၂၀၂၃ ဇန်နဝါရီလ မြန်မာမှာ ကား ၈ စီး ထုတ်လုပ်ခဲ့


၂၀၂၃ ဇန်နဝါရီလ မြန်မာမှာ ကား ၈ စီး ထုတ်လုပ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာဆီယံမော်တော်ယာဉ် အသင်းချုပ် Asean Automotive Federation AAF မှ လစဉ် ထုတ်ပြန်သည့် အချက်အလက် စာရင်းဇယားအရ ၂၀၂၃ ဇန်နဝါရီလတွင် အာဆီယံနိုင်ငံများအနက် ထိုင်းနိုင်ငံသည် မော်တော်ယာဉ်စီးရေ အများဆုံး ထုတ်လုပ်ခဲ့သည့် နိုင်ငံ ဖြစ်ပြီး ၁၆၂,၂၃၇ စီး ထုတ်လုပ်ခဲ့ပါသည်။ 

ဒုတိယ စီးရေအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ၁၃၂,၁၆၃ စီး ထုတ်လုပ်ခဲ့သည်။

မလေးရှားနိုင်ငံသည် တတိယ စီးရေအများဆုံး ဖြစ်ပြီး ၅၈,၅၂၇ စီး ထုတ်လုပ်ခဲ့သည်။

စတုတ္ထစီးရေအများဆုံးမှာ ဗီယက်နမ်နိုင်ငံ ဖြစ်ပြီး ၈,၉၉၈ စီး ထုတ်လုပ်ခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် စီးရေ ၈၈၈,၆ ထုတ်လုပ်ခဲ့ပြီး ပဉ္စမနေရာကို ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံသည် ၂၀၂၃ ဇန်နဝါရီလ ထုတ်လုပ်သည့် မော်တော်ယာဉ်စီးရေသည် ၂၀၂၂ ဇန်နဝါရီလထက် ၉၈.၇% လျော့ကျခဲ့ပြီး ၈ စီးမျှသာ ထုတ်လုပ်ခဲ့ပါသည်။
 ၂၀၂၃ ဇန်နဝါရီလတွင် ကားအသစ် ၁၅၆ စီး ရောင်းချခဲ့ပါသည်။ ၂၀၂၁ ဇန်နဝါရီလတွင် ကားအသစ် ၁,၁၂၅ စီး ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် ယမန်နှစ်ထက် ရောင်းအား ၈၆.၁% လျော့ကျခဲ့ပါသည်။ 

 

Advertisement

Click Here > Super Apollo

မြန်မာနိုင်ငံသည် ၂၀၂၁ တွင် မော်တော်ယာဉ် စီးရေ ၁,၉၈၆ ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ တွင် ၃,၁၇၅ စီး ထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၁ ထက် ၂၀၂၂ ထုတ်လုပ်မှု ၆၂ % မြင့်တက်ခဲ့ပါသည်။ 

ကားအသစ်ရောင်းအားမှာ  ၂၀၂၁ တွင် မော်တော်ယာဉ် စီးရေ  ၉,၃၅၀ ရောင်းချခဲ့ပြီး ၂၀၂၂ တွင်  ၇,၀၆၈ စီး ရောင်းချခဲ့ပါသည်။ ၂၀၂၁ ထက် ၂၀၂၂  ရောင်းအား ၂၄% လျော့နည်းခဲ့ပါသည်။ 

အာဆီယံမော်တော်ယာဉ် အသင်းချုပ် Asean Automotive Federation AAF မှ  ထုတ်ပြန်သည့် ၂၀၂၃ ဇန်နဝါရီလ  ရောင်းအားနှင့် ထုတ်လုပ်မှု စာရင်း၊ ၂၀၂၃ တစ်နှစ်တာ ရောင်းအားနှင့် ထုတ်လုပ်မှု စာရင်းတို့ကို ဖော်ပြအပ်ပါသည်။ 


 

 

 

bn

Read 2931 times