MSP Motors မှ Isuzu Brand New Showroom ကို သာကေတ စက်မှုဇုန်တွင် ဖွင့်လှစ်


MSP Motors , Isuzu Brand New Showroom ကို ဒီဇင်ဘာ ၁၂ ရက်က အမှတ်-၂၉၆၊ သာကေတစက်မှုဇုန်၊ ဧရာဝဏ်လမ်း၊ သာကေတမြို့နယ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

MSP Motors မှ ဖွင့်လှစ်ခဲ့ သော Isuzu Car Showroom တွင် Pick-up ကားအမျိုးအစား သုံးမျိုး၊ SUV Wagon ကားများ နှင့်အတူ Isuzu Brand လုပ်ငန်း သုံးကားသစ်များကို ရောင်းချပေး မည် ဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာ ၁၂ ရက်က ဖွင့် လှစ်ခဲ့တဲ့ Isuzu Showroom နဲ့ After-sales Service ကသာ ကေတစက်မှုဇုန်၊ ဧရာဝဏ်လမ်း မပေါ်မှာ တည်ရှိတဲ့အတွက် သီလဝါ စက်မှုဇုန်နဲ့ နီးပါတယ်၊ ကုန်တင် ကားကြီးတွေ တားမြစ်ဇုန်နဲ့ ဝေးတဲ့ နေရာ ဖြစ်တဲ့အတွက်လည်း Customer တွေအနေနဲ့ ကားပြုပြင်မယ် ဆိုရင် သွားလာရလွယ်ကူတဲ့နေရာ ဖြစ်ပါတယ်။

ကားအရောင်းပြခန်း တွင် Pick-up ကားအမျိုးအစား သုံးမျိုးနဲ့ SUV Wagon MU-X ကားအပြင် Payload နှစ်တန်က နေ တန်နှစ်ဆယ်အထိ ကုန်တင် ယာဉ်အမျိုးအစား အစုံကို ပြသ ရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု “MSP Motors Limited”မှ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။

MSP Motors ၏ Isuzu Showroom တွင် Brand New ကားသစ်များဖြစ်သည့် - 

Isuzu D Max Single Cab 4WD ကို အမေရိကန်ဒေါ်လာ ၂၂,၈ဝဝ ၊

Isuzu D Max Single Cab 2WD ကို အမေရိကန်ဒေါ်လာ ၁၉,၈၀၀ ၊

Isuzu D Max Extra Cab V-cross 2.5 L Manual ကို အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ၊

Isuzu D Max Double Cab V-cross 2.5 L Manual ကို အမေရိကန်ဒေါ်လာ ၃၆,၈၀၀ ၊

Isuzu D Max Double Cab V-cross 3.0L Manual ကို အမေရိကန်ဒေါ်လာ ၃၉,၈၀၀ ၊

Isuzu D Max Double Cab V-cross 3.0L Auto Gear of အမေရိကန်ဒေါ်လာ ၄၁,၈၀၀

တို့ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ယခု တစ်ပတ်အတွင်း ဝယ်ယူမည်ဆိုပါ က လက်ရှိပေါက်ဈေးထက် ဈေး သက်သာခွင့်ရရှိမည် ဖြစ်သည်။

MSP Motors ရောင်းချသည့် Isuzu ကားများကို လက်ငင်းစနစ် အပြင် အရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်မည် ဖြစ်ပြီး Pick-up နှင့် Wagon ကားများအတွက် အာမခံ သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ် သိန်း ပေးထားကြောင်း သိရသည်။

 

Read 733 times