( PEPS) သောမဲ့တံခါးစနစ်တွေနဲ့ မှာယူနိုင်ပါတယ်။ နောက်ပြီး Push-button စက်အင်ဂျင်နှိုးစနစ်က XTL ၊ Wildtrak ကားအမျိုးအစားတို့မှာ ပါဝင်လာပါတယ်။

ကားအမျိုးအစားအသစ် New Ranger ရဲ့ အတွင်းခန်းမှာဆိုရင် အလုပ်လုပ်တဲ့ ရက်သတ္တပတ်တာတွေ၊ ရှည်လျားတဲ့ ခရီးရက်သတ္တပတ်တွေ၊ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးကြမ်းမောင်းနှင်မှုတွေမှာ မြင့်မားတဲ့စွမ်းဆောင်ရည်၊ လုပ်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် အဆင့်မြင့်ပြီးသား အခင်းအကျင်း ပြင်ဆင်တည်ဆောက်မှုတွေကို ပြင်ဆင်ပေးထားပါတယ်။

ကားအတွင်းခန်းမှာ လှည့်စားထားတဲ့ ထိတွေ့စမ်းသပ်နိုင်တဲ့ မျက်နှာပြင် တွေက ထိတွေ့ခြင်းနဲ့ ခံစားမှုတွေမှာဆိုရင် ကြာရှည်ခံနိုင်ရည်ရှိဖို့ သေချာစေပါတယ်။

ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ Ranger ရဲ့အတွင်းခန်းတွေဟာ အနက်ရောင်ဆန်ဆန် ပြိုင်ကားဒီဇိုင်းပုံစံတည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။

ကွဲပြားခြားနားမှုနဲ့ နှိုင်းယှဉ်မှုအသေးစိတ်တွေမှာဆိုရင်လည်း New Ranger ကို ပရီမီယမ်ခံစားမှုရရှိ စေဖို့အတွက် ငွေရောင်နဲ့ချုပ်ရိုးကြောင်းတွေ၊ ခရုမ်းအရိပ်အယောင်တွေကို မြင်တွေ့ရပါတယ်။

SYNC 3 က Apple Car Play နဲ့၊ Android Auto compatibility တွေကို လိုက်ဖက်ညီပြင်ဆင်မှုတွေ ဆက်လက် လုပ်ဆောင်ပေးနေပြီး ဘလူးသုသ် (Bluetooth) နဲ့ ၈.၀ လက်မရှိတဲ့ ရောင်ပြည့်ဖန်သားတို့ထိမျက်နှာပြင်၊ နောက်ဘက်ကြည့် မှန်တို့ ပါဝင်ပါတယ်။ SYNC3 က အက်ပဲလ်ရဲ့ မြေပုံစနစ်အသုံးပြုနိုင်ပြီးတော့ New Ranger က မိုဘိုင်းဖုန်း ဆက်သွယ်ချိတ်ဆက်နိုင်မှုကြောင့် အဝေးကို ရောက်သွားခဲ့သည့်တိုင်အောင် အဆင့်မြင့် ဂြိုလ်တုဖမ်းစနစ်တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီစနစ်ကို ယခုအချိန်မှာ အသံနဲ့ အမိန့်ပေးညွှန်ကြားပြီး နားလည် လက်ခံနိုင်မှုတွေတောင် လုပ်ဆောင်နိုင်ပါပြီ။

Go anywhere attitude

================

New Ranger ရဲ့ အထင်ကြီးစရာကောင်းတဲ့စွမ်းအား၊ လုပ်ဆောင်နိုင်မှုနဲ့ ဝန်တင်အား၊ ဆွဲနိုင်အားတွေဟာ တကယ့်ကို စိတ်ကျေနပ်အပြည့်နဲ့ ကျေးဇူးတင်စရာကောင်းတဲ့ စွမ်းအားနဲ့ အကျိုးဖြစ်ထွန်းတဲ့ အင်ဂျင်စက်လည်ပတ်မှုကို့ အော်တိုဂီယာခြောက်ချက်ထိုးနဲ့ မန်နျူရယ်ဂီယာထိုးချက်တွေလည်း (six-speed automatic or manual transmission) ထောက်ပံ့ပေးထားပါတယ်။

လေးလံတဲ့ ဝန်ဆွဲခြင်းတွေအတွက် အများဆုံးစွမ်းအားပါဝါနဲ့ ရုန်းအားတွေရှိပါတယ်။ Ford ရဲ့နောက်ဆုံးမျိုး ဆက်မှာယူခြင်းအတွက် ၃.၂ လီတာ Duratorq five-cylinder TDCi ဒီဇယ်အင်ဂျင်၊ ပါဝါက ၁၄၇ ကီလိုဝပ်နဲ့ ရုန်းအားဟာ ၄၇၀ တို့နဲ့ ရနိုင်ပါတယ်။

ထို့အပြင် Customer တွေအနေနဲ့ Ford ရဲ့ နောက်ဆုံးမျိုးဆက်ကို ၂.၂ လီတာ Duratorq four -cylinder TDCi ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဒီအင်ဂျင်အမျိုးအစားက လောင်စာသုံးစွဲမှုမှာ ပိုမိုအကျိုးရှိရှိနဲ့ သန့်စင်စွာ အသုံးပြုနိုင်စေမှာဖြစ်ပြီးတော့ Ranger ရဲ့ ယာဉ်ပိုင်ရှင်တွေအလို စွမ်းအားထောက်ပံ့ခြင်းတွေကိုလည်း ပေး မှာဖြစ်ပါတယ်။

On-road comfort, off-road conquered

============================

New Ranger ရဲ့ အောက်ပိုင်းတည်ဆောက်မှုတွင် ကားအောက်ပိုင်းအကွာအဝေးတစ်ခုလုံးကို အဆင့်မြှင့်တင် ပေးထားပြီး ကားလှိမ့်ခြင်းတွေမဖြစ်အောင်ထိန်းချုပ်မှုနဲ့ လျော့ချနိုင်မှုတွေအတွက် ပြင်ဆင်တည်ဆောက်ပေးထားပါတယ်။

ကားဆွဲခြင်းနဲ့ ကုန်စည်အပြည့် တင်ဆောင်မောင်းနှင်ခြင်းတွေမှာ ပိုမိုကောင်းမွန်တိုးတက်တဲ့ မောင်းနှင်မှုအတွေ့အကြုံတွေရအောင် တည်ဆောက်ပေးထားပါတယ်။

Ford ရဲ့ ကားအမျိုးအစားအသစ် ဖန်တီးတည်ဆောက်မှုမှာဆိုရင် လက်တွေ့အားဖြင့်အပြောင်းအလဲတွေများစွာ လည်း လုပ်ဆောင်နိုင်ပါတယ်။

အဲ့ဒါတွေကတော့ ပိုပြီးတော့ တိုးတက်လာတဲ့မောင်းနှင်မှု၊ ကားကိုယ်ထည် လိမ့်သွားခြင်းကို လျော့ချနိုင်မည့်အပြင်ကို စတီယာရင် ပိုမိုတိကျသေချာမှုတွေကို ပေးမှာဖြစ်ပါတယ်။

တိုးတက် ကောင်းမွန်လာတဲ့မောင်းနှင်မှုကြောင့် စစ်မှန်ခြင်းတွေနဲ့ ကားအောက်ပိုင်းပြောင်းလဲမှုတွေက New Ranger ဝန် ဆွဲခြင်းနဲ့ ဝန်တင်ဆောင်နိုင်မှုတွေအတွက် ဦးဆောင်နေတဲ့ ကားအမျိုးအစားအဆင့်တန်းကနေ ပြောင်းလဲသွားစေမှာမဟုတ်ပါဘူး။

Pricing, Colours and Service

======================

New Ranger ရဲ့ ကားအမျိုးအစားမော်ဒယ် ဈေးနှုန်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

Wildtrak – $48,995

XLT – 2 variants, starting from $40,995

XL – starting from $33,995

BASE – starting from $31,995

Ranger ကားအမျိုးအစားကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလာ ၆ ရောင်နဲ့ ရရှိနိုင်ပါတယ်။ နောက်ပြီး ကာလာအသစ် Sabre ကိုလည်း Wildtrak ကားအမျိုးအစားမှာ ရနိုင်ပါတယ်။

Ford Motor ကားထုတ်လုပ်ရေးကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ မီချီဂန်၊ ဒီးယားဘွန်းအခြေစိုက် ကမ္ဘာ လုံးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

ကုမ္ပဏီကနေ ထွက်ရှိသမျှ ဖို့ဒ်ကားအမျိုးအစားတွေ ၊ Truck ကားအမျိုးအစား၊ SUV ကားအမျိုးအစား၊ လျှပ်စစ်ကားအမျိုးအစား၊ လင်ကွန်း (Lincoln) ဇိမ်ခံကား အမျိုးအစား တွေကို ဒီဇိုင်းဆွဲခြင်း၊ ထုတ်လုပ်ခြင်း၊ ဈေးကွက်နဲ့ ဝန်ဆောင်မှုတွေပေးပါတယ်။

Ford Motor ရဲ့ ငွေကြေးဆိုင် ရာချေးယူခြင်းကုမ္ပဏီကနေ ငွေကြေးနဲ့ဘဏ္ဍာရေးဆိုင်ရာအလုပ်တွေကို လုပ်ကိုင်ပေးပါတယ်။

လျှပ်စစ်ကားနဲ့ မောင်းသူမဲ့ကားအမျိုးအစားတွေထုတ်လုပ်ခြင်းမှာ ဦးဆောင်နိုင်တဲ့ ကားထုတ်လုပ်ရေးဖြစ်လာဖို့အတွက် ကုမ္ပဏီကကြိုးပမ်းလျှက်ရှိနေပါတယ်။

Ford ကားထုတ်လုပ်ရေးက ကမ္ဘာတစ်လွှားမှာဆိုရင် လုပ်ငန်းလည်ပတ်နိုင် ဖို့ ဝန်ထမ်းပေါင်း နှစ်သိန်းတစ်ထောင်ကျော်ခန့်အပ်ပြီး လည်ပတ်လုပ်ကိုင်နေပါတယ်။

Ford ရဲ့ ထုတ်ကုန်ကားအမျိုး အစားတွေနဲ့ ပိုမိုတဲ့သတင်းအချက်အလက်တွေ ရယူလိုပါက ဖို့ဒ်မော်တော်ကုမ္ပဏီ ဝက်ဘ်ဆိုက် www.corporate.ford.com သို့ သွားရောက်ပြီး လေ့လာနိုင်ပါတယ်။

Read 790 times