မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းးဥက္ကဋ္ဌရွေးချယ်တင်မြှောက်


မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ (၂၀၂၁-၂၀၂၃) ခုနှစ် သက်တမ်းအတွက် အသင်းဥက္ကဋ္ဌ အဖြစ် ဦးဇော်ထိုက်အေးအား ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၏ (၂၀၂၁-၂၀၂၃) ခုနှစ် သက်တမ်းအတွက် အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ယနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် အသင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ Electronic Voting စနစ်ဖြင့် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌအဖြစ် ဦးဇော်ထိုက်အေး ရွေးချယ်တင်မြှောက်ခံရပါသည်။
အမှုဆောင်သစ်များရွေးချယ် တင်မြှောက်ပွဲကို နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြပြီး အသင်းသားများ Online မှတစ်ဆင့် အဆင်ပြေစွာမဲပေးနိုင်ရေးအတွက် Opa Vote Secure Online Voting Platform ဖြင့်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ကြသည်။
အမှုဆောင်သစ်များရွေးချယ်တင်မြှောက်ပွဲကော်မရှင်တွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် အတွင်းရေးမှူးအဖြစ် ဦးဆန်းလင်း၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်ကျော်ဝင်း၊ ဦးစိုးနိုင်နှင့် ဦးတင်မြင့်တို့ ဦးစီးပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Read 459 times