လျှပ်စစ်ကားနှင့် ၂ မျိုးစပ်ကား တရုတ်အစိုးရ ထောက်ပံ့မှု ရပ်ဆိုင်း


လျှပ်စစ်ကားနှင့် ၂ မျိုးစပ်ကား တရုတ်အစိုးရ ထောက်ပံ့မှု ရပ်ဆိုင်း


လျှပ်စစ်ကားနှင့် နှစ်မျိုးစပ် hybrid ကားထုတ်လုပ်မှုအတွက် အစိုးရအထောက်အပံ့ ရပ်ဆိုင်းကြောင်း တရုတ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လျှပ်စစ်ကားနှင့် နှစ်မျိုးစပ် hybrid ကား ကဏ္ဍမှာ ရောင်းအား အခြေအနေ ကောင်းမွန်နေပြီ ဖြစ်လို့ အစိုးရအနေဖြင့် အထောက်အပံ့ ဆက်လက်ပေးအပ်နေဖို့ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထောက်အပံ့ရုပ်သိမ်းမယ့် အစီအစဉ်ကို အသိပေးကြေညာခဲ့ပါတယ်။ အထောက်အပံ့ကြေးကို ၂၀၂၂ နှစ်ကုန်မှာ အပြည့်အဝ မရုပ်သိမ်းခင် ပထမအဆင့်အနေဖြင့်  ၂၀၂၂ နှစ်စပိုင်းမှာ ၃၀% လျှော့ချမှာ ဖြစ်ပါတယ်။
၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း  ကနဦးမှတ်ပုံတင်တဲ့ မော်တော်ယာဉ်တွေ ထောက်ပံ့ကြေး ပေးတော့မှာ မဟုတ်ကြောင်း အသိပေးကြေညာပါတယ်။

 တရုတ်ပြည်တွင်းဈေးကွက်မှာ လျှပ်စစ်နဲ့ ၂မျိုးစပ် ကားရောင်းအား ၂၀၂၁ မှာ ယခင်နှစ်ထက် ၁၀၀% ကျော် များခဲ့ပါတယ်။

လျှပ်စစ်နဲ့ ၂မျိုးစပ် ကားရောင်းအား ဝေစုက ၂၀၁၉ ခုနှစ်မှာ ‌ရောင်းချတဲ့ကားစီးရေ စုစုပေါင်းရဲ့ ၅% သာ ရှိခဲ့ပါတယ်။

 ၂၀၂၂ မှာ ရောင်းချမယ့် ကားစီးရေ စုစုပေါင်းရဲ့ ၁၈% ဟာ စွမ်းအင်သစ် မော်တော်ယာဉ် new-energy vehicle များ ဖြစ်လိမ့်မယ်လို့ တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers (CAAM) က မှန်းဆထားပါတယ်။
တရုတ်အစိုးရရဲ့ မူဝါဒမှာ စွမ်းအင်သစ် မော်တော်ယာဉ်များ  new energy vehicles (NEVs) မှာ - 

  • plug-in electric vehicles 
  • battery electric vehicles (BEVs), 
  • plug-in hybrid electric vehicles (PHEVs) 
  • fuel cell electric vehicles (FCEV)

တို့ အကျုံးဝင်ပါတယ်။

၂၀၂၂ မှာ မော်တော်ယာဉ်စီးရေ ၂၇.၅ သန်း ရောင်းရလိမ့်မယ်လို့ CAAM က ခန့်မှန်းထားပါတယ်။ စီးရေ ၅ သန်းက လျှပ်စစ်နဲ့ ၂မျိုးစပ် ကားတွေ ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်တွင်းကားဈေးကွက် ၃.၁% ကြီးထွားမယ်လို့ CAAM က ခန့်မှန်းထားပါတယ်။
၂၀၁၈ နောက်ပိုင်း ကိုဗစ်ကြောင့် ကျုံ့ဝင်နေခဲ့ရာမှ ၂၀၂၂ မှာ ပြန်ကြီးထွားမှာ ဖြစ်ပါတယ်။

Read 542 times