မန္တလေးမြို့ရှိ သမိုင်းဝင်လမ်းမကြီး (၉) ခု အမည်ပြောင်းမည်


 

မန္တလေးမြို့ရှိ သမိုင်းဝင်လမ်းမကြီး (၉) ခုအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လွှတ်တော် တို့မှ အတည်ပြုဆုံးဖြတ်ပေးပြီးလျှင် ပြန်လည်ပြောင်းလဲသတ်မှတ်ပေးသွားမည်။

မန္တလေးမြို့ရှိ သမိုင်းဝင်လမ်းမကြီး(၉)ခုအား ပြန်လည်ဖော်ထုတ်၍ ဖြည့်စွက်သတ်မှတ်မည်ဆိုပါက အသုံးပြု မည့်လမ်းအမည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော် မှ အတည်ပြုဆုံးဖြတ်ပေးပြီးလျှင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဇွန်(၉)ရက်က ကျင်းပပြုလုပ်သော မန္တလေးတိုင်းဒေသကြီးလွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့) တွင် မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင် က ပြောကြားသည်။
အဆိုပါ သမိုင်းဝင်လမ်းမကြီး(၉) ခုမှာ မန္တလေးမြို့ရှိ (၂၆)လမ်း၊(၈၄)လမ်း၊(၈၀)လမ်း၊(၄၂)လမ်း၊(၃၁)လမ်း၊ ကျုံးတောင်ဘက်ရှိ (၇၃)လမ်း၊ကျုံးအနောက်ဘက်ရှိ (၂၂)လမ်း၊ကျုံးရှေ့ဘက်ရှိ (၁၉)လမ်းနှင့် ကျုံးမြောက်ဘက်ရှိ (၇၆) လမ်းတို့ဖြစ်သည်။
မန္တလေးမြို့ လမ်းနံပါတ်များကို နိုင်ငံတကာအဆင့်မီရန် စနစ်တကျ ပြောင်းလဲတပ်ဆင်နေချိန်တွင် အောင်မြေ သာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး ၏ သမိုင်းဝင် လမ်းမကြီး(၉)ခုအား နဝတခေတ်(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့)မတိုင်မီက ရှိသည့်အတိုင်း ဖြည့်စွက်ပြောင်းလဲသတ်မှတ်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအပေါ် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သမိုင်းဝင်လမ်းမကြီး(၉)ခုနှင့် ပတ်သက်၍ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင် က ဖြေကြားရာတွင် မန္တလေးမြို့ရှိ လမ်းအမည်များအား နံပါတ်ဖြင့် ပြန်လည်သတ်မှတ်ရာတွင်
အရှေ့-အနောက်နှင့်တောင်မြောက် ဖြစ်သော လမ်းသွယ်များအား
သက်ဆိုင်ရာလမ်းများ၏ နံပါတ်နှင့်အတူ A၊B စသည်ဖြင့် သတ်မှတ်ပေးလျက်ရှိပြီး
လမ်းမများကိုမူသိပ္ပံလမ်းမှစ၍မြို့၏ တောင်ဘက်ရှိ အမည်ဖြင့် သတ်မှတ်ထားသော အရှေ့-အနောက်လမ်းများကိုသာ အမည်ထပ်မှုမရှိစေရန် လမ်းနံပါတ်ဖြင့် တိုးချဲ့သတ်မှတ်လျက်ရှိကြောင်း၊
မန္တလေးမြို့ရှိ လမ်းအမည်များ၊ ဝင်းအမည်များ ကွယ်ပျောက်မသွားစေရန် Database အနေဖြင့် ထိန်းသိမ်းထားရှိပြီး နံပါတ်တိုးချဲ့သတ်မှတ်ထားသော လမ်းမများ၏ အမည်များကို ဆက်လက်ဖော်ပြထားကြောင်း၊ သမိုင်းတွင် ပါဝင်သော လမ်းမကြီးများအား ထပ်မံနံပါတ်တပ်သည့်စာရင်းတွင် ပါဝင်ခြင်း မရှိဘဲ မူလအတိုင်းသာ ထားရှိကြောင်း၊
(၂၆)လမ်းသည် ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင် အာဇာနည်(၁၇)ဦး ကျဆုံးခဲ့သည့်အတွက် အာဇာနည်လမ်း ဟုဂုဏ်ပြု သတ်မှတ်ပေး ခဲ့ပြီး
(၈၄)လမ်းအား လွတ်လပ်ရေးရပြီးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဟုလည်းကောင်း၊
ဂျပန်တော်လှန်ရေးခေတ်တွင် ဗိုလ်ဗထူးရုံးထိုင်ခဲ့သော (၄၂)လမ်းအား ဗိုလ်ဗထူးလမ်း ဟု ဂုဏ်ပြုပြောင်းလဲခဲ့ကြကြောင်း၊
လမ်း(၈၀)အား သခင်ဗဟိန်း လမ်းဟု လည်းကောင်း၊
၁၉၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီး အစည်းအဝေးတွင် ရဟန်းရှင်လူနှင့် ပုလိပ်အဖွဲ့တို့ ရုန်းရင်းဆန်ခတ်မှုမှ ပျံလွန်တော်မူခဲ့သည့် ရဟန်းကို အစွဲပြု၍ (၃၁)လမ်းအား အရှင်စန္ဒိမာလမ်း ဟု ဂုဏ်ပြုခဲ့ကြကြောင်း၊
ထို့ပြင် နန်းတွင်း နန်းပြင် ဆက်သွယ်ရန် ကျုံးကို ဖြတ်ကျော်ထားသည့် တံတားများ၏ အမည်များအတိုင်း ကျုံးတောင်ဘက်ရှိ (၇၃)လမ်း အား မင်္ဂလာလမ်း၊
ကျုံးအနောက်ဘက်ရှိ (၂၂)လမ်းအား အာဌဝီလမ်း၊
ကျုံးမြောက်ရှိ (၇၆)လမ်းအား စည်သာလမ်း နှင့်
ကျုံးအရှေ့ဘက်ရှိ (၁၉) လမ်းအား စည်ရှင်လမ်း ဟူ၍
ရတနာပုံခေတ်ကတည်းက အသီးသီးခေါ်ဝေါ်ခဲ့ကြကြောင်း၊
လမ်းနံပါတ်များကို စနစ်တကျပြောင်းလဲတပ်ဆင်နေချိန်တွင်အဆိုပါလမ်း(၉)ခုအား ပြန်လည်ဖော်ထုတ်၍ ဖြည့်စွက် သတ်မှတ် မည်ဆိုပါက အသုံးပြုမည့်လမ်းအမည်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လွှတ်တော် မှ အတည်ပြု ဆုံးဖြတ် ပေးပြီးလျှင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ က မန္တလေးမြို့ရှိ လမ်းများကို စနစ်တကျဖြင့် ရှာဖွေရလွယ်ကူ စေရန်အတွက် လမ်းနာမည်များအား ဂဏန်းများဖြင့် ပြောင်းလဲသတ်မှတ်ပြီး နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီရန် အတွက် Zid Code များဖြင့် ထည့်သွင်းပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)

 

မႏၲေလးၿမိဳ႕ရွိ သမိုင္းဝင္လမ္းမႀကီး (၉) ခု အမည္ေျပာင္းမည္

မႏၲေလးၿမိဳ႕ရွိ သမိုင္းဝင္လမ္းမႀကီး (၉) ခုအား တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္လႊတ္ေတာ္ တို႔မွ အတည္ျပဳဆုံးျဖတ္ေပးၿပီးလွ်င္ ျပန္လည္ေျပာင္းလဲသတ္မွတ္ေပးသြားမည္။

မႏၲေလးၿမိဳ႕ရွိ သမိုင္းဝင္လမ္းမႀကီး(၉)ခုအား ျပန္လည္ေဖာ္ထုတ္၍ ျဖည့္စြက္သတ္မွတ္မည္ဆိုပါက အသုံးျပဳ မည့္လမ္းအမည္မ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ လႊတ္ေတာ္ မွ အတည္ျပဳဆုံးျဖတ္ေပးၿပီးလွ်င္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ဇြန္(၉)ရက္က က်င္းပျပဳလုပ္ေသာ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္(၁၈)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(ပထမေန႔) တြင္ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ က ေျပာၾကားသည္။
အဆိုပါ သမိုင္းဝင္လမ္းမႀကီး(၉) ခုမွာ မႏၲေလးၿမိဳ႕ရွိ (၂၆)လမ္း၊(၈၄)လမ္း၊(၈၀)လမ္း၊(၄၂)လမ္း၊(၃၁)လမ္း၊ က်ဳံးေတာင္ဘက္ရွိ (၇၃)လမ္း၊က်ဳံးအေနာက္ဘက္ရွိ (၂၂)လမ္း၊က်ဳံးေရွ႕ဘက္ရွိ (၁၉)လမ္းႏွင့္ က်ဳံးေျမာက္ဘက္ရွိ (၇၆) လမ္းတို႔ျဖစ္သည္။
မႏၲေလးၿမိဳ႕ လမ္းနံပါတ္မ်ားကို ႏိုင္ငံတကာအဆင့္မီရန္ စနစ္တက် ေျပာင္းလဲတပ္ဆင္ေနခ်ိန္တြင္ ေအာင္ေျမ သာစံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေက်ာ္ဦး ၏ သမိုင္းဝင္ လမ္းမႀကီး(၉)ခုအား နဝတေခတ္(ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕)မတိုင္မီက ရွိသည့္အတိုင္း ျဖည့္စြက္ေျပာင္းလဲသတ္မွတ္ရန္ အစီအစဥ္ရွိ/မရွိ ေမးခြန္းအေပၚ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္ က ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ သမိုင္းဝင္လမ္းမႀကီး(၉)ခုႏွင့္ ပတ္သက္၍ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ က ေျဖၾကားရာတြင္ မႏၲေလးၿမိဳ႕ရွိ လမ္းအမည္မ်ားအား နံပါတ္ျဖင့္ ျပန္လည္သတ္မွတ္ရာတြင္
အေရွ႕-အေနာက္ႏွင့္ေတာင္ေျမာက္ ျဖစ္ေသာ လမ္းသြယ္မ်ားအား
သက္ဆိုင္ရာလမ္းမ်ား၏ နံပါတ္ႏွင့္အတူ A၊B စသည္ျဖင့္ သတ္မွတ္ေပးလ်က္ရွိၿပီး
လမ္းမမ်ားကိုမူသိပၸံလမ္းမွစ၍ၿမိဳ႕၏ ေတာင္ဘက္ရွိ အမည္ျဖင့္ သတ္မွတ္ထားေသာ အေရွ႕-အေနာက္လမ္းမ်ားကိုသာ အမည္ထပ္မႈမရွိေစရန္ လမ္းနံပါတ္ျဖင့္ တိုးခ်ဲ႕သတ္မွတ္လ်က္ရွိေၾကာင္း၊
မႏၲေလးၿမိဳ႕ရွိ လမ္းအမည္မ်ား၊ ဝင္းအမည္မ်ား ကြယ္ေပ်ာက္မသြားေစရန္ Database အေနျဖင့္ ထိန္းသိမ္းထားရွိၿပီး နံပါတ္တိုးခ်ဲ႕သတ္မွတ္ထားေသာ လမ္းမမ်ား၏ အမည္မ်ားကို ဆက္လက္ေဖာ္ျပထားေၾကာင္း၊ သမိုင္းတြင္ ပါဝင္ေသာ လမ္းမႀကီးမ်ားအား ထပ္မံနံပါတ္တပ္သည့္စာရင္းတြင္ ပါဝင္ျခင္း မရွိဘဲ မူလအတိုင္းသာ ထားရွိေၾကာင္း၊
(၂၆)လမ္းသည္ ၁၃၀၀ ျပည့္ အေရးေတာ္ပုံကာလတြင္ အာဇာနည္(၁၇)ဦး က်ဆုံးခဲ့သည့္အတြက္ အာဇာနည္လမ္း ဟုဂုဏ္ျပဳ သတ္မွတ္ေပး ခဲ့ၿပီး
(၈၄)လမ္းအား လြတ္လပ္ေရးရၿပီးခ်ိန္တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဂုဏ္ျပဳေသာအားျဖင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း ဟုလည္းေကာင္း၊
ဂ်ပန္ေတာ္လွန္ေရးေခတ္တြင္ ဗိုလ္ဗထူး႐ုံးထိုင္ခဲ့ေသာ (၄၂)လမ္းအား ဗိုလ္ဗထူးလမ္း ဟု ဂုဏ္ျပဳေျပာင္းလဲခဲ့ၾကေၾကာင္း၊
လမ္း(၈၀)အား သခင္ဗဟိန္း လမ္းဟု လည္းေကာင္း၊
၁၉၂၄ ခုႏွစ္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ညီၫြတ္ေရးအဖြဲ႕ႀကီး အစည္းအေဝးတြင္ ရဟန္းရွင္လူႏွင့္ ပုလိပ္အဖြဲ႕တို႔ ႐ုန္းရင္းဆန္ခတ္မႈမွ ပ်ံလြန္ေတာ္မူခဲ့သည့္ ရဟန္းကို အစြဲျပဳ၍ (၃၁)လမ္းအား အရွင္စႏၵိမာလမ္း ဟု ဂုဏ္ျပဳခဲ့ၾကေၾကာင္း၊
ထို႔ျပင္ နန္းတြင္း နန္းျပင္ ဆက္သြယ္ရန္ က်ဳံးကို ျဖတ္ေက်ာ္ထားသည့္ တံတားမ်ား၏ အမည္မ်ားအတိုင္း က်ဳံးေတာင္ဘက္ရွိ (၇၃)လမ္း အား မဂၤလာလမ္း၊
က်ဳံးအေနာက္ဘက္ရွိ (၂၂)လမ္းအား အာဌဝီလမ္း၊
က်ဳံးေျမာက္ရွိ (၇၆)လမ္းအား စည္သာလမ္း ႏွင့္
က်ဳံးအေရွ႕ဘက္ရွိ (၁၉) လမ္းအား စည္ရွင္လမ္း ဟူ၍
ရတနာပုံေခတ္ကတည္းက အသီးသီးေခၚေဝၚခဲ့ၾကေၾကာင္း၊
လမ္းနံပါတ္မ်ားကို စနစ္တက်ေျပာင္းလဲတပ္ဆင္ေနခ်ိန္တြင္အဆိုပါလမ္း(၉)ခုအား ျပန္လည္ေဖာ္ထုတ္၍ ျဖည့္စြက္ သတ္မွတ္ မည္ဆိုပါက အသုံးျပဳမည့္လမ္းအမည္မ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္လႊတ္ေတာ္ မွ အတည္ျပဳ ဆုံးျဖတ္ ေပးၿပီးလွ်င္ ေဆာင္႐ြက္ေပးသြားမည္ ျဖစ္ေၾကာင္း ေျဖၾကားသည္။
မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ က မႏၲေလးၿမိဳ႕ရွိ လမ္းမ်ားကို စနစ္တက်ျဖင့္ ရွာေဖြရလြယ္ကူ ေစရန္အတြက္ လမ္းနာမည္မ်ားအား ဂဏန္းမ်ားျဖင့္ ေျပာင္းလဲသတ္မွတ္ၿပီး ႏိုင္ငံတကာစံႏႈန္းႏွင့္ကိုက္ညီရန္ အတြက္ Zid Code မ်ားျဖင့္ ထည့္သြင္းေျပာင္းလဲသတ္မွတ္ထားေၾကာင္း သိရသည္။
သန္းေဇာ္မင္း(ျပန္/ဆက္)

Read 25628 times