ကားတွေနဲ့ပတ်သတ်ပြီး ဘယ်ကားက ဘယ်ကားထက်သာတယ်ဆိုတာငြင်းတတ်ကြသလို သိလည်းသိချင်ကြပါတယ်။
တကယ်က ကားတစ်မျိုးနဲ့ တစ်မျိုး ယှဉ်ကြည့်ဖို့ဆိုတာတော်တော်မလွယ်တဲ့ ကိတ်စပါ။ နမူနာလေးအနေနဲ့ ကားတစ်စီး ရပ်နေရာကနေ 30 km/h အလျင်ရောက်ဖို့ အချိန်ဘယ်လောက်လိုလဲဆိုတာကိုတွက် ်ကြည့်ရအောင်။ လိုအပ်တဲ့ variable တွေကို အရင်ဆုံးရှာရပါမယ်။ အတိအကျမရှိတာတွေကိုလည်း ယူဆရပါမယ်။ အဲ့မှာကတဲက ကားတစ်စီးနဲ့တစ်စီး နှိုင်းယှဉ်ဖို့ error ရှိနေပါပြီ။
လိုအပ်တဲ့ data တွေကတော့
1. Horse power
2. Torque
3. Car weight
4. First gear ratio
5. Tyre size တို့အကြမ်းဖျဉ်းလိုပါတယ်။
Horse power ကတော့ အမြင့်ဆုံး maximum power ဖြစ်ပြီး Torque ကတော့ ပျမ်းမျှတန်ဖိုးပါ။ အလွယ်အားဖြင့် internet မှာ Japanese car specification တွေကဖော်ပြထားတဲ့ data တွေယူပါမယ်။ car ရဲ့ weight ကတော့ အတိအကျပါ။ gear ratio မှာပြသနာက AT နဲ့ CVT ပါ။ AT မှာ gear ratio အတိအကျရှိပေမယ့် CVT မှာက gear ratio ကို range နဲ့ ပြပါတယ်။ ကားတစ်စီးနဲ့တစ်စီး gearbox မတူတဲ့အတွက် အခုနမူနာမှာ first gear ratio ကို 3 ယူပါမယ်။
chassis SCP90- 2SZ-FE engine တပ် Toyota Vitz ကို အရင်တွက်ကြည့်ပါမယ်။ လိုအပ်တဲ့ data တွေကတော့ HP=87, Torque=86 lb-ft, Weight=2249 lb, first gear ratio=3, tyre= 165/70 R 14 ဆိုတော့ စုစုပေါင်း ဘီးအမြင့် ၂၃ လက်မ။ ကဲ တွက်ကြည့်ရအောင်။
No(1). Torque = 86 lb-ft x 3 (GR) = 258 lb-ft (torque ကို gear ratio နဲ့ မြှောက်ရပါမယ်။ differential (ကရောင်း) ပါရင် အဲ့ differential ရဲ့ gear ratio ပါ ထည့်မြှောက်ရပါမယ်။)
No(2). Torque = Force x distance ပါ။ အဲ့ Force က tangential အားဖြစ်ပြီး distance ကတော့ ဘီး အလည်ဗဟိုကနေ မြေဂျီးနဲ့ ထိတဲ့ အကွာအဝေးပါ။ ကားတစ်စီးနဲ့တစ်စီး tyre size မတူတာနဲ့တင် ယှဉ်ဖို့ ခက်ပါပြီ။ အဲတော့ Force = T / d ပေါ့။ F = 258 lb-ft / 0.96 ft (11.5 လက်မကို ပေပြောင်းပြီး) = 269 lbforce
No(3). Acceleration အရှိန်တွက်ပါမယ်။ F = ma (လူတိုင်းသိပြီးပါ) အဲ့တော့ a=F/m ပါ။ a = 269 lb / 2249 lb = 0.12 ရပါတယ်။ unit ချေဖို့ ကိန်းသေ g နဲ့ မြှောက်ရပါမယ်။ (g = 32.2 ft / square sec ) ။ နောက်ဆုံးအဖြေက a = 3.86 ft/ square sec ပါ။
No(4). အလျှင် 30 km/h အတွက် အချိန်တွက်ပါမယ်။ velocity = a x time ပါ။ time = velocity / a = 27 ft/s (30 km/h) / 3.86 = 6.99 sec ရပါတယ်။ အနှစ်ချုပ်ကတော့ Vitz scp90 second generation (2005-2010) ပုံဟောင်း 1.3L 2WD ကားဟာ 30 km/h ရဖို့ 6.99 second ကြာပါမယ်။
Demio ကိုထပ်တွက်ကြည့်မယ်ဆိုရင်။ Demio သစ်ရွက် DE3FS (2007-2011) 1.3L 2WD အတွက် data တွေကတော့ 92 Hp, Torque 91 lb-ft, weight 2183 lb, GR = 3, tyre 23 inches.
No(1). Torque = 91x 3 = 273 lb-ft
No(2). Force = 273 / 0.96 = 284 lb force
No(3). acceleration = 284 / 2183 = 0.13 g = 4.19 ft/ square sec.
No(4). time = 27 / 4.19 = 6.44 sec.
Demio ပုံပြောင်း (sky active မဖြစ်) DE3FS 1.3 2WD ဟာ 30 km/h ရဖို့ 6.44 second ကြာပါမယ်။
Swift ZC71S k12B အင်ဂျင်သုံး ပုံဟောင်းမှာဆိုရင်လည်း အဖြေအားဖြင့်
1. Torque = 261 lb-ft
2. Force = 272 lb force
3. Acceleration = 3.86 ft/ squ. sec
4. time = 6.99 sec ရပါတယ်။
Colt Z21A 4A90 အင်ဂျင်သုံး ကားအတွက် 6.44 second နဲ့ GE6 ပုံဟောင်း အတွက် 6.35 second အသီးသီးရပါတယ်။ အခုအဖြေတွေအားလုံးက gear ratio 3 နဲ့ tyre 165/70 R 14 ကိုကိန်းသေအနေနဲ့ ယူတွက်ထားတာပါ။ တကယ့် data တွေနဲ့ တွက်ချက်ရင်တော့ အဖြေကွာခြားပါလိမ့်မယ်။
ဒါပေမယ့် တွက်ပုံ တွက်ပုံတွက်နည်း နဲ့ equation တွေကတော့ဒီပုံစံအတိုင်းပါဟု ရေးသားရင်း
Source: Lin Htet (Engineering Explained)