Mustang Mach-E SUV ပေးပို့မှု ရပ်ဆိုင်း၊ ပေးပို့ပြီးသားကားများကို Ford ပြန်ခေါ်ယူ


Mustang Mach-E SUV ပေးပို့မှု ရပ်ဆိုင်း၊ ပေးပို့ပြီးသားကားများကို Ford ပြန်ခေါ်ယူ


Ford သည်  ယာဉ်တိုက်မှု ဖြစ်စေနိုင်သော ဘေးကင်းမှုဆိုင်ရာ ချို့ယွင်းချက် ရှိနေသော လျှပ်စစ်ကား Mustang Mach-E SUV များ ပေးပို့ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ထို့ပြင် ပေးပို့ပြီးသား ကားအစီးရေ ၄၉,၀၀၀  နီးပါးကို ပြုပြင်ပေးရန် ပြန်ခေါ်ယူလျက် ရှိသည်။
Mustang Mach-E SUV များတွင်  ချို့ယွင်းချက်ပါ‌ေန‌ေသာကြောင့် မောင်းနှင်နေစဉ် ပါဝါသေသွားနိုင်ဖွယ် ရှိသည်။

Ford က အရောင်းကိုယ်စားလှယ်များ၏ လက်ထဲတွင်ရှိနေသော Mustang Mach-E SUV များကို ဝယ်သူထံ ပေးပို့ခြင်း မပြုရန် ညွှန်ကြားထားသည်။ ဇူလိုင်လတွင် ပြုပြင်မှု ပြီးစီးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။


အဆိုပါချို့ယွင်းချက်ကြောင့် ဗို့အားမြင့် ဘက်ထရီစနစ်မှ အစိတ်အပိုင်းများ အပူလွန်ကဲပြီး ပါဝါဆုံးရှုံးကာ ပါဝါကုန်သွားနိုင်သည်ဟု Ford က ပြောကြားသည်။ ပါဝါသေသွားသဖြင့် ယာဉ်တိုက်မှုဖြစ်ပွားမည့်အရေး ရှိနေသောကြောင့် ပြုပြင်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ချို့ယွင်းချက် ပါနေသည့်ကား ၄၈,၉၂၄ စီး ရှိပြီး အားလုံးကို အမေရိကန်ဈေးကွက်ထဲတွင် ရောင်းချထားသည်။
ချို့ယွင်းချက်မှာ ဆော့ဖ်ဝဲတွင် ပါနေခြင်းဖြစ်ရာ ဆော့ဖ်ဝဲ ပြုပြင်ရေးသားပြီးပါက အက်တာနက်မှတစ်ဆင့် ကားကွန်ပျူတာများထံ ပို့ပေးပြီး update လုပ်စေမည်ဖြစ်သည်။ update ကို ဇူလိုင်လအတွင်း ဖြန့်ဖြူးပေးမည် ဖြစ်သည်။
update မရသေးခင်မှာ Mustang Mach-E SUV များကို အရောင်းကိုယ်စားလှယ်တို့က ဆက်လက်ရောင်းချနိုင်သော်လည်း ကားအပ်နှံဖို့ကို ဆိုင်းငံ့ထားရန် Ford က ညွှန်ကြားထားသည်။
#MyanmarAutomobileGuide 

Read 983 times