အထပ်မြင့်ကားပါကင်များ ပေါ်ပေါက်လာပုံ



အထပ်မြင့်ကားပါကင် (Multi-storey Car Park) ဆိုသည်မှာ ကားရပ်နားရန်အတွက် အထပ်များ အများကြီး၊ အလွှာများ အများကြီးဖြင့် စီစဉ်ဆောက်လုပ်ပေးထားသော အဆောက်အအုံကို ခေါ်ခြင်းဖြစ်ပါသည်။

Parkade၊ Parking Garage၊ Parking Structure၊ Parking Ramp၊ Parking Building၊ Parking Deck၊ Indoor Parking အစရှိဖြင့် နာမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ပါသည်။

အထပ်မြင့်ကားပါကင် (Multi-storey Car Park) ဆိုသော ဝေါဟာရကို ယူကေ၊ ဟောင်ကောင်နှင့် ဓနသအနောက်ပိုင်းများတွင် Parking Structure ဟု အသုံးများပါသည်။

မြောက်အမေရိကဒေသ၏ နေရာဒေသတချို့တွင် Parking Garage ဟုလည်း အသုံးများပြီး အမေရိကန်ပြည်ထောင်စု တောင်ပိုင်းတွင် Parking Deck၊ အမေရိကန်မြောက်ပိုင်းတွင် Parking Ramp၊ နောက်ကနေဒါနှင့် တောင်အာဖရိကတို့တွင် Parkade အစရှိသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြလေ့ရှိပါသည်။

အထပ်မြင့်ကားပါကင်များ ပေါ်ပေါက်လာသော သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာ့ပထမဦးဆုံး အထပ်မြင့်ကားပါကင်ကို City & Suburban လျှပ်စစ်ရထားလုံးကုမ္ပဏီက လန်ဒန်မြို့လယ်ကောင်တွင် ၁၉၀၁ ခုနှစ်၊ မေလက ဖွင့်လှစ်ခဲ့ပါသည်။

ထိုကားပါကင်တွင် ကားအစီးရေ တစ်ရာ ရပ်နားနိုင်ရန်အတွက် အထပ်မြင့် ခုနစ်ထပ်ပါဝင်ပြီး စတုရန်းပေ ၁၉၀၀၀ ကျယ်ဝန်းပါသည်။

အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး အထပ်မြင့်ကားပါကင်က ၁၉၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဟိုတယ် La Salle ၏ ကားပါကင်ဖြစ်ပြီး ရှီကာဂိုမြို့လယ်တွင် ရှိပါသည်။

၁၉၇၆ ခုနှစ်တွင် ဆန်းသစ်မှုတစ်ခုအဖြစ် အထပ်နှစ်ထပ်ပါ မြေအောက်ကားပါကင်ကို လော့စ်ဇင်းဂျလိစ်မြို့က ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၏ ၁၀ ထပ် အမြင့်ရှိသော လူနေအိမ်ရာအောက်ဘက်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင် Louis Lesser ဆိုသူက ထည့်သွင်းဖန်တီးခဲ့ပါသည်။

ကနေဒါနိုင်ငံ၊ တိုရွန်တိုပြည်နယ်တွင် Nathan Phillips Square ပလာဇာကြီး၏ မြေအောက်တွင် ကာအစီးရေ ၂၄၀၀ ဝင်ဆံ့သော ကားပါကင်ကြီး တစ်ခုကို ဆောက်လုပ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးကားပါကင်ထဲမှတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စု၊ Minnesota ပြည်နယ်၊ Bloomington မြို့က Mall of America တွင် ဈေးဝယ်စင်တာ ကားပါကင်နှစ်ခု ပါဝင်ပါသည်။

ယူကေက စင်တာများတွင် ကားပါကင်နေရာအတော်များများကို အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် စီစဉ်ပေးထားလေ့ရှိပါသည်။

ပုံမှန်အထပ်မြင့် ကားပါကင်အဆောက်အအုံများ၏ မျက်နှာကြက်များသည် သာမန်မျက်နှာကြက်အနေအထားထက် ပိုပြီးနိမ့်သည့်အတွက် ဆိုက်ပြည့် ဗန်ကားများနှင့် ကားအကြီးများ ဝင်၍ မရနိုင်ပေ။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က New Jersey ပြည်နယ်၊ Millburn မြို့က ရှော့ပင်းမောလ်တစ်ခုတွင်  ဖြစ်ပွားခဲ့သော ဓားပြတိုက်မှုတစ်ခုတွင် ကားပါကင်အဆောက်အအုံထဲ လူနာတင်ကားဝင်ရန် ကြန့်ကြာနေခဲ့သည့်အတွက် အမျိုးသားတစ်ဦး သေဆုံးခဲ့ရဖူးပါသည်။

ကားပါကင်များကို ကွန်ကရစ်၊ သံမဏိဖရိမ်စသည်များနှင့် ဆောက်လုပ်ပြီး အလုံပိတ်ကားပါကင် အမျိုးအစားများတွင် အတွင်းလေ လဲလှယ်ရန် စနစ်လိုအပ်ပါသည်။

ထိုမှသာ ကားအိပ်ဇောမှ ထွက်သော မီးခိုးငွေ့များနှင့် အပူငွေ့များ အပြင်ကို ထွက်နိုင်မည်ဖြစ်ပါသည်။

 

Read 769 times