တရုတ်နိုင်ငံက စွမ်းအင်သစ်ကားကမ္ဘာ့ဈေးကွက်ဝေစု ထက်ဝက်ကျော် ရရှိ


တရုတ်နိုင်ငံက စွမ်းအင်သစ်ကားကမ္ဘာ့ဈေးကွက်ဝေစု ထက်ဝက်ကျော် ရရှိ

တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association အထွေထွေ အတွင်းရေးမှူး Cui Dongshu က ၂၀၂၂ ပထမ ၄လတွင်  ကမ္ဘာ့စွမ်းအင်သစ်ကားဈေးကွက်မှာ တရုတ်နိုင်ငံမှ စွမ်းအင်သစ် အိမ်စီးကားများက ဈေးကွက်ဝေစု ၅၇% ရရှိခဲ့ကြောင်း၊ တရုတ်ပြည်တွင်း ဝယ်လိုအား အားကောင်းနေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားပါသည်။

၂၀၂၂ ဇန်နဝါရီလမှ ဧပြီလအထိ စွမ်းအင်သစ် မော်တော်ယာဉ် new energy vehicle (NEV) စီးရေ ၃.၇၅ သန်း ရောင်းချခဲ့ပြီး လျှပ်စစ်ကားစစ်စစ် စီးရေ၂.၅၆ သန်း၊ ဟိုင်းဘရစ်စီးရေ ၁.၁၇ သန်း ပါဝင်ကြောင်း Cui က ပြောကြားသည်။

ကမ္ဘာ့လျှပ်စစ်ကားစစ်စစ်ဈေးကွက်တွင် တရုတ်ပြည်၏ ဝေစု ကြီးမားသည်။ 

၂၀၁၈ တွင် ၆၀% ရှိခဲ့ပြီး ၂၀၂၀ တွင် ၄၈% သို့ လျော့ကျခဲ့သည်။ ၂၀၂၁ တွင် ၆၀% သို့ ပြန်မြင့်တက်လာသည်။ ၂၀၂၂ ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတွင် ၆၂% ရှိခဲ့သည်။

စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်သည့် SAIC Motor ၏ ဈေးကွက်ဝေစုသည် ၂၀၁၈ တွင် ၄.၈% ရှိခဲ့ပြီး ၂၀၂၀ တွင် ၁၀.၄% သို့ မြင့်တက်သည်။ ၂၀၂၁ တွင် ၁၄.၄% သို့ ထပ်မံမြင့်တက်ခဲ့ပြန်သည်။ ၂၀၂၂ ပထမ ၄ လပတ်တွင် ၁၀.၂% ရရှိခဲ့သည်။

BYD ၏ ဈေးကွက်ဝေစုမှာ ယခင်နှစ်များတွင် ၇% ရှိခဲ့ပြီး ယခုနှစ် ပထမ ၄ လတွင် ၁၀.၆% ရရှိခဲ့သည်။

တရုတ်နိုင်ငံ မော်တော်ယာဉ်အသင်း  China Automobile Association ၏ အချက်အလက်များအရ ယခုနှစ် ပထမ ၄ လ တွင် စွမ်းအင်သစ် မော်တော်ယာဉ် စီးရေ ၁.၀၆၅ သန်း ထုတ်လုပ်ခဲ့ပြီး စီးရေ  ၁.၅၅၆ သန်း ရောင်းချခဲ့သည်။

လျှပ်စစ်ကားစစ်စစ် စီးရေ ၁.၂၇၈ သန်း ထုတ်လုပ်ခဲ့ပြီး စီးရေ ၁.၂၃၉ သန်း ရောင်းချခဲ့သည်။ ထုတ်လုပ်မှုနှင့် ရောင်းချမှု ၂ မျိုးစလုံး ယခင်နှစ် ပထမ ၄ လထက် နှစ်ဆမြင့်တက်ခဲ့ပါသည်။

  #MyanmarAutomobileGuide 

Telegram Channel

https://t.me/Guid4U

https://t.me/Guid4U/315

Read 3885 times