အီးယူတွင် ရောင်းသမျှကားအသစ်တိုင်း မိုင်နှုန်း ထောက်ကူဉာဏ်ရည် ပါရမည်ဟုပြဋ္ဌာန်း


အီးယူတွင် ရောင်းသမျှကားအသစ်တိုင်း မိုင်နှုန်း ထောက်ကူဉာဏ်ရည် ပါရမည်ဟုပြဋ္ဌာန်း

ဥရောပသမဂ္ဂ European Union (EU) မှာ ပြဋ္ဌာန်းထားတဲ့ အထွေထွေ မော်တော်ယာဉ် ဘေးကင်းရေး စည်းမျဉ်းရဲ့ အပိုဒ်တစ်ခုဖြစ်တဲ့ အီးယူတွင် ရောင်းသမျှကားအသစ်တိုင်း မိုင်နှုန်းထောက်ကူ ဉာဏ်ရည် intelligent speed assistance (ISA).ပါရမည်ဆိုတဲ့အချက် ၂၀၂၂ ဇူလိုင်လ ၉ ရက်မှာ စတင်သက်ရောက်ပါတယ်။

အရောင်းပြခန်းတွေမှာ ရောက်ရှိနေတဲ့ ကားအသစ်တွေတော့ အကျုံးမဝင်ပါဘူး။ စက်ရုံမှ ထုတ်လုပ်မယ့် ကားအသစ်များအတွက် ဖြစ်ပါတယ်။

ISA ပါတဲ့အတွက် အကျိူကျေးဇူးက ယာဉ်တိုက်မှုများ လျော့ကျစေသဖြင့် ယာဉ်တိုက်မှုကြောင့် သေဆုံးရတာလည်း လျော့နည်းစေမှာ ဖြစ်ပါတယ်လို့ အီးယူ‌ေကာ်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 Intelligent Speed Assistance (ISA) မိုင်နှုန်းထောက်ကူဉာဏ်ရည်က ကားမောင်းနေတဲ့လမ်းရဲ့ မိုင်နှုန်းကန့်သတ်ချက်ကို သိနိုင်စွမ်း ရှိပါတယ်။

 

ကားမှာ တပ်ထားတဲ့ကင်မရာများဖြင့် မိုင်နှုန်းကန့်သတ်ချက် ဖော်ပြထားတဲ့ ဆိုင်းဘုတ်ကို မြင်ပြီး သိနိုင်ပါတယ်။ GPS ဒေတာအရလည်း ကားရောက်ရှိနေတဲ့နေရာကို သိပြီး digital speed limit maps မြေပုံပါ အချက်အလက်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပြီးတော့လည်း သိနိုင်ပါတယ်။

သိပြီးသွားတဲ့အခါ ISA နည်းပညာက ယာဉ်မောင်းကို မိုင်နှုန်းကန့်သတ်ချက် အသိပေးပြီး သတိပေးပါတယ်။

တကယ်လို့ ကားကို cruise control ဖြင့် မောင်းခိုင်းထားရင် ISA နည်းပညာက cruise control ကို မိုင်နှုန်းကန့်သတ်ချက် အသိပေးပါတယ်။ cruise control က မိုင်နှုန်းကန့်သတ်ချက်ဘောင်အတွင်းမှာ ထိန်းကျောင်းမောင်းနှင်ပေးပါတယ်။ 

ဥရောပမှာ ISA ပါတဲ့ကားတွေ ရှိနေနှင့်ပါပြီ။ လမ်းတွေပေါ်မှာ မောင်းနှင်နေကြပါပြီ။

 

 Honda, Ford, Jeep, Mercedes-Benz တို့ရဲ့ အချို့မော်ဒယ်တွေမှာ ISA တစ်ပါတည်း ပါပြီးသားဖြစ်ပါတယ်။

နောက်နောင်မှာတော့  Intelligent Speed Assistance (ISA) မိုင်နှုန်းထောက်ကူဉာဏ်ရည်က မပါမဖြစ် ပါလာတော့မှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide

Telegram Channel

Source : engadget

https://t.me/Guid4U

Read 363 times