မော်တော်ယာဉ် အာမခံ ပရီမီယံကြေး မိုဘိုင်းအက်ပ်ဖြင့် ပေးသွင်းနိုင်မည်


မော်တော်ယာဉ် အာမခံ ပရီမီယံကြေး မိုဘိုင်းအက်ပ်ဖြင့် ပေးသွင်းနိုင်မည်

မြန်မာ့အာမခံလုပ်ငန်း၌ အသက်အာမခံလုပ်ငန်းနှင့် အထွေထွေအာမခံလုပ်ငန်း နှစ်ရပ်အား ဝန်ဆောင်မှုပေးလျက်ရှိရာ သူတစ်ပါး ထိခိုက်မှုအာမခံနှင့် မော်တော်ယာဉ် အာမခံ ပရီမီယံကြေး ပေးသွင်းရာတွင် ရုံးများသို့ လာရောက်ရန်မလိုဘဲ QR Code နှင့် MPU Card ဖြင့် မြန်မာ့အာမခံလုပ်ငန်း၏ Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်မည်ဟု သိရပါသည်။

မြန်မာ့အာမခံလုပ်ငန်း၏ Mobile Application ကို Myanma Insurance အမည်ဖြင့် Google Play Store နှင့် Apple Store တို့တွင် လွှင့်တင်ထားပါသည်။

Google Play Store

https://play.google.com/store/apps/details?id=com.myanmar_insurance_reactnative&hl=en&gl=US

Apple Store

https://apps.apple.com/mm/app/myanma-insurance/id1574470869

 

 

Read 2768 times