ပြီးခဲ့သည် (၅) နှစ်အတွင်း ဖရီးပါမစ်ဖြင့် ကားအစီးရေ (၃) သိန်းခွဲကျော် တင်သွင်းခဲ့သော်လည်း ယခုနှစ်အတွင်း(၄၁)စီးသာ တင်သွင်းမူရှိကြောင်း မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနသိရသည်။ပြည်ပမှာ မော်တော်ယဉ် တင်သွင်းခွင့် ပြုခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာလာမှစပြီး ၂၀၁၆ ခုနှစ်နှစ်ကုန်အထိ ပါမစ်ထုတ်ပေးခဲ့သည် ကားများထဲတွင် ဖရီးပါမစ်ဖြင့် တင်သွင်းခဲ့သည်ကားစီးရေ သုံး သိန်းခွဲကျော် ရှိခဲ့ကြောင်း သိရသည်။ထိုကာလတွင် ယဉ်အိုယဉ်ဟောင်း အစားထိုး ပါမစ်ဖြင့် တင်သွင်းခဲ့သည် ကားစီးရေ ၂၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ယခုနှစ်တွင်မူ တင်သွင်းခွင့်ရသည် ကားအမျိုးအစားနှင့် မိုဒယ် ကန့်သတ်ချက်များကြောင့် ပြည်ပမှ မော်တော်ယဉ် တင်သွင်းခွင့် ပါမစ် လျှောက်ထားမူလျှော့နည်းသွားပြီး ဖရီး ပါမစ်ဖြင့် တင်သွင်းခဲ့သည်ကားစီးရေ ၁၀၀၀ ကျော်ရှိကြောင်းသိရသည်။
ဒီနှစ်ထဲမှာဖရီး ပါမစ်နှင့် ပါမစ်လျှောက်တာ နည်းသွားပါတယ်။ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်း ဖရီးပါမစ် အစီး သုံးသိန်းခွဲကျော်နဲ့ စလစ်ကပ် အစီးရေ ၂၂၀၀၀၀ ကျော် အတွက် ပါမစ်ထုတ်ပေးခဲ့ပါသည်။နောက်ပြီး ၂၀၁၆ နှစ်ကုန်အထိ အရောင်းစင်တာပြခန်းတွေက ဝယ်ယူခွင့်ပါမစ်လျှောက်တဲ့ အစီး ၅၀၀၀၀ ကျော်ကိုလဲ ပါမစ်ထုတ်ပေးခဲ့ပါသည်။ အရင်နှစ်တွေက ဝယ်ယူခွင့် ပါမစ်ခွင့် ပါမစ် လျှောက်တဲ့ ကားတွေထက် တင်သွင်းခွင့်လျှောက်တာ ပိုများလာကြောင်း သိရသည်။
ယခုနှစ်အစမှ မေလအထိ တတိယပတ်အထိ ပါမစ်လျှောက်ထားသည်စာရင်းအရကားရောင်းပြ ခန်းများမှ အစီးရေ ၂၆၆၈ စီးနှင့် ကားအရောင်းစင်တာများမှ စီးရေ ၂၁၈၀ ရှိကြောင်း သိရသည်။