Mud Master C


ဂျပန်ကားကုမ္ပဏီဖြစ်သော Daihatsu ကတောင်တက် စက်ဘီးများကို ထည့်သွင်းသယ်ဆောင်ပြီး တော၊ တောင်တွေအရောက်လမ်းကြမ်းတိုးနိုင်မည့် Concept ကားတစ်စီးကို ၂၀၀၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်ဟု သိရသည်။

Mud Master C အမည်ရှိသောကား၏ ကိုယ်ထည်ကို ကြံ့ခိုင်တောင့်တင်းမှုရှိစေရန် Body-on-frame တည်ဆောက်ပုံနှင့် တည်ဆောက်ထားကြောင်းသိရသည်။

လမ်းကြမ်းမောင်းရန်အတွက် ၁၆ လက်မအရွယ် လမ်းကြမ်းမောင်း off-road တာယာကို အသုံးပြုထားသည်ကို တွေ့ရသည်။

လေးဘီးယက်စနစ်ဖြစ်ပြီး မြေပြင်နှင့် ဝမ်းဗိုက်အကွာအဝေး ၁၄ ဒသမ ၅ လက်မရှိသောကြောင့် လမ်းကြမ်းမောင်းစွမ်းရည်ကို ပိုပြီးပြည့်စုံသွားစေပါသည်။

Body-on-frame တည်ဆောက်ပုံကြောင့် ကားသေးသလိုဖြစ်နေပြီး ပြန့်ပြူးသောပစ္စည်းတင်ကြမ်းပြင် ပါဝင်သောကြောင့် တောင်တက်စက်ဘီးနင်းသူအတွက် အဆင်ပြေစေပါသည်။

ပေါ့ပါးသော သတ္တုပစ္စည်းနှင့် ကားကိုယ်ထည်ကို တည်ဆောက်ထားပြီး စင်ရော်တောင်ပံတံခါးများ ပါဝင်သောကြောင့် စက်ဘီးများကို သုံးဖက်သုံးတန်မှာ ကာထဲအတင်အချလုပ်ဖို့လွယ်ကူစေပါသည်။

Mud Master C ၏ ကားဒီဇိုင်းကို ပရော်ဖက်ရှင်နယ် စက်ဘီးစီးသမားတစ်ဦးဖြစ်သော Raita Suzuku နှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ကားအတွင်းခန်းတွင် ရေစိုခံထိုင်ခုံများပါဝင်ပြီး LCD Screen တစ်ခုလည်းပါဝင်သည်ဟု သိရသည်။

Read 2284 times