ဖောင်းကြွနံပါတ်ပြားအသစ် မေလ ဒုတိယပတ် ဒဏ်ကြေး ကျပ် ၅,၀၀၀ စတင် အရေးယူမည်


ဖောင်းကြွနံပါတ်ပြားအသစ် မေလ ဒုတိယပတ် ဒဏ်ကြေး ကျပ် ၅,၀၀၀ စတင် အရေးယူမည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်နှင့် စပ်လျဉ်း၍  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ကြရန် အများပြည်သူသို့ ထပ်မံအသိပေးနှိုးဆော်ချက်

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မှတ်ပုံတင်မော်တော်ယာဉ်များအားလုံး (၃၁.၃.၂၀၂၃)ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ် ပြောင်းလဲတပ်ဆင်ကြရန်လည်းကောင်း၊ ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့်ယာဉ်များအတွက် ၂၀၂၃ခုနှစ်၊ ဧပြီလအား ပညာပေးကာလ သတ်မှတ်၍ ဆောင်ရွက်ပေးခြင်းကိုလည်းကောင်း အသိပေးနှိုးဆော်ချက်များ ထုတ်ပြန်ပြီး လာရောက်လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင် လက်ခံဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။ ယခုအခါ ပညာပေးကာလကျော်လွန်ပြီဖြစ်ပါသဖြင့် ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲ တပ်ဆင်ရန် ကျန်ရှိသည့်မော်တော်ယာဉ်များနှင့်စပ်လျဉ်း၍ (၁.၅.၂၀၂၃)ရက်နေ့မှစ၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် အောက်ပါအတိုင်း စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်-

(က) မေလ ပထမပတ် (၁.၅.၂၀၂၃ ရက်နေ့မှ ၇.၅.၂၀၂၃ ရက်နေ့အတွင်း ဖောင်းကြွ နံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့်မော်တော်ယာဉ်များအနေဖြင့် အပြီးဆောင်ရွက်စေရန်၊

(ခ) မေလ ဒုတိယပတ် (၈.၅,၂၀၂၃ ရက်နေ့မှ ၁၄.၅.၂၀၂၃ ရက်နေ့)အတွင်း ဖောင်းကြွ နံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်းမရှိသေးသည့် မော်တော်ယာဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် နံပါတ်ပြားမှာယူထားပြီးဖြစ်ကြောင်း အထောက်အထားပြေစာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များအား စစ်ဆေး တွေ့ရှိပါက ဒဏ်ငွေ ၅၀၀ဝိ/-(ကျပ်ငါးထောင်တိတိ)ဒဏ်တပ်ရန်၊

(ဂ) မေလ တတိယပတ် (၁၅.၅.၂၀၂၃) ရက်နေ့မှစ၍ ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲ တပ်ဆင်ခြင်းမရှိသေးသည့် မော်တော်ယာဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နံပါတ်ပြားမှာယူထားပြီးဖြစ်ကြောင်း အထောက်အထား ပြေစာတင်ပြ နိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်(Wheel Tax)ကို သိမ်းယူရန်နှင့် နံပါတ်ပြားအသစ် တပ်ဆင်ပြီးကြောင်း လာရောက်ပြသနိုင်ချိန်တွင် Wheel Tax ပြန်လည်ထုတ်ပေးရန်၊

၃။ သို့ပါ၍ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများသို့ ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြားပုံစံအသစ် အမြန်ဆုံးပြောင်းလဲတပ်ဆင်ကြပါရန် ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 376 times