မာရူတီ စူဇူကီး အီးဗီအပြင် အခြားစွမ်းအင်သစ် ကားများ ထုတ်လုပ်မည်


မာရူတီ စူဇူကီး အီးဗီအပြင် အခြားစွမ်းအင်သစ် ကားများ ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


အိန္ဒိယကားအသစ်ဈေးကွက်ကို ကြီးစိုးထားသည့် မာရူတီ စူဇူကီး Maruti Suzuki သည် အသစ်ဖွဲ့စည်းထားသော Nexa အရောင်းလမ်းကြောင်းများမှတစ်ဆင့် တန်းမြင့်ကားများကို ရောင်းချပါသည်။

 


ဝန်ထမ်းများသည် ကားဝယ်ရန် ရောက်လာသည့် မေးမြန်းစုံစမ်းသူတို့ကို သီးသန့်အခန်းများတွင် လက်ခံတွေ့ဆုံသည်။ ပေါ့ပေါ့ပါးပါး အစားအသောက်ဖြင့် ဧည့်ခံပြီး စျေးဝယ်အတွေ့အကြုံ အရည်အ‌သွေးကို မြှင့်တင်သည်။

မာရူတီ စူဇူကီးသည် ကားအငယ်စား မော်ဒယ်များ အစဉ်တစိုက် ထုတ်လုပ်ခဲ့ပြီး အိန္ဒိယဈေးကွက်ကို ကြီးစိုးထားခဲ့သည်။ ယခုအခါ ကားအငယ်စား ဈေးကွက်အပိုင်းအကန့်တွင် ရောင်းအား လျော့ကျ
ကျနေသည်။ သို့ဖြစ်ရာ မာရူတီ စူဇူကီးက SUV မော်ဒယ်များ ထုတ်လုပ်ရောင်းချသည်။ တန်းမြင့် ဈေးအမြင့် မော်ဒယ်များကိုလည်း ထုတ်လုပ်ရောင်းချသည်။

 

မာရူတီ အမှုဆောင်ဒါရိုက်တာ Rahul Bharti ကို SUV အငယ်စားမော်ဒယ် Fronx နှင့်အတူ တွေ့ရပုံ

 

"လွန်ခဲ့တဲ့တစ်နှစ်တုန်းက SUV ကဏ္ဍမှာ စျေးကွက်ဝေစု ၇% လောက် ရရှိခဲ့တယ်။ အဆင့် (၅) နေရာမှာတောင် မရှိခဲ့ပါဘူး။ အခု ကျွန်တော်တို့ နံပါတ် (၁) မှာ ရပ်တည်နေပြီး စျေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားပါတယ်" ဟု Bharti မှ ပြောကြားသည်။


 မာရူတီ စူဇူကီးသည် အင်ဂျင်ကားများကို အစားထိုးရန် အီးဗီအပြင် ဟိုက်ဒြိုဂျင်အပါအဝင် အခြားနည်းလမ်းများကိုလည်း သုံးစွဲရမည်ဟု ယုံကြည်သည်။ 
ကြီး‌မား‌ကျယ်ပြန့်သော ဖွံ့ဖြိုးဈေးကွက်ကြီးဖြစ်သည့် အိန္ဒိယအတွက် အီးဗီတစ်ခုတည်းသာ ထုတ်လုပ်ခြင်းသည် မှန်ကန်သော ဖြေရှင်းနည်း မဟုတ်ဟု ယုံကြည်သည်။
 
လာမည့်နှစ်များတွင် အီးဗီ မော်ဒယ်အသစ် ၆ မျိုး ထုတ်လုပ်မည့်  ဂျပန်မော်တော်ကားထုတ်လုပ်သူ Suzuki Motor ၏ အိန္ဒိယလုပ်ငန်းခွဲ Maruti Suzuki က ဟိုက်ဒရိုဂျင်၊ ဖိသိပ် သဘာဝ ဓာတ်ငွေ့ CNG ၊ ဓာတ်ဆီနှင့် အီသနောတို့ ရောနှောထားသည့် လောင်စာဆီအနှော flex fuel ကဲ့သို့သော အခြားလောင်စာများဖြင့် မောင်းနှင်သည့် ကားများ ထုတ်လုပ်ရောင်းချနိုင်အောင် စူးစမ်းလေ့လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 


 

အိန္ဒိယနိုင်ငံ Manesar ရှိ မာရူတီ စူဇူကီး ကားစက်ရုံ

 

 

Maruti သည် လက်ရှိတွင် Haryana ပြည်နယ်ရှိ ကားစက်ရုံနှစ်ခုတွင် မော်တော်ကားများ ထုတ်လုပ်နေပြီး Suzuki သည် ၎င်းရာနှုန်းပြည့် ပိုင်ဆိုင်သည့်  လက်အောက်ခံ Suzuki Motor Gujarat (SMG) က ကားစက်ရုံ တရုံ ပိုင်ဆိုင်သည်။

၂၀၂၄ ခုနှစ် မတ်လတွင် ၎င်းစက်ရုံ ၃ ခုစလုံးကို မာရူတီက လုပ်ကိုင်မည်။
ကားထုတ်လုပ်မှုကို လာမည့်နှစ်များအတွင်း တနှစ်လျှင် အစီးရေ ၄ သန်း ထုတ်လုပ်သည်အထိ တိုးမြှင့်သွားမည်။ လက်ရှိ တနှစ် အစီးရေ ၂ သန်း ထုတ်လုပ်နေသည်ကို ၂ ဆတိုးပြီး  အစီးရေ ၄ သန်း ထုတ်လုပ်နိုင်ရန် အစီးရေ ၁ သန်း ထုတ်လုပ်နိုင်သည့် ကားစက်ရုံ အသစ် ၂ ရုံ တည်ဆောက်လျက် ရှိသည်။

Source  Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1221 times