“အရောင်ရှိသောမှန်” သို့မဟုတ်“ကာလာမှန်”
မြန်မာ။
မြန်မာနိုင်ငံတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ကာလာမှန်သတ်မှတ် ချက်နှင့်ပတ်သက်၍ မြင်နိုင်စွမ်းအား (၆၀) ရာခိုင်နှုန်းနှင့်အထက်ကားများကို ခွင့်ပြုပေးလျှက်ရှိပါသည်။
□ ယင်းသို့ခွင့်ပြုရာတွင် (၁၉၈၉) မော်တော်ယာဉ် နည်းဥပဒေ အခန်း(၃)၊ အပိုဒ်(၄၂)၊ အပိုဒ်ခွဲ(က၊ခ)ပါ
“ မော်တော်ယာဉ်၏ လေကာမှန်သည် ဘေးကင်းမှန် (safety glass) အမျိုးအစား ဖြစ်ရမည့်အပြင် ယာဉ်မောင်းသူအတွက် ကြည်လင်သော မြင်ကွင်းကျယ် ရှိရမည်။
● လေကာမှန်သည် ယာဉ်မောင်းသူ၏ မျက်စိ အာရုံကို အနှောင့်အယှက်ဖြစ်စေမည့် မှန်မျိုး မဖြစ်စေရ။
● မော်တော်ယာဉ်၏ ဘေးမှန်၊ နောက်မှန်များ သည်ဘေးကင်း မှန်အမျိုးအစားဖြစ်ရမည်။”
ဟူသည့် သတ်မှတ်ချက်အတိုင်း ယာဉ်မောင်းနှင့်အတူ အခြား လမ်းအသုံးပြုသူများ အားလုံး အန္တရာယ်ကင်း စေနိုင်စေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိနေပါသည်။
က.ည.န မှယာဉ်များ၏ ကာလာမှန်များကို စစ်ဆေးရာတွင် တိကျသေချာမှု ရှိစေရန်အတွက် Tint Meter (၂) မျိုးကို အသုံးပြုလျှက် ရှိပါသည်။
နိုင်ငံခြားမှတင်သွင်းလာသည့် ကားများအား ကနဦး ယာဉ်စစ်ဆေးချိန်တွင် အချို့သောကားများ၏ မှန်များသည် ခွင့်ပြုနိုင်သည့် သတ်မှတ်ချက် ထက်ကျော်လွန်နေသော sticker များကပ်ထားခြင်း၊အရောင်ရင့်မှန်များ တပ်ဆင်ထားခြင်း တို့ကို စစ်ဆေး တွေ့ရှိရပါသည်။
၂၀၀၉ - ၂၀၁၀ ကာလများအထိ အထက်ပါ အခြေအနေရှိသည့် ကားများကို အချိန်(၃)လပေး၍ sticker ခွာစေခြင်း၊ မြင်နိုင်စွမ်းအား ကောင်းသည့် မှန်များ လဲလှယ်တပ်စေပြီး မှခွင့်ပြုပေးခဲ့ပါသည်။
● သို့သော်အစားထိုးလဲလှယ်ရန် အပိုပစ္စည်းရှားပါးခြင်း၊ ယာဉ်ပြင်ဆင်သည့် အလုပ်ရုံများ၏ ကျွမ်းကျင်မှုအားနည်းခြင်းကြောင့် ယာဉ်ပိုင်ရှင်များ အခက်အခဲ တွေ့ ကြုံရကြောင်း သိရှိရသည့်အတွက် ယင်းပြဿနာကို ကျော်လွှားနိုင်စေရန် က.ည.နမှ ယာဉ်တင်သွင်းခွင့်
ပါမစ်များကို ထုတ်ပေးသည့် အာဏာပိုင်အဖွဲ့အစည်းဖြစ်သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အား မြင်နိုင်စွမ်းအား (၆၀) ရာခိုင်နှုန်းအောက်ရှိသည့် ကာလာမှန်များ တပ်ဆင်ထားသည့်ကားများကို တင်သွင်းခွင့်မပြုပါရန် အကြောင်းကြား ဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်၍ ယခုနောက်ပိုင်းကာလ တွင် တင်သွင်းလာသည့်ကားများသည် မြင်နိုင်စွမ်းအား (၆၀) ရာခိုင်နှုန်း အထက်ရှိသောကားများသာ ဖြစ်ကြကြောင်း တွေ့ရှိရပါသည်။
က.ည.နအနေဖြင့်မိမိဌာန၏ ရည်မှန်းချက်ဖြစ်သော ပြည်သူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး (Road Safety) အတွက် အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူလူထု ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်လိုအပ်မည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ် နည်းများကိုသာ ချမှတ်ကျင့်သုံးနေခြင်း ဖြစ်ပါသည်။
အရောင်ရင့်သော ကာလာမှန်တပ်ဆင်ခြင်း သည်ယာဉ် မောင်းသူ၏မြင်ကွင်းကို အကန့်အသတ်ပြုသည်မှာ အမှန်ပင်ဖြစ် ပါသည်။
☆အထူးသဖြင့် ညဘက်၊ မိုးသည်းထန်ချိန်၊ မြူကျချိန်၊ လမ်းမီးရောင်နည်းပါးသည့်နေရာများတွင် ပို၍ပင်မြင်ကွင်း ကန့်သတ်ချက် ဖြစ်စေပါသည်။
ယာဉ်မြင်ကွင်း ကန့်သတ်ချက်ကြောင့် ယာဉ်ချင်းတိုက်ခိုက်မိခြင်း၊ လမ်းသွားလမ်းလာအား တိုက် ခိုက်မိခြင်းစသည်တို့ဖြစ်ပေါ်ပါက ယာဉ်မောင်းသူအတွက် အန္တရာယ်ရှိယုံသာမက မော်တော်ယာဉ် အတွင်း လိုက်ပါစီးနင်းသူ မိမိ၏ မိသားစုဝင်၊ သူငယ်ချင်းအပေါင်းအသင်းပါ အသက်ဘေးအန္တရာယ် ကြုံရနိုင်ပါသည်။
♡ ယင်းအပြင် စည်းကမ်းလိုက်နာ မောင်းနှင်လာသော အခြားတစ်ဘက်ယာဉ်သာမက ထိုယာဉ်အတွင်း လိုက်ပါလာသော လူများအတွက်လည်း အသက်ဘေး ကြုံတွေ့ရမည်ဖြစ် ပါသည်။
♡ ထို့အပြင် စည်းကမ်းလိုက်နာသော လမ်းသွားလမ်းလာများပါ အန္တရာယ်ရှိသည်ဖြစ်ရာ ယင်းဘေး အန္တရာယ်ဆိုးအား ကြိုတင်ကာကွယ်ရန်အတွက််အရောင်မှန်ကို ထိန်းချုပ်ခြင်းဖြစ်ပါသည်။
အခြားတစ်ခုမှာ မှန်အရောင်ကို အကာအကွယ်ယူ၍ မသမာသူတစ်ချို့မှ ပြစ်မှုကူျးလွန်ခဲ့သည့် အထောက်အထားများရှိခဲ့ရာ ကာလာမှန်အားကန့်သတ်ခြင်းတွင် ယင်းကိစ္စသည် အကြောင်းအချက် တစ်ရပ်ဖြစ်ခဲ့ပါသည်။
■ ယင်းသို့ဆောင်ရွက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် လက်ခံ ကျင့်သုံးလျက်ရှိသည့်ကန့်သတ်ချက်များနှင့်ချိန်ညှိ၍ လုပ်ဆောင်လျက်ရှိနေပြီး မော်တော်ယာဉ်နည်း ဥပဒေများ ပြင်ဆင်ဆောင်ရွက်ချိန်တွင်
ကာလာမှန်အတွက် သတ်မှတ်ချက်အား အခြားနိုင်ငံများနည်းတူ Law and Regulation ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လောလောဆယ်အခြေအနေတွင် မြင်နိုင်စွမ်းအား(၆၀)ရာခိုင်နှုန်းနှင့် အထက်ကိုခွင့်ပြုထားပြီး Law Enforcement အရ ဒေသအာဏာပိုင် များက မေးမြန်းလာသည်များကိုစိစစ်ဖြေကြားပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြလိုက်ရပါသည်။