ဗီယက်နမ်တွင် တတိယမြောက် လျှပ်စစ်ကားကုမ္ပဏီ ထူထောင်


ဗီယက်နမ်တွင် တတိယမြောက် လျှပ်စစ်ကားကုမ္ပဏီ ထူထောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ်၏ တတိယမြောက် လျှပ်စစ်ကားကုမ္ပဏီ ဖြစ်လာမည့် Thai Hung သည် ၎င်း၏ ပထမဆုံးလျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်ပြည်တွင်း ဈေးကွက်အတွက် စတင် ထုတ်လုပ်မည်။

ဇွန်လ ၂၈ ရက်နေ့တွင် ဗီယက်နမ်မှ Thai Binh Hung Thinh ကုမ္ပဏီနှင့် ဂျာမနီမှ Roding Mobility တို့သည် ဗီယက်နမ်နိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ်များနှင့် အသေးစားလျှပ်စစ်ကားများ ထုတ်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

Roding မှ ထုတ်လုပ်သည့် လျှပ်စစ်ကားမော်ဒယ်
Photo: Roding

 

သဘောတူညီချက်အရ Roding သည် နည်းပညာဆိုင်ရာ အကြံပေးမှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရန်နှင့် ပြီးပြည့်စုံသော ထုတ်လုပ်‌ေရးလိုင်းတို့အတွက် တာဝန်ယူမည်ဖြစ်သည်။
နောက်ပိုင်းတွင် နည်းပညာ တစ်ရပ်လုံးကို Thai Hung သို့ ဥရောပစံနှုန်းများအတိုင်း လွှဲပြောင်းပေးမည်ဖြစ်သည်။

 Thai Hung သည် Roding ထံမှ နည်းပညာလွှဲပြောင်းရယူမည်ဖြစ်ပြီး အသေးစားလျှပ်စစ် မော်တော်ယာဉ်များနှင့် အသေးစားလျှပ်စစ်ကားများကို စီးပွားဖြစ်ထုတ်လုပ်ကာ ဗီယက်နမ်ဈေးကွက်သို့ ဖြန့်ဖြူးမည်ဖြစ်သည်။

လျှပ်စစ်ကားများကို Thai Binh ခရိုင်တွင် တည်ရှိသည့် Thai Hung ၏ စက်ရုံတွင်  ထုတ်လုပ်မည်ဖြစ်သည်။

အဆိုပါ စက်ရုံသည် တစ်နှစ်လျှင် ကားအစီးရေ ၁၅,၀၀၀ အထိ ထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ ၅,၀၀၀ ခန့် ထုတ်လုပ်မည်။

Thai Hung ၏ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံအတွက် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။
ပထမဆုံး အသုတ်ကို ၂၀၂၄ ခုနှစ်တွင် စတင်ရောင်းချမည်ဖြစ်သည်။

ရေးဆွဲထားသည့် အစီအစဉ်အရ Thai Hung သည် ကနဦးအဆင့်တွင် မြို့ပြလျှပ်စစ်ကားငယ်များ တီထွင်ဖန်တီးရန် အာရုံစိုက်မည်ဖြစ်သည်။

နောက်တစ်ဆင့်တွင်၊ကုမ္ပဏီသည် လျှပ်စစ်မော်တော်ယာဉ် မော်ဒယ်များကို ထုတ်လုပ်မည်ဖြစ်သည်။

Thai Hung ၏ စက်ရုံသည် ဗီယက်နမ်တွင် တတိယမြောက် လျှပ်စစ်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံဖြစ်လာမည်။
ဗီယက်နမ်တွင် ပထမဆုံး လျှပ်စစ်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသည် ဗီယက်နမ်မှ VinFast ၏ ကားစက်ရုံ ဖြစ်သည်။ ဒုတိယမှာ တရုတ်ပြည်မှ Wuling ဖြစ်သည်။


Roding Mobility ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျာမနီအခြေစိုက် စက်မှုအင်ဂျင်နီယာကုမ္ပဏီတစ်ခု ဖြစ်သည်။
Roding သည် နည်းပညာဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ ပေးဆောင်ခြင်းနှင့် စိမ်းလန်းရေးစွမ်းအင်သုံး ယာဉ်များကို ဒီဇိုင်းဆွဲခြင်းတို့ကိုအထူးပြုလုပ်ကိုင်သည်။

Roding သည် ကားငယ်များမှ ဆီဒင်များ၊ ပြိုင်ကားများနှင့် စူပါကားများအထိ လျှပ်စစ်ကား ရှေ့ပြေးပုံစံများကို ဒီဇိုင်းထုတ်ခဲ့သည့် အတွေ့အကြုများနှင့် တတ်ကျွမ်းမှုများကို ပိုင်ဆိုင်ထားသည်။

Source vietnaminsider
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 531 times