ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ရုံးပိတ်ရက်များတွင် ဆောင်ရွက်ပေးမည်


ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ခြင်းအတွက် ရုံးပိတ်ရက်များတွင် ရုံးဖွင့်လှစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း  

 

 

ကညနတွင် မှတ်ပုံတင်ထားသည့် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး (ပုဂ္ဂလိကလူစီး ယာဉ်များအပါအဝင်) (၃၁.၃.၂၀၂၃)ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင် ရမည်ဖြစ်သော်လည်း ပြောင်းလဲတပ်ဆင်ရန် ယာဉ်အချို့ကျန်ရှိနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလအား ပညာပေးကာလအဖြစ်သတ်မှတ်၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာပေးကာလကျော်လွန် ပါက လိုအပ်သလို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့် မော်တော်ယာဉ်ပိုင်ရှင် များအနေဖြင့် ပညာပေးကာလအတွင်း အချိန်မီအပြီးဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ၂၉.၄.၂၀၂၃ ရက်(စနေနေ့)၊ ၃၀.၄.၂၀၂၃ ရက်(တနင်္ဂနွေနေ့)နှင့် ၁.၅.၂၀၂၃ ရက်(တနင်္လာနေ့)များတွင် (၉:၀၀) နာရီမှ (၁၆:၃၀)နာရီ အတွင်း လုပ်ငန်းပမာဏ များပြားသည့် အောက်ပါရုံးများကို အချိန်ပိုဆင်း၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-

(က) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ 
တိုင်းဒေသကြီးရုံး(ရန်ကုန်)၊ 
တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး)၊ 
ခရိုင်ရုံး(ရန်ကုန်အနောက်ပိုင်း)၊ 
ခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)၊ 
ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၊ 
ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း) ။

(ခ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ 
တိုင်းဒေသကြီးရုံး(မန္တလေး)၊ 
ခရိုင်ရုံး(မန္တလေး တောင်ပိုင်း)၊ 
ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)။

ဖော်ပြပါရုံး (၉)ရုံး၌ ဖောင်းကြွရောင်းချခြင်း၊ ထုတ်ယူခြင်းများကို သီးသန့်ကောင်တာများ ဖွင့်လှစ်၍ အချိန်ပိုဆင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့်ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့် မော်တော်ယာဉ်ပိုင်ရှင်များ အချိန်မီလာရောက်ဆောင်ရွက်နိုင် ပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
 

Read 266 times