ဘက်ထရီအီးဗီခေတ်ပြီးလျှင် ဟိုက်ဒြိုဂျင် အီးဗီခေတ် လာမည်


ဘက်ထရီအီးဗီခေတ်ပြီးလျှင် ဟိုက်ဒြိုဂျင် အီးဗီခေတ် လာမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

'ဘက်ထရီ EV ခေတ်' သည် အပြည့်အဝ ရောက်ရှိသည့်အခါ  ဟိုက်ဒရိုဂျင်လောင်စာဆဲလ်နည်းပညာသည် အိမ်စီးကား အနာဂတ်တွင် အခန်းကဏ္ဍ တခုအဖြစ် ပခုံးချင်းယှဉ်ပြီး ပါဝင်လာနိုင်သည်။

 

ဟွန်ဒါ၊ တိုယိုတာနှင့် ဟွန်ဒိုင်းတို့သည် ဟိုက်ဒရိုဂျင်ကားကို အားပေးသူများအဖြစ် ကြာရှည်စွာ ရပ်တည်လာခဲ့သည်။

 

ဟွန်ဒါသည် ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်သော FCX Clarity ကို ၂၀၀၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ ဒုတိယမျိုးဆက်မော်ဒယ်ကို ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့သည်။

အရောင်းနှေးခြင်းကြောင့် ဟွန်ဒါသည် ဟိုက်ဒရိုဂျင် လောင်စာသုံး Fuel Cell Vehicle FCV Clarity ကို ရပ်ဆိုင်းလိုက်သည်။

မကြာသေးမီက အမေရိကန်တွင် လက်ရှိ CR-V ၏ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ဗားရှင်းကို မိတ်ဆက်ခဲ့သည်။ အမေရိကန်မှ အကြီးမားဆုံး ကားလုပ်ငန်းကြီး General Motors GM နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည်။

ယခုအခါ ဟိုက်ဒရိုဂျင် အီးဗီ Fuel Cell Electric Vehicle FCEV ထုတ်လုပ်မည့် အစီအစဉ် ရှိသည်။

Honda Motor Europe ဥက္ကဋ္ဌ Inoue Katsushi က "ကျွန်တော့စိတ်ထဲ ထင်မြင်ယူဆတာကို ပြောရရင် ဘက်ထရီအီးဗီခေတ်က ပထမဆုံးရောက်လာပြီး နောက်အဆင့်ကတော့ လောင်စာဆဲလ်ကားတွေပါ" ဟု ပြောကြားသည်။ 

"ဒါပေမဲ့ လောင်စာဆဲလ်ကားခေတ်ကို ရောက်ဖို့က အချိန်ပိုယူရလိမ့်မယ် ထင်တယ်" ဟု ပြောကြားသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်မှာ မရောက်နိုင်၊ ၂၀၄၀ ပြည့်နှစ်မှာ ရောက်နိုင်သည်ဟု သူက ပြောကြားသည်။

 

ဟွန်ဒါသည် ၂၀၄၀ ပြည့်နှစ်တွင် ဘက်ထရီ လျှပ်စစ်ကားနှင့် ဟိုက်ဒရိုဂျင် လောင်စာဆဲကားများကိုသာ ထုတ်လုပ်ရန် ရည်မှန်းချက် ချမှတ်ထားသည်။ 

 

ဟိုက်ဒရိုဂျင် လောင်စာဆဲကားမော်ဒယ် Clarity ရောင်းအားမကောင်းသဖြင့် ထုတ်လုပ်မှု ရပ်လိုက်ရသည်မှာ ဟိုက်ဒရိုဂျင် ဖြည့်တင်းပေးမည့် ကွန်ရက် မရှိသေးခြင်း၊ စမ်းသပ်ထုတ်လုပ်သည့်သဘော ဖြစ်နေသဖြင့် ဈေးကြီးနေခြင်းတို့ကြောင့်ဟု ၎င်းက ပြောကြားသည်။

"ဟိုက်ဒရိုဂျင် လောင်စာဆဲကားက တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ FCEV လုပ်ငန်းသုံးယာဉ်တွေ အလုပ်ဖြစ်မှာပါ။ အချိန်တော့ ယူရမယ်" ဟု Inoue က ပြောကြားသည်။

“စဉ်းစားကြည့်ပါ– လောင်စာဆီဆဲလ် လုပ်ငန်းသုံးယာဉ်တွေ လမ်းပေါ်ကို အရင်ရောက်လာမယ်။ ပြီးမှ အိမ်စီးကားတွေမှာ ဟိုက်ဒရိုဂျင် သုံးလာကြမယ်။ ဟိုက်ဒရိုဂျင်က လုပ်ငန်းသုံးယာဉ်တွေမှာ အရင်စမယ်။ တရုတ်ပြည်မှာ စနေပါပြီ။ အိမ်စီးကားမှာတော့ နောက်နောင်မှ ရမယ်။ အခု မရဘူး"ဟု သူက ပြောသည်။

 

Giga Fuel Cell ဟု အမည်ပေးထားသော FCEV ထရပ်ကားကို ဟွန်ဒါက အီဇူးစူးနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ လမ်းများပေါ် စမ်းသပ်မောင်းနှင်နေသည်။ ၂၀၂၇ ခုနှစ်တွင် စတင်ရောင်းချမည်။ 

Toyota က Mirai မော်ဒယ်ကို ထုတ်လုပ်သည်။ ဟိုက်ဒရိုဂျင် ဖြည့်တင်းျပးမည့်နေရာ အလွန်နည်းပါးနေသဖြင့် Mirai အစီးရေ အနည်းအကျဉ်းသာ ရောင်းချနိုင်ခဲ့သည်။ 

နည်းပညာပိုင်းဆိုင်ရာအကြီးအကဲ Hiroki Nakajima က "ကျွန်တော်တို့ Mirai ကို ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဟိုက်ဒရိုဂျင် ဖြည့်ပေးမယ့် အရောင်းဆိုင်တွေ အရမ်းနည်းနေတယ်။ ဒီတော့ Mirai အစီးရေ နည်းနည်းပါးပါးပဲ ရောင်းရတယ်" ဟု ပြောကြားသည်။

 

 တိုယိုတာက Crown စည်းစိမ် ဆလွန်းကားကို ဂျပန်တွင် လောင်စာဆဲလ် ဗားရှင်း ထုတ်လုပ်ရောင်းချလျက်ရှိသည်။

 

Hyundai က ဟိုက်ဒရိုဂျင်ကားများ ထုတ်လုပ်သည့် လမ်းကြောင်းပေါ်မှာ မောင်းနှင်နေသည်။ ကားဈေးနှုန်းကို ဘက်ထရီသုံးအီးဗီ ဈေးနှုန်းထက် ဈေးပိုမကြီးအောင် လုပ်ဆောင်နေသည်။ ၂၀၄၀ ပြည့်နှစ်တွင် FCEV မော်ဒယ်များကို ရေပန်းစားအောင် လုပ်ရန် အစီအစဉ် ရေးဆွဲထားပါသည်။

 

Source autocar


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3296 times