ယာဉ်အပိုပစ္စည်းများနှင့်ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာစက်မှု ကုန်စည်ပြပွဲကြီး


ယာဉ်ပစ္စည်းပိုင်းဆိုင်ရာနယ်ပယ်၏ ပညာရှင်ပေါင်း ၁ သောင်းကျော် တက်ရောက်လေ့လာခဲ ့သော မြန်မာ့အကောင်းဆုံး ယာဉ်အပိုပစ္စည်းများနှင့်ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံတကာစက်မှု ကုန်စည်ပြပွဲကြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်၅နှစ်မြောက်ကျင်းပမည်ဖြစ်သောအကြီးကျယ်ဆုံးသောယာဉ်အပိုပစ္စည်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများဆိုင်ရာနိုင်ငံတကာစက်မှုကုန်စည်ပြပွဲအားနိုဝင်ဘာလ၁၇ရက်နေ ့မှ၁၉ရက်နေ့ အထိ၊Myanmar Event Park (Mindama Rd) တွင် ကျင်းပခဲ့သည်။

တရုတ် ၊ထိုင်ဝမ် ၊ကိုရီးယား၊မလေးရှား ၊စင်ကာပူ ၊ထိုင်း အစရှိသည့် နိုင်ငံ ပေါင်း၁၈ နိုင်ငံမှ ပြခန်းပေါင်း ၂၅၀ ကျော်၏ ကား၊ ဘတ်စ်ကား၊ကုန်တင်ကားနှင့် ပတ် သက် သော ယာဉ်အပိုပစ္စည်း အသစ်ပေါင်းများစွာ ကို ဤကုန်စည်ပြပွဲကြီး တွင် Bus & Truck Myanmar 2017 ပြပွဲကြီးပါ ပါ၀င်ပြီး အပိုပစ္စည်း ရောင်းဝယ်ရေး စင်တာ၊ ၀ပ်ရှော့ ၊ ဆားဗစ် စင်တာ များမှလည်း လုပ်ငန်းအသစ် များစွာ ဖြင့်MYANAUTO’17 ပွဲ တွင်တွေ့ဆုံနိုင်ပါသည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန် ့ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ပံ့ ပိုးကူညီမှုကို ရရှိထားပြီးစတုရန်းပေ ၄၀၀၀ကျော် ကျယ်ဝန်း သော ပြပွဲ ခန်းမ အတွင်း ၌ ကားနှင့်ပတ်သက်သော အပို ပစ္စည်းနှင့် ၀န်ဆောင်မှု ဆိုင်ရာ ကဏ္ဍ မှ ခင်းကျင်း ပြသသွားပါသည်။

ကားဘီး ၊တာယာ၊ ဘရိတ်ဆီ၊ စက်ဆီ၊ ချောဆီ၊ ကားအစိတ်အပိုင်းများ၊ အဲယားကွန်းအစိတ်အပိုင်းများ၊ ကားတွင်တပ်ဆင်သောမီးသီးများ၊ ကားအလှဆင်ပစ္စည်းများ၊ အင်ဂျင်ပစ္စည်းများ၊ ကားမီးနှင့် ကားဂီယာနှင့် အခြားသော အစိတ်အပိုင်းများစွာ ကို ပြသခဲ့ပါသည်။

ထို ့အပြင် MYANAUTO/BUS&TRUCK MYANMAR 2017 ပြပွဲနေ့အတွင်း မော်တော်ယာဉ် မြန်နှုန်းတိုင်းတာခြင်းပြိုင်ပွဲ TOP MECHANIC CHALLENGE 2017 ကိ်ု အမြန်နှုန်းစိန်ခေါ်မှု နှင့် နည်းပညာဆိုင်ရာစိန်ခေါ်မှု များစွာ တို့ကို အတူ တွေ့မြင်ခဲ့ရသည်။

ထိုပြိုင်ပွဲအတွက် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ ဦးမျိုးမြင့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ဦးဆန်းဦး၊ ဦးဟန်ရှိန်၊ ဦးအောင်ကျော်လင်း နှင့် Glory သင်တန်းကျောင်းမှ ဦးအောင်ကြည်မောင် စသည့် ပညာရှင်များအကဲဖြတ်ပေးမည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသူသည် ငွေကျပ်ပေါင်းသိန်း ၄၀ ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကိုလည်းရရှိမည်ဖြစ်သည်။

ပြပွဲတွင် အဓိကပါ၀င်ပြသသော Diamond စပွန်ဆာကုမ္ပဏီကြီးများမှာ  Amici Myanmar Co.,Ltd, Areza Twin Bush Germany, Wolver, Continental, Shell Lubricants , Fuso , Mercedes-Benz,Lyeco နှင့် Zhong Tong Bus ဖြစ်ပြီး Gold Sponsors မှာ Scope Lubricants,Gac Hino နှင့် Silver Sponsors ဖြစ်သော Fb Battery, S One General Trading & Services ,Yuejin , Veam အစရှိသည့် ကုမ္ပဏီကြီးများပင်ဖြစ်သည်။

Read 1066 times