နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ထုတ်လုပ်မှုသည်လည်း သုံးစွဲသူများ စိတ်ကျေနပ်မှုများရရှိစေရန် နည်းလမ်းအသစ်များဖြင့် ထပ်တိုးထုတ်လုပ်လာပါသည်။ယခု Myanmar Automobile Equipment Directory စာဖတ်ပရိတ်သတ်များအတွက် ဖော်ပြပေးမည့်အကြောင့်းအရာမှာ ကားဘီးနှင့်ပတ်သတ်သည့် အမြန်နှုန်းမြင့်မြင့်ဖြင့် ရေစိုလမ်းပေါ်တွင် မောင်းနှင်နိုင်သည့်တာယာအကြောင်းဖြစ်ပါသည်။
ပေါ့ချ် (Porsche) ကားလုပ်ငန်းသည် ချစ်စရာကောင်းသော ဒီဇိုင်းများနှင့် ကားမော်ဒယ် အမျိုးမျိုးကို ထုတ်လုပ်နေပါသည်။ အိမ်သုံးပြိုင်ကားများထုတ်သော ကားလုပ်ငန်းဖြစ်ပါသည်။
စွမ်းရည်အမြင့်မားဆုံး ကားများချည်း ထုတ်လုပ်ပါသည်။ ထိုလုပ်ငန်းတွင် ကိုယ်ပိုင်မူနှင့် သတ်မှတ်ထားသော တာယာစနစ်ရှိပါသည်။ အင်န် N စနစ်ဟု ခေါ်ပါသည်။ ထိုလုပ်ငန်းမှာ ထုတ်လုပ်သောကားကို သူ့စနစ်ကျင့်သုံးသော တာယာတပ်မှ သူစီမံပေးထားသော စွမ်းရည်ကို ပြည့်ပြည့်ဝဝ ရရှိမည်ဖြစ်ပါသည်။
သူ့ကားကို မိုးရေစိုနေသော လမ်းပေါ်တွင် မောင်းနှင်စဉ် ခပ်သွက်သွက် ကွေ့လိုက်၍ နောက်ဘီးများ ကုတ်အား မကောင်းခြင်းကြောင့် ချော်ပြီး ဖင်ရမ်းသွားခြင်းကို ပေါ့ချ်က မနှစ်မြို့ပေ။
နောက်တစ်ချက်မှာ ပေါ့ချ်ကားလုပ်ငန်းရှိရာ ဂျာမနီတွင် အော်တိုဘမ်းဟုခေါ်သော အမြန်မောင်းရသော လမ်းများရှိပါသည်။ သတ်မှတ်မိုင်နှုန်းထက် လျှော့ပြီး မောင်းနှင်ခွင့်မရှိသောလမ်းများဖြစ်ပါသည်။
မောင်းနှင်မှုနှေးလျှင် အရေးယူခံရမည်။
ထိုလမ်းများတွင် ပေါ့ချ်ကို အသားကုန်မောင်းသည့်အခါ တာယာကြောင့် ဘေးဥပဒ်မဖြစ်စေချင်ပေ။ High Speed အမြန်နှုန်းမြင့်မြင့်ဖြင့် ရေစိုလမ်းပေါ် မောင်းနှင်နိုင်ရန် ပေါ့ချ်၏ အင်ဂျင်နီယာများသည် တာယာဒီဇိုင်းထုတ်ပြီး အမျိုးမျိုးစမ်းသပ်ကြည့်ခဲ့ကြပါသည်။ ထိုကဲ့သို့ N စနစ်တာယာများကို ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။