Neutral Gear N နှင့် မောင်း(ဖရီးရိုက်)ရင် ဆီစား သက်သာ နိုင်မလား


ကားမောင်းနေစဉ် အတွင်း ဆီစား သက်သာဖို့အတွက် ဂီယာကို N မှာထားကာ မောင်းနှင် တတ်ကြပါတယ်။

ယခုလို အပြုအမူမျိုးကို အထူးသဖြင့် Taxi ကားများမှာ မြင်တွေ့ရနိုင်ပါတယ်။ N ဂီယာကို Auto ကားတွေမှာ တပ်ဆင်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ကားပျက်တဲ့အချိန်နှင့် ကားကိုဆွဲလာရတဲ့ အချိန်မျိုးမှာ အသုံးပြုဖို့တပ်ဆင် ထားတာဖြစ်ပါတယ်။ ကားမောင်းနေရင်း ဆီစားသက်သာစေဖို့ အတွက် တပ်ဆင်ထားတာ မဟုတ်ပါဘူး။

ယခုလို ပြုလုပ်လိုက်လို့လည်း သင့်ကား ဆီစားနှုန်း သက်သာ လာမှာ မဟုတ်ပါဘူး။ အခြား တိုင်းပြည်တွေမှာ ကုန်းဆင်းကို N ဂီယာထိုးပြီး ဆင်းလာတာမျိုးကို မပြုလုပ်ရဘူး ဆိုတဲ့ တားမြစ်ချက်တွေ ရှိပါတယ်။

အင်ဂျင်လည်ပတ်နေတာဖြစ်လို့ ဆီစားနှုန်း ကလည်း ထင်သလို သက်သာမှာ မဟုတ်ပါဘူး။ N မှာထားပြီး အင်ဂျင်စက်သတ်လိုက်မယ် ဆိုရင်တော့ ပိုအန္တရာယ် များပါတယ်။ ကားတွေရဲ့ဘရိတ်စနစ်က အင်ဂျင်လည်ပတ်နေတဲ့ အချိန်မှာပဲ ကောင်းမွန်စွာအလုပ် လုပ်တာ ဖြစ်နေလို့ပါ။

အထူးသဖြင့် N မှာထားပြီး ဘရိတ်အုပ်ခြင်းက ဘရိတ်ကို သာမန်အချိန်ထက် ပိုမို အသုံးပြုရ သောကြောင့် ရေရှည်မှာ ဘရိတ်စနစ်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနေစဉ် အတွင်း ဂီယာကို N မှာထား၍ မမောင်းနှင်သင့်ပါဘူး ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။

Credit ; Pyae Phyo Aung

Read 3528 times