တာယာများကိုရိုးရိုးလေထိုးခြင်းထက်နိုက်ထရိုဂျင်ဓာတ်ငွေ့ထိုးပေးခြင်းကပိုကောင်းပါသည်။
ပြိုင်ကားများ၊ စစ်တပ်သုံးကားများနှင့်လေယာဉ်ဘီးများတွင်နိုက်ထရိုဂျင်ကိုသာထိုးကြပါသည်။
အာကာသလွန်းပျံယာဉ်များတွင်တောင်တာယာကိုနိုက်ထရိုဂျင်ပဲထိုးပါသည်။
ရိုးရိုးလေထဲတွင်ရေခိုးရေငွေ့များအပြင် နိုက်ထရိုဂျင်(၇၈) ရာခိုင်နှုန်း၊ အောက်စီဂျင်(၂၁)ရာခိုင်နှုန်း၊ အာဂွန်ကာဗွန်ဓာတ်ငွေ့နှင့်အိုဇုန်းတို့ကတော့အနည်းငယ်ရောနှောနေပါသည်။
ရိုးရိုးလေကု Compressor နှင့်ဖိသိပ်ပြီးထိုးပါကရေငွေ့များပါဝင်သောကြောင့်တာယာအတွင်းပိုင်းတွင်စိုထိုင်း နေတတ်ပါသည်။
တာယာဆိုသည်မှာစတီးသံကြိုးမျှင်များနှင့်အထပ်ထပ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။
သံထည်စတီးထည်များကိုသံချေးတက်ပျက်စီးစေခြင်းမှာရေနှင့်ရေခိုးရေငွေ့များဖြစ်ပါသည်။
စတီးကြိုးများအပြင်သံကွေအတွင်းပိုင်းမျက်နှာပြင်နှင့် နှုတ်ခမ်းသားများကိုလည်းရေကသံချေးတတ်စေပါသည်။
နိုက်ထရိုဂျင်ထိုးပါကရေငွေ့မပါနိုင်တော့ပါဘူး။
ဘယ်တာယာပဲဖြစ်ဖြစ် လေထိုးထားရင်ရာဘာသားအတွင်းသားများထဲမှတစ်ဆင့်တဖြည်းဖြည်းစိမ့်ထွက်သွားပါသည်။
အောက်စီဂျင်ကလေယိုစိမ့်တာမြန်ပြီး နိုက်ထရိုဂျင်ထိုးထားပါကကြာကြာခံပါသည်။
နိုက်ထရိုဂျင်ကအောက်စီဂျင်ထက်(၄၀) ရာခိုင်နှုန်းအထိပိုပြီးကြာရှည်ခံပါသည်။
FordMotor နှင့် NHTSA အဖွဲ့တို့၏လေ့လာတွေ့ရှိချက်အရနိုက်ထရိုဂျင်ကပိုပြီးကောင်းတာတွေ့ရှိကြပါသည်။
ရိုးရိုးလေထိုးထားပါကခရီးဝေးမောင်းနှင်သည့်အခါတာယာဘီးများအပူူချိန်မြင့်တက်လာပါသည်။
နိုက်ထရိုဂျင်မှာယင်းကဲ့သို့မဖြစ်ပဲဖိအားတည်ငြိမ်သော်လည်း တာယာတစ်ခုလုံး၏အပူချိန်မြင့်တက်လာပါသည်။
မောင်းနှင်နေရင်းအပူချိန်မြင့်တက်လာပါကတာယာသည်ပွင့်ထွက်သွားတတ်ပါသည်။
နိုက်ထရိုဂျင်ထိုးခြင်းမှာငွေပိုကုန်သော်လည်းသင့်နှင့်သင့်ကားအတွက်လုံခြုံမှုရှိစေပါသည်။
အမြန်လမ်းတွင်ခရီးဝေးသွားမည်ဆိုပါကတာယာဘီများအားလုံးကိုနိုက်ထရိုဂျင်ပဲထိုးသွားသင့်ပါသည်။
သို့သော်လေထိုးဆိုင်တိုင်းတော့နိုက်ထရိုဂျင်မရနိုင်ပါ။
Source:icar